cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြေကြီးကရွှေသီးစေဖို့ မြေကြီးကိုပြန်လည်အစာကျွေးကြစို့..

. အပင်အာဟာရ
မြေကြီးကျန်းမာမှ အပင်ကျန်းမာမည်.....အပင်ကျန်းမာမှ အထွက်တိုးလာမည်ဖြစ်သည်ကို အထူးမှတ်သားစေလိုပါသည်။
  • ကျွန်ုပ်တို့လူသားအားလုံးသည် ကမ္ဘာမြေကြီးမှ သဘာဝအတိုင်းဖန်ဆင်းပေးထားတဲ့ အရာများစွာအပေါ်အခြေခံ၍ သီးနှံများစွာစိုက်ပျိုးစားသုံးကာ အာဟာရဓာတ်များ ရယူနေကြလျက် ရှိပါသည်။ ထိုသို့သီးနှံများကို စိုက်ပျိုးထုတ်လုပ်ကြရာတွင် ၎င်းသီးနှံပင်များသည် မြေဆီလွှာအတွင်းမှ မြေအဆီအနှစ်များအား စုပ်ယူသုံးစွဲလေ့ရှိတတ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ လူသားများမှ မြေဆီလွှာ အား အာဟာရဓာတ်များ ပြန်လည်ထည့်သွင်းပေးရန် အထူးလိုအပ်လှပါသည်။ လက်ရှိသုံးစွဲလျက် ရှိကြသော ဓာတ်မြေဩဇာများမှာ မိမိအထွက်တိုးစေရန် သီးနှံများအတွက်သာ ထည့်သွင်းပေးခြင်း ဖြစ်ပြီး ဓာတုပစ္စည်းများအလွန်အကျွံထည့်လာပါက မြေဆီလွှာကို ပိုမိုယိုယွင်းလာစေပါသည်။ မြေဆီလွှာ အာဟာရဓာတ်တွေချို့တဲ့လာ သည့်နောက်ဆက်တွဲပြဿနာမှာ သီးနှံပင်တွေရဲ့ ကျန်းမာ သန်စွမ်းမှုနဲ့ ရှင်သန်မှုကိုပါ ထိခိုက်လာမှာဖြစ်ပါတယ်။ အဘယ်ကြောင့်ဆိုသော ကျန်းမာရေး ချို့တဲ့လာသော မြေကြီးထဲတွင် ရောဂါပိုးမွှားများပိုမိုအားကောင်းလာစေနိုင်ပြီး စိုက်ပျိုးရာသီးနှံများအား ထိခိုက်စေလာပါသည်။  

    မြေဆီလွှာကျန်းမာရေးပြန်လည်ကောင်းမွန်လာနိုင်စေရန် မြေကြီးကို ဘယ်လိုအစာကျွေးကြမလဲ..... 

    မြေကြီးကျန်းမာမှ အပင်ကျန်းမာမည်.....အပင်ကျန်းမာမှ အထွက်တိုးလာမည်ဖြစ်သည်ကို အထူးမှတ်သားစေလိုပါသည်။  

    မြေဆီလွှာကျန်းမာစေဖို့အတွက် သီးနှံတစ်ရာသီစိုက်ပျိုးပြီးချိန်တိုင်း အကျိုးပြုအဏုဇီဝများစွာ ပါဝင်သော သဘာဝအော်ဂဲနစ်ပစ္စည်းတွေကို စိုက်ခင်းထဲ ပြန်လည်ထည့်ပေးဖို့ လိုအပ်ပါတယ်။ အော်ဂဲနစ်ပစ္စည်းဆိုသည်မှာ ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာ အလွယ်တကူရရှိနိုင်တဲ့ မြေဆွေး၊ သစ်ရွက်ဆွေး၊ တိရိစ္ဆာန်ချေး/ကျင်ငယ်ရည်၊ ရိတ်ထားတဲ့မြက်တွေ စတာတွေကို သေချာဆွေးမြေ့စေ၍ စိုက်ခင်းထဲ ပုံမှန် ပြန်လည်ထည့်ပေးခြင်းဖြစ်ပါသည်။ 

    အကျိုးပြုအဏုဇီဝသက်ရှိများ ဆိုသည်မှာ -  

     မြေဆီလွှာတည်ဆောက်ခြင်းတွင်မှာ အဏုဇီဝသက်ရှိများမှာ များစွာအရေးပါလှပါသည်။ ၎င်းသက်ရှိလေးတွေဟာ မျက်စိဖြင့်မမြင်နိုင်သော်လည်း မြေဆီလွှာရဲ့ဖွဲ့စည်းတည်ဆောက်မှုကို ကောင်းမွန်စေခြင်း၊ အာဟာရဓာတ်များကို အပင်မှစားသုံးနိုင်သည့်ပုံစံအဖြစ်သို့ ရရှိစေရန်ဖြိုခွဲပေးခြင်း၊ အပင်၏ အမြစ်များမှ ရေနဲ့ အာဟာရဓာတ်များ စုပ်ယူနိုင်အောင် ကူညီပေးခြင်း၊ မြေဆောင် ရောဂါဖြစ်စေသော သက်ရှိများအားတွန်းလှန်ပေးနိုင်ခြင်း စသည်ဖြင့် ကူညီ လုပ်ဆောင်ပေးနိုင်ပါသည်။ မြေဆီလွှာထဲသို့ သဘာဝအော်ဂဲနစ်ပစ္စည်းတွေ ပုံမှန် ထည့်သွင်းပေးခြင်းသည် အဏုဇီဝ သက်ရှိလေးတွေ တိုးပွားလာစေဖို့အတွက် အထောက်အကူ ပြုစေပါသည်။ ထရိုင်ဂိုဒါးမား ကဲ့သို့သော စျေးကွက်ထဲတွင် အလွယ်တကူ ဝယ်ယူနိုင်သည့် အဏုဇီဝသက်ရှိမှိုများကို မစိုက်ခင် မြေပြင်ချိန်တွင် ထည့်သွင်းပေးခြင်းများလည်း လုပ်ဆောင်ပေး နိုင်ပါသည်။ မိမိဒေသနှင့်ကိုက်ညီသော ဒိုချက်ကင်း မှိုများမွေးမြူခြင်း၍ အသုံးပြုပေးခြင်းများလည်း လုပ်ဆောင်ပေးနိုင်ပါသည်။ 

     ရတနာမှ မျှဝေရေးသားသည်။ 

    ---------  

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
11
comments
0
views
1837