ကြက်ရောဂါများအကြောင်း
၁။ ကူးစက်ရောဂါများ
၂။ ကပ်ပါးရောဂါများ ကိုသာ အများဆုံးတွေ့ရတတ်ပါသည်။
၁။ ကူးစက်ရောဂါများ
· ဗိုင်းရပ်(စ်)ကြောင့်ဖြစ်သော ရောဂါများ
· ဘက်တီးရီးယားကြောင့်ဖြစ်သောရောဂါများဟု ထပ်မံခွဲခြားနိုင်သည်။
ဤနေရာတွင်အနည်းငယ်ရှင်းပြလိုသည်မှာ-ကျေးရွာများတွင် နှစ်စဥ်နီးပါး အိမ်တိုင်းနီးပါးတွင် ကြက်ငယ်၊ ကြက် လတ်၊ ကြက်ကြီး များအားလုံး ရောဂါဖြစ်ပြီး အများအပြားသေဆုံးသည်ကို ကြုံတွေ့ဖူးမည်ဖြစ်ပါသည်။ ထိုသို့ကြက် များ အားလုံးနီးပါးသေဆုံးပါက ကျေးရွာရှိလူများအလွယ်တကူပြောလေ့ရှိသည်မှာ ကြက်နာကျသည်ဟု ပြောလေ့ရှိ ပါသည်။ သို့သော် မိမိမွေးထားသော ကြက်များ (အထူးသဖြင့်ကြက်ငယ်လေးများ) ၃-၄ကောင် တဖြည်းဖြည်း ကုပ်ပြီး သေဆုံးသည်ကိုလည်း ကြုံတွေ့ဖူးမည်ဖြစ်သည်။ ထိုသို့ဖြစ်သောရောဂါများကိုမူ ကြက်နာကျသည်ဟု ပြောလေ့ မရှိပါ။ ထို့ကြောင့် အလွယ်တကူမှတ်သားရန်မှာ- ကျေးရွာတွင် ကြက်များ အုပ်လိုက်သေဆုံးပါက ထိုရောဂါမျိုးကို ကြက်နာကျရောဂါဟုခေါ်ဆိုနိုင်သလို ကြက်အားလုံးတွင် မဟုတ်ဘဲ ၃-၄ ကောင်ခန့်သာ သေဆုံးသည့်ရောဂါများကိုမူ ကြက်နာကျ မဟုတ်သော ရောဂါများ ဟုခေါ်နိုင်ပါသည်။
(က) ဗိုင်းရပ်(စ) ရောဂါများ ( ကြက်နာကျရောဂါ)
· ကြက်များအရွယ်မရွေး အားလုံးနီးပါးရောဂါဖြစ်ကာ အားလုံးနီးပါး သေဆုံးသည့်ရောဂါများဖြစ်သည်။
· ကြက်နာကျရောဂါများဟုခေါ်ဆိုနိုင်သော ရောဂါများသည် ဗိုင်းရပ်(စ်)ကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။
· ကျေးရွာများတွင် အဖြစ်များသော ဗိုင်းရပ်(စ) ရောဂါ (၂) မျိုးရှိပါသည်။
(၁) လည်လိမ်ရောဂါ
(၂) ကြက်ငှက်တုပ်ကွေးရောဂါတို့ ဖြစ်ပါသည်။
ထိုရောဂါ (၂)ခုအနက် ကျေးရွာများတွင် နှစ်စဥ်နှစ်တိုင်းနီးပါးဖြစ်ပွားပြီး သေဆုံးမှုအများဆုံးဖြစ်သည့် လည်လိမ်ရောဂါအကြောင်းကို ဆက်လက်ရှင်းပြပေးမည်။
ဆက်ရန် -
---------
မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း
🔗 ဉာဏ်စမ်းဖြေဆိုရန် လင့် - https://htwettoe.com/post/59812
🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com
🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4
🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း