ပဲခူးတိုင်း - ဒီဇင်ဘာ ၉ ရက် မှ ဒီဇင်ဘာ ၁၅ ရက်အထိ ဖြစ်ပေါ်နိုင်သည့်မိုးလေဝသအခြေအနေများ
ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေထုမငြိမ်မသက် (Atmospheric instabilities) အခြေအနေများ
· ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် လေပွေလှိုင်း 93W သည် အားပျော့ပျက်ပြယ်သွားပြီဖြစ်ပြီး ပြန်လည်စုဖွဲ့ဖြစ်ပေါ်နိုင်သည့် အခြေအနေကို ဆက်လက်စောင့်ကြည့်လျှက်ရှိပါတယ်။ GEPS, GEFS model ကြိုတင်ခန့်မှန်းချက်များအရ လေပွေလှိုင်းဖြစ်ပေါ်နိုင်သည့်အခြေအနေမျှသာ ရှိနိုင်ကြောင်းတွေ့ရပါတယ်။
· ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှ ပင်လယ်ရေမျက်နှာပြင်အပူချိန် 28°C ၊ လေစိုင်ဝဲများဖြစ်ပေါ်နိုင်သည့်အခြေအနေ၊ အားပျော့သည့် လာနီညာ အစွန်းရောက်ရာသီဥတုဆက်လက်တည်ရှိနေဆဲအခြေအနေစသည်တို့ကြောင့် ဒီဇင်ဘာ ၁၅ ရက် မှ ၁၇ ရက်အတွင်း အားနည်းသောလေဖိအားနည်းရပ်ဝန်း-Weak Low-Pressure System ဖြစ်နိုင်သည့်အခြေအနေ (Chance) သည် ၄၀% မှ ၆၀% ခန့်ရှိနိုင်ပါတယ်။
ပဲခူးတိုင်းအတွင်းတွင် ဒီဇင်ဘာ ၉ ရက် မှ ၁၅ ရက်အတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသအခြေအနေများ
· ပဲခူးတိုင်း-အနောက်ဘက်ခြမ်းတွင် တိမ်ကင်းစင်သည့်ရက် ပိုမိုများပြားပြီး တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်မည့်ရက် ၁ ရက်သာရှိနိုင်ပါတယ်။
· ပဲခူးတိုင်း-အရှေ့ခြမ်းတွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်းသည့်ရက် ပိုများနိုင်ပြီး တိမ်လုံးဝကင်းစင်သည့်ရက် မရှိနိုင်ပါ။
· ပဲခူးတိုင်းအရှေ့ပိုင်း တောင်ငူမြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၃၄°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၅°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၄°C ရှိနိုင်ပါမယ်။
· ပဲခူးတိုင်းအရှေ့ပိုင်းက မဒေါက်မြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၃၁°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၇°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၂°C ရှိနိုင်ပါမယ်။
· ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၃၃°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၈°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၃°C ရှိနိုင်ပါမယ်။
· ပဲခူးတိုင်းအနောက်ခြမ်း လက်ပံတန်းမြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၃၁°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၅°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၃°C ရှိနိုင်ပါမယ်။
· ပဲခူးတိုင်းအတွင်း နေ့လည်ဘက် လေထုစိုထိုင်းဆသည် ၄၀% မှ ၆၀% အထိ ရှိနိုင်ပြီး နံနက်ခင်း/ညနေ/ညအချိန်တွေမှာ များစွာကွာဟမှုမရှိပဲ ၇၀% မှ ၈၀% ခန့်ရှိနိုင်ပါမယ်။
· လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI သည် ပဲခူးတိုင်း-အနောက်ခြမ်းမှာ 110 ဝန်းကျင်ခန့်ရှိနိုင်ပြီး၊ ပဲခူးတိုင်းအရှေ့ခြမ်းမှာ 150 ခန့်ရှိနိုင်တာကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးမကောင်းသူများအတွက် အန္တရာယ်ရှိနိုင်သည့်အခြေအနေဖြစ်ပါတယ်။
· ပဲခူးတိုင်းတောင်ဘက် မုတ္တမပင်လယ်ကွေ့အတွင်း လှိုင်းအမြင့်ဆုံး ၁ ပေခန့်ရှိနိုင်ပြီး၊ တောင်ဘက်အရပ်မှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၇ မိုင်ခန့် ရှိနိုင်ပါတယ်။
· ပဲခူးတိုင်းကုန်းတွင်းမှ မြို့နယ်/ခရိုင်များနှင့် ပဲခူးရိုးမတောင်ကြောပေါ်မှာ မြောက်-အရှေ့မြောက်ဘက်အရပ်မှ လေတိုက်နှုန်းအများဆုံး တနာရီ ၅ မိုင်မှ ၁၀ မိုင်ခန့် ရှိနိုင်ပါတယ်။
Win Naing
Administration Team,
MMWEATHER,
ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်
- ငါး/ပုစွန်မွေးတောင်သူကြီးတွေကို ဒီတစ်ပတ်မှာ အောက်ပါအချက်လေး ဆောင်ရွက်ဖို့ အထူးအကြံပေး လိုပါတယ်
- ရာသီဥတုအေးလာပြီဖြစ်၍ အစာပမာဏကို သတ်မှတ်နှုန်းတားအောက်လျော့ကျွေးရန်၊
- မနက်စောစော (နံနက် 9:00 နာရီမတိုင်မီ)နဲ့ ညနေ 4:00 နာရီနောက်ပိုင်းတွင် အစာကျွေးခြင်းကို ရှောင်ရှား ရန်၊
- မနက် 9:00 နာရီနဲ့ ညနေ 4:00 နာရီအတွင်း အစာကျွေးခြင်းကို ဆောင်ရွက်ရန်၊
- ရေချဉ်ဖန်နှုန်း မှန်ကန်နေပါက ငါး၊ ပုစွန်များ အသက်ရှူခြင်း၊ အစာပုံမှန်စားခြင်း၊ ကျန်းမာရေး ကောင်းမွန်ခြင်း နှင့် ကြီးထွားနှုန်းကောင်းခြင်း တွေ့ရပါသည်။
- ထို့ကြောင့် ကန်ရေအရည်အသွေးကို ပုံမှန်စစ်ပေးပြီး ပြုပြင်ပေးရန် လိုအပ်သည်။
------------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း