cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဇီးဝက်မသားပေါက်ရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် သားပေါက်ချိန်တွင် သတိပြုရန်အချက်များ

. ဝက်မွေးမြူနည်း
· ဝက်မသည် ဇီးလွယ်ကာလ ၁၁၃-၁၁၆ ရက်ပြည့်ကျော်ပါက သားပေါက်လေ့ရှိပါသည်။

· ဝက်မသားမပေါက်ခင် တပတ်အလိုတွင် ကျွေးလေ့ရှိသောအစာကို အပြည့်အဝမကျွေးဘဲ အစာ၏ ၇၅% ကိုသာ ကျွေးပါ။ အစာစိမ်းတိုးကျွေးပေးပါ။
  • ·      ဝက်မသားပေါက်ရန် အလွန်နီးသောအချိန်တွင်ဖြစ်စေ၊ သားပေါက်တန်းလန်း ဖြစ်နေသောအချိန်တွင် ဖြစ်စေ ဝက်မ လန့်မသွားစေရန် အထူးဂရုစိုက်ပါ။ မကြာမကြာလန့်ပါက ပေါက်လာသော ဝက်ကလေးများကို ကိုက်ခြင်း၊ လူကိုကိုက်ခြင်း၊ နို့မတိုက်ခြင်း၊ နို့မထွက်ခြင်း၊ နို့ထွက်နည်းခြင်း၊ များဖြစ်တတ်သည်။

    ·      ဝက်ကလေးတကောင် ထွက်လာပြီး ချက်ကြိုးပြတ်သွားပါက ဝက်မကြီးနို့ကို ပေးစို့ပါ။ ပေါက်ကောင်များ လာမှ အရင်ပေါက်သော ဝက်ကလေးများကို ကောက်ရိုး/အဝတ် ခင်းထားသောတောင်း၊ သေတ္တာထဲသို့ ထည့်ပြီး အားလုံး ပေါက်လို့စုံမှ အားလုံးကို ချပြီးနို့တိုက်ပါ။

    ·      ဝက်ကလေး ၁ကောင်ဖြစ်စေ၊၂ကောင်ဖြစ်စေ ထွက်လာပြီး နောက်တကောင် ထပ်ထွက်ရန် စောင့်ရင်း နာရီဝက်ကြာသော်လည်း မထွက်လာပါက လက်ဆေးကာ ဆီသုတ်ပြီး မွေးလမ်းကြောင်းအတိုင်း နှိုက်မွေးပေးပါ။ စမ်းမိပါက အလိုက်သင့် ဆွဲထုတ်ပေးပါ။ စမ်းသော်လည်းမရှိပါက နောက်ထပ်နာရီစောင့်ပီး တခါပြန်နှိုက်ကြည့်ပါ။ ရှိလျှင် နှိုက်ထုတ်ပါ။

    ဝက်မသားပေါက်ချိန်တွင် အထူးသတိပြုသင့်သည့်အချက်များ

    ·      ဝက်မ သားပေါက်ချိန်နီးနေသည့်အချိန်၊ ဝက်မ သားပေါက်တန်းလန်း ဖြစ်နေသည့်အချိန်များတွင်  ဝက်မ မလန့်သွားစေရန်သတိပြုပါ။

    ·      ဝက်မ သားပေါက်ရာတွင် ဝက်ကလေးများကို တောင်းထဲထည့်ပီး အားလုံးစုံမှ နို့တိုက် ခြင်း မပြုသင့်ပါ။

    နို့တိုက်ဝက်မကို ပြုစုမွေးမြူခြင်း

    ·      ဝက်မသားပေါက်ပီး ၁-၃ရက်အတွင်း အစာပုံမှန်စားမစားကို လေ့လာအကဲခပ်ပါ။ ပုံမှန်စားပါက ပူစရာမလို သော်လည်း အစာလုံးဝမစားခြင်း၊ အနည်းငယ်သာ စားပါက တတ်ကျွမ်းသူကိုခေါ်ပြီး ဆေးကုပါ။

    ·      ဝက်ကလေးများကို ၁လခွဲနို့တိုက်ပြီးမှ သားခွဲပါ။ ဝက်မကြီး သိပ်ပိန်ပါက ၁လ အထိနို့တိုက်ပြီး သားခွဲပါ။

    ·      ဝက်မသားခွဲပြီးနောက်ပိုင်း သားပြန်တောင်းပါက စောင့်စရာမလိုဘဲ သားပြန်တင်နိုင်ပါသည်။

    ·      အစာ (၃) အုပ်စုလိုအပ်သော ပမာဏအတိုင်း နေ့စဥ်ကျွေးပါ။

    ---------

    မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း

    🔗 ဉာဏ်စမ်းဖြေဆိုရန် လင့် - https://htwettoe.com/post/59864

    🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com

    🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4

    🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


  • article
likes
22
comments
3
views
2405