cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရာဇဝင်မသိသော မည်သည့် အသား(ဝက်သား) ကိုမှဝယ်မစားပါနှင့်။

. ဝက်မွေးမြူနည်း
**ရောဂါဖြစ်တဲ့ဝက်သားကို အမြင်နဲ့ကြည့်ပီး ရောဂါပိုးပါမပါ ဘယ်လိုနည်းနဲ့မှ သိနိုင်မှာ မဟုတ်ပါဘူး။ အဲလိုမျိုးဝက်သားကိုဝယ်စားမိပြီဆိုရင် ကိုယ့်အိမ်က ဝက်တွေကို ရောဂါကူးစက်နိုင်ပါတယ်။** ဒါကြောင့်ရာဇဝင်မသိတဲ့ ဘယ်ဝက်သားကိုမှ ဝယ်မစားပါနဲ့လို့ပြောရခြင်းဖြစ်ပါတယ်။
  • ဇီဝလုံခြုံရေးဆိုင်ရာလိုက်နာရမည့်စတုတ္ထအချက် ဖြစ်သည်။

    “ဒီနေရာမှာထင်သာမြင်သာအောင် ဝက်နဲ့ဘဲနမူနာ ပြောပါ့မယ်။ ကျန်တဲ့ အသားတွေလည်း အလားတူပါဘဲ။”

    -ဝက်တစ်ကောင်မှာ ကူးစက်ရောဂါတမျိုးမျိုး ဖြစ်နေပီဆိုရင် ရောဂါဖြစ်လို့ မသေခင်ပေါ်ရောင်းလို့ဖြစ်စေ၊ သေသွားလို့ပေါ်ရောင်းတာဘဲဖြစ်စေ၊ အဲဒီအသား/အဆီ/သွေးထဲမှာ ရောဂါပိုးတွေအများကြီး ရှိနေတတ်ပါတယ်။ အဲဒါကိုဝယ်မိလို့ ခုတ်ထစ်မယ်ဆိုရင်(များသောအားဖြင့် ရေကပြင်က စဥ့်နီတုံးမှာ ခုတ်လေ့ရှိပါတယ်။ အဲဒီနေရာနဲ့ အနီးမှာဘဲ အစာပုံးတွေ၊ ရေပုံးတွေထားတတ်ပါတယ်)။ ခုတ်လို့စင်သွားတဲ့အစအနတွေဟာ ဝက်စာ ကျွေးတဲ့ပုံးထဲရောက်ပြီး အစာကျွေးတဲ့အခါမှာ ရောဂါပိုးတွေပါသွားပြီး စားမိတဲ့ဝက်တွေကို ရောဂါကူးစက်စေပါတယ်။

    -နောက်တခုက ခုနဝက်ကိုခုတ်ထစ်တဲ့လူရဲ့ ခြေ၊လက်၊ဖိနပ်တွေမှာ ရောဂါပိုးတွေ ကပ်ညှိနေမှာပါ။ အဲဒီလူက သေချာ ခြေလက်မဆေးဘဲ ဝက်စာကျွေးဖို့ အစာကိုဖျော်တဲ့အခါမှာ ရောဂါပိုးတွေက အစာထဲရောက်ပြီး ဝက်က စားမိရင် မိမိအိမ်က ဝက်တွေ ရောဂါကူးစက်တော့မှာပါ။

    -ခြံထဲဝင်သွားတဲ့အခါမှာလည်း ဖိနပ်အောက်မှာ ကပ်ညှိနေတဲ့ရောဂါပိုးတွေ ခြံထဲရောက်သွားပြီး အဲဒီကတဆင့် အိမ် ကဝက်တွေကို ရောဂါကူးစက်တော့မှာပါ။

    -များသောအားဖြင့် ဝက်သားကိုင်တာ/ခုတ်တာ၊ ဝက်စာကျွေးတာတွေ လုပ်လေ့ရှိတာက အမျိုးသမီးတွေဘဲ ဖြစ်တဲ့အတွက် ရောဂါဖြစ်တဲ့ဝက်သားကြောင့် ကိုယ့်အိမ်မှာရှိတဲ့ ဝက်တွေကို ကူးစက်နိုင်ခြေရှိတယ်ဆိုတာ မမေ့ပါနဲ့။

    #ပြသနာက ဘယ်သူမဆို ရောဂါဖြစ်လို့ပေါ်တဲ့ ဝက်သားကိုရောင်းရင် အမှန်တိုင်းပြောပြီး မရောင်းပါဘူး။ “မကောင်းလည်း ကောင်းတယ်လို့ပြောမှာ။ မယုံရင် ကြည့်ပါလား၊ အသားက ကောင်းနေတာဘဲလို့ ပြောကြပါလိမ့်မယ်။”

    **ရောဂါဖြစ်တဲ့ဝက်သားကို အမြင်နဲ့ကြည့်ပီး ရောဂါပိုးပါမပါ ဘယ်လိုနည်းနဲ့မှ သိနိုင်မှာ မဟုတ်ပါဘူး။ အဲလိုမျိုးဝက်သားကိုဝယ်စားမိပြီဆိုရင် အပေါ်ကပြောပြ သလိုပါဘဲ။ ကိုယ့်အိမ်က ဝက်တွေကို ရောဂါကူးစက်နိုင်ပါတယ်။**

    -ဒါကြောင့်ရာဇဝင်မသိတဲ့ ဘယ်ဝက်သားကိုမှ ဝယ်မစားပါနဲ့လို့ပြောရခြင်းဖြစ်ပါတယ်။

    -“ရာဇဝင်သိအောင်ဘယ်လိုလုပ်မှာလဲ? အတော်ခက်တဲ့အလုပ်ပါ။” အကောင်းဆုံးကတော့ ကိုယ်ရွာ/ရပ်ကွက်ထဲ ဝက်ပေါ်လို့ လာရောင်းတယ်ဆိုရင်တောင် ဘာကြောင့်ပေါ်တာလဲ၊ ရောဂါဖြစ်လို့ပေါ်တာလား သေချာစုံစမ်းပါ။ ရောဂါတကယ်မဖြစ်တာ သေချာရင်တော့ ဝယ်စားနိုင်ပါတယ်။

    -ရာဇဝင်မသိတဲ့ ဝက်သား(အသား)တွေကို ဝယ်မစားခြင်းအားဖြင့် ကိုယ့်ခြံထဲ ရောဂါ ပိုးမဝင်အောင် တားဆီးနိုင်တာကြောင့် ဇီဝလုံခြုံရေးနှင့်ဆိုင်တဲ့ အချက်ဖြစ်ပါတယ်။

    အားလုံးလိုက်နာဆောင်ရွက်ဖို့ လိုပါအပ်ပါတယ်ခင်ဗျာ...

    ----------

    မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း

    🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com

    🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4

    🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


  • article
likes
13
comments
1
views
1927