cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ထင်းရှူးဆီ၏ အသုံးဝင်ပုံ

. ကျန်းမာရေးဆောင်းပါးများ
- ထင်းရှူးပင်များဟာ အအေးပိုင်းဒေသများတွင် ပေါက်ရောက်ရှင်သန်ကြသော အမြဲစိမ်းပင်များဖြစ်ကြပါတယ်။ ထို့အပြင် ရာသီဥတုဆိုးရွားမှု ဒဏ်ခံသော အပင်များဖြစ်တဲ့အပြင် သစ်အဖြစ်အသုံးပြုကြပါတယ်။
  • - များသောအားဖြင့် သူ့ပင်စည်မှ ရရှိသော သစ်သားအား အိမ်သုံးပရိဘောဂများ ပြုလုပ်ရာတွင် အဓိကအသုံးပြုလေ့ရှိကြတဲ့အပြင် သူ့အပင်မှရသော အဆီကိုလဲ ဆေးဖက်ဝင်ပစ္စည်းတစ်ခုအဖြစ် လွန်ခဲ့သော ရာစုနှစ်များစွာကပင် အသုံးပြုခဲ့ကြပါတယ်။  

    - ထင်းရှူးဆီကို ထင်းရှူးသစ်မှ ထုတ်ယူနိုင်သလို အပ်ချောင်းပုံစံ ရှည်လျားသော အရွက်များနှင့် အသီးများမှလဲ ထုတ်ယူသုံးစွဲလေ့ရှိကြပါတယ်။  

    -ထင်းရှူးဆီတွင် ဆေးဖက်ဝင် ဒြပ်ပေါင်းများစွာ ပါဝင်တဲ့အပြင် သူ့၏ရနံ့သည် နှစ်လိုဖွယ်ရာကောင်းတာကြောင့် အနံ့ကုထုံးအနေနဲ့ အသုံးပြုလေ့ရှိကြပါတယ်။ 

    ထို့အပြင် ထင်းရှူးဆီတွင်  

    - ပိုးသတ်အာနိသင်များ ပါဝင်တာကြောင့် Hand sanitizers များတွင်ထည့်သွင်း အသုံးပြုလေ့ရှိကြသည့်အပြင် အရောင်ကျစေသော အာနိသင်များ ပါဝင်တာကြောင့် အရေပြားတွင် ဖြစ်တတ်သော ဝက်ခြံများ၊ ကြွက်သားများ နာကျင်ရောင်ယမ်းခြင်းများကို သက်သာစေပြီး အကိုက်အခဲပျောက်လိမ်းဆေးများတွင် အများအပြား အသုံးပြုလေ့ရှိကြပါသည်။။  

    မူရင်းရေးသားသူကို လေးစားစွာဖြင့် ကူးယူဖော်ပြပါသည်။ 

    ---------   

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe   

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
7
comments
0
views
1500