cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

Organic စိုက်ပျိုးခြံများအတွက် မရှိမဖြစ် ပါဝင်နေတဲ့ တီကောင်လေး (Earthworms)တွေရဲ့ အခန်းကဏ္ဍ

. စိုက်ပျိုးအသိပညာ
ကျန်းမာသန်စွမ်းတဲ့ မြေဆီလွှာ ပိုင်ဆိုင်ထားပြီး အောင်မြင်တဲ့ Organic (အော်ဂဲနစ်) စိုက်ပျိုးရေးခြံ တစ်ခုမှာ မဖြစ်မနေပါဝင်ရတဲ့ တိရစ္ဆာန်လေးတွေကတော့ (Earthworms) တီကောင်လေးတွေပဲ ဖြစ်ပါတယ်။
  • တီကောင် ရှိနေတဲ့ မြေဆီလွှာက မြေဆီဩဇာကောင်းမွန်မယ်၊ အဏုဇီဝ ပိုးမွှား လေးတွေ ရှင်သန်ပေါက်ဖွားတဲ့ အတွက် မြေဆီလွှာကျန်းမာဖို့ အထောက်အကူ အများကြီး ဖြစ်စေပါတယ်။ မြေဆီလွှာဟာ တင်းကျပ်နေမယ်၊ ဇီဝပိုးမွှားလေးတွေနည်းပါးနေမယ်၊ ဓာတုဆေးပစ္စည်းများကြောင့် ပျက်စီးနေမယ်ဆိုရင် တီကောင်လေးတွေဟာ မနေနိုင်တော့ပါဘူး။ မြေဆီလွှာထဲမှာ တီကောင်လေးတွေ အလုပ်ကောင်းကောင်းလုပ်နိုင်ရင် စိုက်ပျိုးခြံတခုလုံး အသီး၊ အပွင့် ဝေဝေဆာဆာနဲ့ ဓါတုဆေး သုံးစွဲမှု လျော့နည်းလာမှာဖြစ်ပါသည်။ တီကောင်လေးတွေ မြေကြီးထဲမှာ ရှိနေမယ်ဆိုရင် - 

    (၁) မြေဆီလွှာဖွဲ့စည်းပုံကို တိုးတက်စေသည်။ 

    မြေဆီလွှာထဲမှာ တီကောင်လေးတွေ လှုပ်ရှားသွားလာရာကနေ ‌လမ်းကြောင်းများဖန်တီးပေးပြီး မြေဆီ လွှာ အလွှာတင်းကျပ်မှုကို ဖြေလျော့စေပါတယ်။ ဒီလို လေဝင်လေထွက်ကောင်းသော လမ်းကြောင်း တွေကြောင့် အပင်ရေသောက်မြစ်များ အလွယ်တကူဆင်းနိုင်ပြီး မြေအောက်ပိုင်းထိ စိမ့်ဝင်နိုင်စေပါ တယ်။ အမြစ်များ၏ ကုပ်တွယ်အားကြောင့် မိုးရွာသွန်းချိန် မြေဆီလွှာ တိုက်စားမှု လျော့နည်းစေပြီး ရေခမ်းခြောက်ဒဏ်ကို ခံနိုင်စွမ်းမြင့်စေပါတယ်။ 

    (၂) အာဟာရဓါတ်ကြွယ်ဝသော တီကောင်စွန့်ပစ်ပစ္စည်းများရရှိစေသည်။ 

    တီကောင်မှ ရရှိသော တီကျစ်စာခဲလေးများသည် အပင်အတွက်လိုအပ်သည့် အာဟာရများကို ဖြည့်စွမ်း ပေးနိုင်သည့် အဖိုးတန် သဘာဝမြေဩဇာဖြစ်ပါသည်။ အပင်မှ ချက်ခြင်းသုံးစွဲနိုင်သည့် (Nitrogen, Phosphorus, Potassium) နှင့် အနည်းလို အာဟာရဓါတ်များ ပါဝင်သောကြောင့် အပင်များ ကျန်းမာရေးကောင်းမွန်စေပြီး ၊ ရောဂါကျရောက်မှုဒဏ် ခုခံနိုင်စွမ်း မြင့်လာသည့်အတွက် အထွက်နှုန်း များ ကောင်းမွန်စေပါသည်။  

    (၃)မြေဆီလွှာအတွင်း သဘာဝဇီဝလှုပ်ရှားမှုကို တွန်းအားပေးသည်။ 

    မြေအောက်မြေဆီလွှာ ကောင်းမွန်ဖို့အတွက် အကျိုးပြု မှို၊ ဘတ်တီးရီးယား၊ ဇီဝပစ္စည်းငယ်များ မြေကြီးထဲမှာ အသက်ရှင်နေထိုင်ဖို့လိုပါတယ်။ တီကောင်လေးတွေက ဒီလို အကျိုးပြု သက်ရှိလေးတွေရဲ့ ‌ဂေဟ စနစ်ကို ထိန်းသိမ်းပေးတဲ့ နေရာမှာအဓိက ပါဝင်ပါသည်။ သက်ရှိဇီဝကမ္မ ဖြစ်စဉ်ကြောင့် အော်ဂဲနစ် ပစ္စည်းများဖြိုခွဲခြင်းကို မြန်ဆန်စေခြင်း ၊ အပင်မှရောဂါဒဏ်ကို ခုခံတွန်းလှန်ရာတွင် အထောက်အပံ့ပေးခြင်းဖြင့် သဘာဝဇီဝလှုပ်ရှားမှုကို မြှင့်တင်ပေးပါသည်။ 

    (၄) မြေကြီး အစိုဓါတ် ဖန်တီးရာတွင် အထောက်အကူဖြစ်စေသည်။ 

    မြေကြီးအတွင်း အစိုဓါတ် ဟာ မြေဆီလွှာကာလရှည်ထိ အာနိသင်ရှိစေဖို့ အရေးကြီး ပါသည် ။ တီကောင် တွေက ဆွေးမြေ့နေသော သစ်ရွက်ကြွေများ ၊ ပင်ကြွင်းပင်ကျန်များ ကို အသုံးပြု၍ မြေကြီးအစိုဓါတ်ကို ထိန်းသိမ်းပေးရန် ကူညီပေးပါသည်။  

     (၅) မြေဆီလွှာစိုထိုင်းမှုမြှင့်တင်ပြီး မြေဆီလွှာတိုက်စားမှု လျော့နည်းစေသည်။ 

    တီကောင်လမ်းကြောင်းလေးတွေဟာ မြေအောက်ထဲမှာ သေးငယ်တဲ့ ရေစီးကြောင်းလို တည်ဆောက် ပေးပါတယ်။ မြေအောက်ထဲ စိမ့်ဝင်လာသော ရေများဟာ ရေစီးကြောင်းအတိုင်း စီးဆင်းသောကြောင့် မြေဆီလွှာတိုက်စားမှုကို လျော့နည်းစေပါသည်။  

    (၆) ဓါတ်မြေဩဇာအသုံးပြုမှုကို လျော့နည်းစေသည်။ 

    တီကောင်လေးတွေက သဘာဝအတိုင်း အာဟာရဓာတ်တိုးပွားမှုတွေ လုပ်ပေးတဲ့အတွက်မိမိ၏ စိုက်ပျိုး ရေးခြံထဲမှာ တီကောင်လေးတွေ များများနေထိုင်နိုင်သည့် ပါတ်ဝန်းကျင်လေး ဖန်တီးပေးထား မယ်ဆိုရင် ဝယ်ယူသုံးစွဲနေရသည့် ဓါတ်မြေဩဇာ ပမာဏကို လျော့နည်းစေပါတယ်။  

    တီကောင်လေးများ မြေကြီးထဲမှာ နေနိုင်အောင် ဘယ်လိုလုပ်မလဲ? 

    • မြေဆွေးဖြည့်ပေးခြင်း ၊ မြေဖုံးပင်လေးတွေ စိုက်ပေးခြင်း နှင့် ဇီဝပစ္စည်းများ (EM,Trichoderma) မကြာခဏ ဖြည့်ပေးရန်။ 
    • ဓါတု(ပိုးသတ်ဆေး ၊ မြေဩဇာ) နှင့် ပေါင်းသတ်ဆေး အသုံးပြုမှုအား တက်နိုင်သမျှလျော့သုံးပါ။ 
    • မြေဆီလွှာကို ကောက်ရိုးများ ၊ သစ်ရွက်များ ၊ အပင်များ ဖြင့်ဖုံးထားပေးပါ။ 
    • မြေယာထွန်ယက်ခြင်း ကို အနည်းဆုံးထားပြီးလုပ်ဆောင်ပေးပါ။ 
    • မြေကြီး အစိုဓါတ်ကို ထိန်းထားပေးပါ။  

    မြေအောက်မှာ နေထိုင်သော အကောင်သေးသေးလေး များဖြစ်သော်လည်း မြေဆီလွှာ တည်ဆောက်ပုံ တိုးတက်စေခြင်း၊ မြေဆီလွှာအာဟာရဓာတ်အား တိုးမြှင့်ပေးခြင်း၊ မြေထဲတွင် အသက်ရှင်နေထိုင်သော အကျိုးပြု မှို ၊ ဘက်တီးရီးယားတို့၏ ဇီဝကမ္မ ဖြစ်စဉ် ကို ထောက်ပံ့ ပေးခြင်းတို့ကြောင့် တီကောင် (Earthworms) များသည် အော်ဂဲနစ် စိုက်ပျိုးခြံများအတွက် မရှိမဖြစ်လိုအပ်သောမိတ်ဖက်များဖြစ်ကြပါသည်။ 

    ကျန်းမာသန်စွမ်းသော မြေဆီလွှာက အသက်ရှင်သောမြေ ဖြစ်ပြီး၊ တီကောင် (Earthworms) များ ကောင်းစွာနေထိုင်နိုင်သည့် မြေကြီးကတော့ အာဟာရဓါတ်ပြည့်ဝနေကြောင်း ပြောပြနေတဲ့ သင်္ကတ တခုပဲ ဖြစ်ပါတယ် 

    https://www.linkedin.com/posts/organic-consumers-association-of-australia_why-earthworms-matter-in-organic-gardening-activity မှ ကူးယူဖော်ပြပါသည်။ 

    --------------- 

     ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
3
comments
0
views
808