ဇီဝလုံခြုံရေးဆိုင်ရာ သတ္တမအချက်
ဇီဝလုံခြုံရေးဆိုင်ရာ သတ္တမ အချက်ဖြစ်ပါတယ်။
-ဒီနေရာမှာ ဝက်ကိုဘဲ ဥပမာပေးပီးရှင်းပြပါ့မယ်။ ကျန်တဲ့တိရစ္ဆာန်တွေလည်းအတူတူပါဘဲ။
-ဆေးကုသရင်းသေသွားတဲ့ဝက်တွေကိုအကောင်လိုက်ရောင်းလိုက်လို့ဖြစ်စေ၊ ပေါ်ရောင်းလို့ဖြစ်စေ၊ အဲဒီအကောင် တွေ ပေါ်လိုက်ပြီဆိုရင် အဲဒီပေါ်တဲ့နေရာဝန်းကျင်မှာကော အဲဒီအသားထဲမှာကော ရောဂါပိုးတွေအများ ကြီးရှိ နေမှာပါ။
-ဝက်ပေါ်လိုက်တဲ့နေရာဝန်းကျင်မှာ ရောဂါပိုးရှိနေတဲ့အချိန်၊ လွတ်ထားတဲ့ဝက်တွေက အဲဒီပတ်ဝန်းကျင်မှာ လာပြီး အစာစားရင်းနဲ့ စားမိတဲ့ အသားစ၊ အဆီဖတ်၊ သွေးဖတ်၊ အရိုးဖတ်၊ အမွေးတွေထဲရှိနေတဲ့ ရောဂါပိုးတွေကို စားမိပြီး ရောဂါကူးစက်တော့မှာပါ။
-ရောဂါပိုးတွေအများကြီးရှိနေတဲ့ ဝက်သားက အခြားတနေရာကိုရောက်ပြီး ဝက်မွေးတဲ့အိမ်က ဝယ်စားလို့ ခုတ် ထစ်ရင်း ဝက်စာပုံး/ခွက်ထဲ ပိုးတွေရောက်၊ အစာနဲ့အတူကျွေးမိတဲ့အခါ အဲဒီအိမ်မှာ ရှိနေတဲ့ဝက်တွေကို ရောဂါကူး သွားတော့မှာပါ။
-လွင့်ပစ်လိုက်လို့ အဲဒီဝက်သေကို ခွေး/ကြောင်/ငှက်တွေက ချီလာပြီး ဝက်ခြံထဲ နဲ့ဝက်ခြံဘေးနားမှာ စားလို့ အကျန် တွေကို ဝက်ကစားမိရင် အဲဒီဝက်ခြံထဲကဝက်တွေရောဂါကူးတော့မှာပါ။ ရေထဲလွင့်ပစ်ရင်လည်း ရေစီးနဲ့မြောပါ ကမ်းတင်ပြီး ပုပ်တဲ့အခါ အဲဒီနားကရေတွေမှာ ပိုးတွေရှိနေမယ်။ အဲဒီနားမှာရှိနေတဲ့ ဝက်တွေအတွက် ဝက်သောက်ရေ၊ သုံးရေခပ်တဲ့အထဲ ပိုးတွေပါသွားပီး ရေသောက်လို့ဖြစ်စေ၊ အစာဖျော်တဲ့အခါဖြစ်စေ၊ သန့်ရှင်းရေး လုပ်လို့အဲဒီရေတွေကို သုံး/သောက် မိရင် အဲဒီ ခြံထဲက ဝက်တွေလည်းရောဂါကူးစက်စေမှာပါ။
-ဒါကြောင့် ဆေးကုရင်းသေသွားတဲ့ဝက်တွေကို အကောင်လိုက်ဖြစ်စေ၊ ပေါ်ရောင်းတာဖြစ်စေ၊ လွင့်ပစ်တာ ဖြစ်စေ ပြုလုပ်ခြင်းဟာ နောက်တနေရာက ဝက်တွေကိုရောဂါကူးစက်စေနိုင်တာမို့ အဲလိုမဖြစ်အောင် မြေကြီးနက်နက်တူး မြုပ်ခြင်းဟာရောဂါပိုးတွေ ထပ်မံ မကူးစက်အောင် တားဆီးခြင်းဖြစ်တဲ့အတွက် ဇီဝလုံခြုံရေးနှင့်ဆိုင်တဲ့အချက်တခု ဘဲဖြစ်ပါတယ်။
---------
မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း
🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com
🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4
🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း