ကြက်ခြံဆောက်လုပ်ခြင်းဆိုင်ရာ သိကောင်းစရာ
ကြက်တကောင်အတွက် (၂) စတုရန်းပေ လိုပါသည်။ ထို့ကြောင့် မိမိစတင်မွေးမည့်အကောင်ရေ၊ ထပ်မံတိုး ပွားလာမည့်အကောင်ရေပေါ်မူတည်ပြီး ကြိုတင်တွက်ချက်ပြီး ဆောက်လုပ်ရမည်။
အလျား ၂၁ ပေ၊ အနံ ၁၄ ပေ ဆိုပါက ကြက်ငယ်/လတ်/ကြီး အကောင် ၁၀၀ အတွက် လုံလောက်ပါသည်။ (နမူနာကိုကြည့်ပါ။)
ရေမဝပ်သောနေရာတွင် မြေကြီးဖို့ကာ မြေစိုက်မွေး နိုင်ပါသည်။ သို့သော် ရေဝပ်သောနေရာတွင် စင်ဖြင့် မွေးရမည်ဖြစ်သည်။
မြေစိုက်မွေးပါက မြေကြီးမှ အမိုးလက်ခံသည် အနည်းဆုံး (၇) ပေရှိရမည်။
စင်ဖြင့်မွေးပါက မြေကြီးမှကြက်ရှိသော စင်သည် အနည်းဆုံး(၃)ပေရှိရမည်။ စင်မှအမိုးလက်ခံသည် အနည်း ဆုံး (၅) ပေရှိရမည်။
ကြက်အိပ်တန်း၊ ကြက်ဥတင်းများကိုလည်း ကြက်ခြံထဲတွင် ဆောက်လုပ်ထားပေးရမည်။
-----------
မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း
🔗 ဉာဏ်စမ်းဖြေဆိုရန် လင့် - https://htwettoe.com/post/59412
🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com
🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4
🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း