cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အာလူး၊ ကြက်သွန်ဖြူတို့၏ စျေးကွက်သုံးသပ်ချက်🧄🧄🥔🥔

. ဈေးကွက်သုံးသပ်ချက်
တရုတ်အာလူး ဝင်ရောက်မှုရှိပေမယ့်လည်း ဒေသထွက်အာလူးကို ဝယ်လိုအားရှိတာကြောင့် စျေးပြန်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ်။
  • အာလူး

    အာလူးကတော့ နိုဝင်ဘာ ၈ ရက်နေ့က စျေးကျသွားခဲ့ပြီး ယခုတစ်ပတ်မှာတော့ အကြော်သီးဆိုဒ် အာလူးအကြီးတွေက စျေးပြန်တက်လာတာတွေ့ရပါတယ်။ တရုတ်အာလူး ဝင်ရောက်မှုရှိပေမယ့်လည်း ဒေသထွက်အာလူးကို ဝယ်လိုအားရှိတာကြောင့် စျေးပြန်တက်လာတာ ဖြစ်တယ်လို့ သိရပါတယ် ။ အာလူး အသေးဆိုဒ်တွေကတော့ စျေးကျပါတယ်။

    နိုဝင်ဘာ ၁၄ ရက်နေ့ ရှမ်းပြည်နယ် အောင်ပန်းကုန်စိမ်းစျေးကွက်မှာ ဖြစ်ပေါ်ခဲ့တဲ့စျေးတွေက မားကစ် S2 / S3 က ၈၀၀၀ ကျပ်၊ မျက်နီ S2 / S1 က ၇၅၀၀ ကျပ်၊ မျက်နီ S1/ OK က ၇၀၀၀ ကျပ်၊မျက်နီ OK က ၆၅၀၀ ကျပ်ရှိလာပြီး တစ်ပိဿာကို ၂၀၀ မှ ၁၀၀၀ ကျပ်အထိ အသီးသီးတက်လာတာဖြစ်ပါတယ်။ ဒေသ A1 က ၃၅၀၀ ကျပ်၊ဒေသ A1ဆွဲ ၃၀၀၀ ကျပ်ရှိပြီး ဂေါ်လီဆိုဒ် ၂၀၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်စီ ကျသွား တယ်လို့သိရပါတယ်။

    ကြက်သွန်ဖြူ

    အရင်တစ်ပတ်က ကျရိပ်ပြခဲ့တဲ့ ရှမ်းဒေသထွက် ကြက်သွန်ဖြူကတော့ ယခုတစ်ပတ်မှာ စျေးပြန်တက်လာတာ တွေ့ရပါတယ်။ ကြူကုတ်ကြက်သွန်ကတော့ အရင်တစ်ပတ်ကစျေးအတိုင်း ငြိမ်နေပါတယ်။ လက်ရှိမှာ တရုတ်ကနေ ကြူကုတ်တွေ ဝင်ရောက်မှုရှိနေသလို ဒေသ ကြက်သွန်လှောင်ထားသူတွေကလည်း ထုတ်ရောင်းချမှု ရှိနေပါတယ်။

    နိုဝင်ဘာ ၁၄ ရက်နေ့ အောင်ပန်းကုန်စည်စျေးကွက်မှာ အောင်ပန်းထူး ၂ က ၃၅၀၀ ကျပ်၊အောင်ပန်းထူး ၃ က ၅၀၀၀ ကျပ်၊အောင်ပန်းထူး ၄က ၆၀၀၀ ကျပ်၊ အောင်ပန်းထူး ၅က ၇၀၀၀ ကျပ် ၊ အောင်ပန်းထူးလွန်က ၈၀၀၀ ကျပ်ဖြစ်ပါတယ်။ လက်လီစျေးကွက်မှာတော့ အမြင့်ဆုံး ၁၄၀၀၀ ကျပ်အထိ စျေးပေါက်နေပါတယ် ။

    ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ ကြူကုတ်တစ်ပိဿာကို ၁၅၀၀၀ ကျပ်မှ ၁၅၅၀၀ ကျပ်နဲ့ တစ်ပိဿာကို ၂၀၀၀ လောက် ဈေးတက်လာပြီး လက်လီစျေးကွက်မှာတော့ တစ်ပိဿာကို ၁၈၀၀၀ ကျပ် လောက်အထိ ရှိနေတယ်လို့ သိရပါတယ် ။

    ( ၁၀. ၁၁.၂၀၂၅ မှ ၁၄.၁၁. ၂၀၂၅ရက်နေ့အထိ စျေးကွက်အခြေအနေ သုံးသပ်ချက်)

    Source: AMIA

    -------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
5
comments
0
views
1115