cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဒေသကြက်များအတွက် အစာအာဟာရလိုအပ်ချက်🐓 🐣 🐥

. ကြက်မွေးမြူနည်း
ကြက်များအတွက်လည်း အာဟာရလိုအပ်ချက်သည် ကြက်အသက်အရွယ်ပေါ် မူတည်ပါသည်။
  • ·    လွတ်ကျောင်းမွေးမြူသည့် ပုံစံဖြစ်သဖြင့် ကြက်များမှ အပြင်တွင်အစာရှာစားနိုင်သဖြင့် ပိုးကောင်လေးများ၊ တီကောင် အစရှိသည်တို့ကို စားရသဖြင့် အသားဓာတ်အနည်းငယ်ရသကဲ့သို့ အပင်များအရွက်များကိုလည်း စားရသဖြင့် ဗိုက်တာမင်နှင့်သတ္တုဓါတ်ကိုလည်း အနည်းငယ်ရနိုင်ပါသည်။ သို့သော်ကြီးထွားမှုနှင့် ဥများစွာ အုနိုင်ရန် လုံလောက်မှုမရှိပါ။

    ·      ကျေးရွာများတွင်များသောအားဖြင့် ဆန်ကွဲ/စပါးတို့ကိုသာ ကျွေးသဖြင့် တရက်စာလိုအပ်သော အသားဓာတ်၊ ဗိုက်တာမင်နှင့်သတ္တုဓာတ်များ လုံလောက်ခြင်း မရှိပါ။ ထို့ကြောင့် မဖြစ်မနေ ဖြည့်ကျွေးရန် လိုပါသည်။

    ·      သို့သော် လွတ်ကျောင်းမွေးသည့်အတွက် ကြက်အရွယ်စုံသည် အတူတကွ လုယက်စားသောက်မည် ဖြစ်သဖြင့် ကြက်ကြီး/ကြက်လတ်/ကြက်ငယ် ဟူ၍ သီးသန့်ခွဲခြားကျွေးနိုင်ရန် မလွယ်ကူပါ။

    ·      ထို့ကြောင့်အလွယ်ကူဆုံးအကြံပြုလိုသည်မှာ ဥကြက်မအစာစီပီ ၉၂၄ (၁)ဆ၊ ဆန်ကွဲ(၁)ဆ ရောကျွေးပါက အတော်သင့် အဟာရအတွက်လုံလောက်မည်ဖြစ်သည်။ စီပီ ၉၂၄ နှင့်အလားတူ အခြားကုပ္မဏီများမှထုတ်သော အစာကိုလည်း အသုံးပြုပြီး စပ်ကျွေးနိုင်ပါသည်။ သို့မဟုတ် ပဲဖတ်၊ငါးခြောက် စသည့် အသားဓာတ် တမျိုးမျိုးကိုလည်း အသုံးပြုနိုင်ပါသည်။

    ·      ကြက်များကိုအသက်အရွယ်အလိုက်စံနစ်တကျကျွေးမွေးရန်ဖြစ်နိုင်ပါက အောက်ပါအတိုင်း အစာကိုစပ်ပီး ကျွေးနိုင်ပါသည်။ (ကြက်စာစီပီ ၉၂၄ ကိုအသုံးမပြုဘဲ ဝက်စာအစာနှစ် စီပီ ၇၅၁ ကိုအသုံးပြုနိုင်ပါသည်။)

    ----------

    မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း

    🔗 ဉာဏ်စမ်းဖြေဆိုရန် လင့် - https://htwettoe.com/post/59657

    🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com

    🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4

    🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


  • article
  • article
likes
22
comments
1
views
4996