cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရှမ်းပြည်နယ် နိုဝင်ဘာ ၂၂ ရက် မှ နိုဝင်ဘာ ၂၈ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းတွေမှာတော့ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၅၀% ခန့် ရှိနေနိုင်ပြီး ညနေပိုင်း၊ ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ ၁၀၀% ရှိနေနိုင်ပါမယ်။
  • ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ 

    ·          ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ မာလက္ကာရေလက်ကြားတွင် စတင်ဖြစ်ပေါ်လျှက်ရှိသည့် INVEST-95B သည် နိုဝင်ဘာ ၂၂ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်လည်းကောင်း၊ နိုဝင်ဘာ၂၄ ရက်နေ့တွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ် ပိုမိုအားကောင်းလာကာ၊ နိုဝင်ဘာ ၂၆ ရက်မှ ၂၇ ရက်အတွင်း မုန်တိုင်းငယ်၊ ဆိုင်ကလုန်းမုန်တိုင်း SENYAR အဖြစ်ရောက်ရှိလာနိုင်ပါတယ်။ 

    ·          မူလလမ်းကြောင်းကြိုတင်ခန့်မှန်းချက်များအရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဩရိဿပြည်နယ်ကမ်းခြေ Bhubaneshwar မြို့အနီးမှကုန်းတွင်းသို့ဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်းခန့်မှန်းရပါတယ်။ 

    ·          မုန်တိုင်းအကြွင်းအကျန်များဆက်လက်ရွေ့လျားနိုင်မည့်လမ်းကြောင်းအရ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တို့တွင် မိုးအနည်းငယ်ရွာသွန်းနိုင်ပြီး ကျန်ပြည်နယ်/တိုင်းဒေသများတွင် မိုးရွာနိုင်မည့်အခြေအနေမရှိပါ။ 

    ယခု ၁ ပတ်အတွင်း ရှမ်းပြည်နယ်တွင်မိုးရွာသွန်းနိုင်မည့်အခြေအနေ 

    ·          ရှမ်းပြည်နယ်တွင် မိုးရွာသွန်းနိုင်သည့်အခြေအနေမရှိပါ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·          ယခု ၁ ပတ်အတွင်း - ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၃°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၃°C ခန့် ရှိနိုင်ပါတယ်။ 

    ·          ရှမ်းပြည်နယ်တောင်ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၄°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၀°C ခန့် ရှိနိုင်ပါတယ်။ 

    ·          ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၉°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၂၁°C ခန့် ရှိနိုင်ပါတယ်။ 

    ·          ရှမ်းပြည်နယ်တခွင်မှာ ယခု ၁ ပတ်အတွင်း အရှေ့ဘက်နှင့် အရှေ့မြောက်ဘက်အရပ်များမှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၅ မိုင်ခန့်ရှိနိုင်ပါတယ်။ 

    ·          ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၄၀% ဝန်းကျင် ရှိနိုင်ပြီး၊ ညနေပိုင်း/ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ ၈၀% ရှိနိုင်ပါတယ်။ 

    ·          ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းတွေမှာတော့ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၅၀% ခန့် ရှိနေနိုင်ပြီး ညနေပိုင်း၊ ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ ၁၀၀% ရှိနေနိုင်ပါမယ်။ 

    ·          နေ့လည်ပိုင်းလေထုစိုထိုင်းဆမြင့်မားတဲ ဒေသတွေမှာ ခံစားရတဲ့အပူချိန် (Feels Like Temperature) က ၂၈°C ခန့်ရှိနေနိုင်ပါမယ်။ 

    ·          ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရဲ့ လေထုညစ်ညမ်းမှုအခြေအနေ (AQI Value) သည် 50 ရှိနိုင်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မှာ 80 ရှိနိုင်ပါတယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ 30 ဝန်းကျင်သာရှိနိုင်ပြီး လေထုညစ်ညမ်းမှုအညွှန်းကိန်း အနည်းဆုံးဖြစ်ပါမယ်။ 

    ·          ရှမ်းပြည်နယ်တခုလုံးမှာ ယခုတပတ်အတွင်း လေထုညစ်ညမ်းမှုအန္တရာယ် မရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER,  

    ရှမ်းပြည်နယ်အတွင်း မုန်ညင်း/မုန်လာစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    ရှမ်းပြည်နယ်အတွင်း မုန်ညင်း/မုန်လာစိုက်ပျိုးတောင်သူများအနေဖြင့် စိန်ကွက်ဖလံပိုး ကြိုတင်ကာကွယ်နိုင်စေရန် အကြံပြုချက် 

    မုန်ညင်း/မုန်လာများတွင် စိန်ကွက်ဖလံ ပိုးကျရောက်ပါက လောက်ကောင်အဆင့်မှာ အရွက်၏ အပြင် ပိုင်းအလွှာတို့ကို စားသုံးပြီး သေးငယ်သောအပေါက်ငယ်တွေ ဖြစ်ပေါ်လာပါသည်။ လောက်ကောင်ကြီး လာသည်နှင့်အမျှ ပိုကြီးမားတဲ့ အပေါက်တွေ ဖြစ်လာစေကာ အရည်အသွေးကျဆင်းပြီး ရောင်းတန်း မဝင်ခြင်းများဖြစ်ပေါ်စေပါသည်။

    စိန်ကွက်ဖလံပိုးကို ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ - 

    • နိုက်ထရိုဂျင်(ပုလဲ) ပမာဏ အလွန်အကျွံ အသုံးပြုခြင်းကို ရှောင်ပါ။ 
    • ပိုးကျနေသော အရွက်များကို ဖယ်ရှားပါ။ 
    • ခိုအောင်းရာပေါင်းမြက်များအားဖယ်ရှားရှင်းလင်းပေးပါ။ 
    • ဓာတုဆေးများဖြင့် ကာကွယ်နှိမ်နင်းလိုပါက Emamectin Benzorate Lambda cyhalothrin  
    • Indoxacarb၊ Cypermethrin ကဲ့သို့သောဆေးအဆိပ်များပါဝင်သည့် ပိုးသတ်ဆေး တစ်မျိုးမျိုးကို အသုံးပြု၍နှိမ်နင်းနိုင်ပါသည်။ 

     ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် 

    ဒီတစ်ပတ်မှာ အအေးပိုလာနိုင်တာမို့ ငါး/ပုစွန်မွေးတောင်သူကြီးများအနေဖြင့် အောက်ပါအချက်တွေကို ဆောင်ရွက်ဖို့ အကြံပြုလိုပါတယ်ခင်ဗျာ 

    • ငါးများ စိတ်ဖိစီးပြီး ရောဂါဝင်လာနိုင်တာမို့ ခုခံအားကောင်းစေတဲ့ အစာများကျွေးရန်၊ 
    • ဗိုက်တာမင်စီဓါတ်ပါသော အစာများကိုထည့်ကျွေးရန်၊ 
    • အနီစက်ကဲ့သို့သော ဘက်တီးရီးယားရောဂါများကျရောက်လျှင် အစား တစ်ကီလိုဂရမ်တွင် အောက်ဆီ တက်ထွာဆိုဒ်ကလင်း (Oxytetracycline) သို့မဟုတ် အီရီသရိုမိုင်စင် (Erythromycin) သို့မဟုတ် ဆာဖာ မီသောက်ဇိုး (sulfamethoxazole)ကို ၃ ဂရမ်မှ ၅ ဂရမ်အထိ ထည့်ကျွေးပေးရန်၊ 

    ----------- 

    မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း 

    🔗 ဉာဏ်စမ်းဖြေဆိုရန် လင့် - https://htwettoe.com/post/59297 

    🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com 

    🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4 

    🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483 


  • article
likes
6
comments
0
views
7622