ဧရာဝတီတိုင်း ဒီဇင်ဘာ ၁၁ ရက်မှ ဒီဇင်ဘာ ၁၇ ရက်အထိ မိုးလေဝသအခြေအနေ
· NOAA ရာသီဥတုကြိုတင်ခန့်မှန်းရေး GTH Outlook မှ ထုတ်ပြန်ချက်တွင် “ဆိုင်ကလုန်းမုန်တိုင်းများဖြစ်ပေါ်နိုင်မည့်အခြေအနေ ကမ္ဘာ့တောင်ဘက်ခြမ်းဆီသို့ ရွေ့လျားသွားခြင်း”၊ “မြောက်ကမ္ဘာခြမ်းတွင် မိုးရွာသွန်းနိုင်မှုအခြေအနေလျော့နည်းသွားပြီဖြစ်ခြင်း” နှင့် “အနောက်မြောက်ဘက်မှလေအေးစီးကြောင်းများ တိုးဝင်လာခြင်း” စသည့် ဆောင်းရာသီ၏လက္ခဏာများတိုးမြင့်လာတာကိုတွေ့ရပါတယ်။
· ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပေါ်နိုင်သည့်အခြေအနေများလျော့ကျလာပြီးနောက် အမြင့်ပေ ၁၈၀၀၀ နှင့်အထက်လေထုအလွှာအတွင်း အနောက်ဘက်နှင့် အနောက်တောင်ဘက်အရပ်များမှ လေအေးစီးကြောင်းများ(အနှုတ် ၆°C မှ အနှုတ် ၈°C)တိုက်ခတ်ဝင်ရောက်လာခြင်းကြောင့် ယခုရက်ပိုင်းအတွင်း တနိုင်ငံလုံးတွင် အနိမ့်ဆုံးညအပူချိန်များအနည်းငယ်လျော့ကျလာပြီး ဒီဇင်ဘာလ တတိယ ၁၀ ရက်ပတ်အတွင်းမှာပြန်လည်ပြီး အအေးပိုလာနိုင်ပါမယ်။
ဧရာဝတီတိုင်းတွင် ယခုတပတ်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန်
· ဧရာဝတီတိုင်းအတွင်း မိုးရွာသွန်းနိုင်မည့်အခြေအနေမရှိပါ။
အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆ၊ မြေဆီလွှာစိုထိုင်းဆ(Soil Moisture) နှင့် လေထုညစ်ညမ်းမှုအခြေအနေများ
· ယခုရက်သတ္တပတ် ၁ ပတ်အတွင်း ညအပူချိန်များလျော့ကျလာနိုင် အအေးပိုလာနိုင်ပြီး ဒီဇင်ဘာလ ၁၇ ရက်နှင့် နောက်ပိုင်းရက်များတွင် ဧရာဝတီတိုင်းတခုလုံးတွင် အအေးပိုလာနိုင်ပါတယ်။
· ဧရာဝတီတိုင်းအတွင်းမှ အောက်ပါမြို့နယ်များတွင် ဖြစ်ပေါ်နိုင်သည့် ဆောင်းဥတုအခြေအနေများ-
o မြန်အောင်မြို့နယ်အတွင်း ဒီဇင်ဘာ ၁၁ ရက် မှ ၁၆ ရက်အထိ တိမ်ကင်းစင်ပြီး၊ ၁၇ ရက်နေ့မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပါတယ်၊ အမြင့်ဆုံးနေ့အပူချိန် ၃၄°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၆°C ရှိနိုင်ပါတယ်
o ပုသိမ်မြို့နယ်အတွင်း ဒီဇင်ဘာ ၁၁ ရက် မှ ၁၆ ရက်အထိ တိမ်ကင်းစင်နေနိုင်ပြီး ၁၇ ရက်နေ့တွင် တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပါတယ်၊ အမြင့်ဆုံးနေ့အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၇°C ရှိနိုင်ပါတယ်
o ဖျာပုံနှင့်ကျောင်းကုန်းမြို့နယ်များအတွင်း ဒီဇင်ဘာ ၁၁ မှ ၁၃ ရက်အထိ တိမ်ကင်းစင်နေနိုင်ပြီး၊ ၁၄ ရက် မှ ၁၇ ရက်အထိ တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပါတယ်၊ အမြင့်ဆုံးနေ့အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၀°C ရှိနိုင်ပါတယ်
o ဟင်္သာတ၊ ညောင်တုန်း၊ ငသိုင်းချောင်းမြို့နယ်များတွင် ဒီဇင်ဘာ ၁၁ ရက် မှ ၁၅ ရက်အထိ တိမ်ကင်းစင်နေနိုင်ပြီး၊ ဒီဇင်ဘာ ၁၆-၁၇ ရက်များမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပါတယ်၊ အမြင့်ဆုံးနေ့အပူချိန် ၃၅°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၆°C ရှိနိုင်ပါတယ်
o ဧရာဝတီတိုင်းမှ အထက်ပါမြို့နယ်များနှင့် နီးစပ်သောကျန်ရှိသည့်မြို့နယ်များသည် အထက်ဖေါ်ပြပါမြို့နယ်များနီးပါးတူညီသော တိမ်ဖြစ်ပေါ်မှုအခြေအနေနှင့် အပူချိန်များရှိနိုင်ပါတယ်။
· ဧရာဝတီတိုင်းအတွင်း နေ့လည်ဘက် လေထုစိုထိုင်းဆသည် ၄၀% ရှိနိုင်ပြီး နံနက်ခင်း/ညနေ/ညအချိန်တွေမှာ ၇၀% မှ ၈၀% အတွင်းရှိနိုင်ပါမယ်။
· ဧရာဝတီတိုင်းရဲ့ ပျမ်းမျှမြေဆီလွှာစိုထိုင်းဆသည် မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၉% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်) တွင် ၃၈% ခန့် ရှိနိုင်ပါတယ်။ အနောက်ဘက်ကမ်းရိုးတန်းဒေသတွေနဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးဒေသတွေမှာ မြေဆီလွှာစိုထိုင်းဆပိုနိုင်ပြီး မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၆၄% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၇၉% ခန့် ရှိနိုင်ပါတယ်။ မိုးမရွာနိုင်တော့တဲ့အတွက် မြေဆီလွှာစိုထိုင်းဆများအနည်းငယ်ထပ်မံလျော့ကျနိုင်ပါတယ်။ မြေဆီလွှာခမ်းခြောက်မှုအခြေအနေသည် စိုက်ပျိုးရေးလုပ်ငန်းတွင်အရေးပါသည့်အတွက် “မြေဆီလွှာခမ်းခြောက်ခြင်း”နှင့် “မိုးရွာသွန်းမှုလျော့နည်းလာခြင်းကြောင့် မိုးခေါင်နိုင်ခြင်း(မြေပြင်ခြောက်သွေ့သည့်အခြေအနေဖြစ်ပေါ်နိုင်ခြင်း)” တို့အားစောင့်ကြည့်လေ့လာရန် MMWeather website တွင် တိုက်ရိုက်လေ့လာကြည့်ရှုနိုင်သည့် Inter-active-map ကို တင်ပေးထားပါတယ်။ https://www.mmweather.org/drought-monitoring
· လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI သည် ၁၆၀ ခန့်အထိ မြင့်တက်နေနိုင်သောကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးချို့တဲ့သူများ(ရင်ကြပ်-ပန်းနာရှိသူများ) အထူးဂရုစိုက်ကြစေချင်ပါတယ်။
ယခု ၁ ပတ်အတွင်း မီတာ ၁၀၀ အမြင့်အထိ အရှေ့မြောက်ဘက်နှင့်မြောက်ဘက်အရပ်များမှ နေ့စဉ်ပျမ်းမျှလေတိုက်နှုန်း အများဆုံး တနာရီ ၇ မိုင်မှ ၁၅ မိုင်ခန့်ရှိနိုင်ပါတယ်။
Win Naing
Administration Team,
MMWEATHER,
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်တောင်သူများထံသို့
ရွှေခရုကာကွယ်နှိမ်နင်းနည်းအကြံပြုချက်
- ရွှေခရုကျရောက်ပါက မိမိတစ်ဦးတည်းနှိမ်နင်းခြင်းထက် တစ်ကွင်းတစ်စပ်တောင်သူများ အတူပူးပေါင်းနှိမ်နင်းကြဖို့ အဓိကလိုအပ်ပါတယ်။
- မျှားစာအဖြစ် ခရုသတ်ဆေး Niclosamide , Metaldehyde ကို ကျိုချက်ထားသော ဆန်ကွဲဖြင့် ရောနယ်ပြီး ကြဲပက်ကျွေးပါ။ (သို့မဟုတ်) ဖြတ်ထားသောရေသန့်ဘူးခွံထဲထည့်ပြီး ဝါးတိုင်မှာချည်ပါ၊ ပြီးရင် စပါးခင်းထဲက ရေမျက်နှာပြင်နှဲ့တစ်ပြေးညီ ထားပေးပါ။
- ခရုများ ဥအုစေရန် ဝါးတိုင် ငယ်လေးများကိုလိုက်လံစိုက်ပေးပြီး ဥများတွေ့ရှိပါက ဖျက်ဆီးပစ်ခြင်း၊ အကောင် ငယ်နှင့် အကောင်ကြီးများကို လိုက်လံ ကောက်ယူပြီး အိတ်ထဲထည့်၍ လေလုံ ပိတ်ခြည်နှောင်ထားခြင်း၊ ရေကတွက်ပေါက်များ ရေသွင်းရေထုတ် မြောင်းပေါက်များ တွင် ဇကာ၊ ပိုက်ကွန်စိတ်စိတ်တပ်ဆင်၍ ဖမ်းယူဖျက်ဆီးခြင်း၊
- ရေဝပ်ကျင်းများတွင် ပိန္နဲခွံ၊ နာနတ်ခွံ၊ ဒူးရင်းခွံ စသည့်အနံ့မွှေးသော မျှားစာများ ချထားပြီး လာရောက် စုဝေးစားသောက်ချိန် တွင် ကောက်ယူဖျက်ဆီးခြင်း စတဲ့နည်းလမ်းအားလုံးကိုပြုလုပ်ဖို့လိုအပ်ပါတယ်။
- ရွှေခရုအတွက် ဆေးတစ်မျိုးတည်းကိုအားကိုးပါက မည်သို့မျှထိရောက်မှာမဟုတ်ကြောင်း အကြံပြုဆွေးနွေးလိုက်ပါတယ်။
ငါးကန်တွင် ပျော်ဝင်အောက်ဆီဂျင် မြင့်မားလာစေရန်ပြုလုပ်ခြင်း
ငါးမွေးကန်တွင် အောက်ဆီဂျင်နည်းပါးလျက်ရှိပါက အောက်ဆီဂျင် ပျော်ဝင်မှု မြင့်မားလာစေရန် အောက်ပါ အ တိုင်းပြုလုပ်ရမည်။
• အစာလျော့ကျွေးခြင်း (သို့) အစာကျွေးခြင်းကို ဖြတ်ထားခြင်းခြင်းဖြင့် ကန်ရေတွင် ဩဇာဓါတ်များ ပိုမိုဖြစ် လာခြင်းကို ထိန်းသိမ်းပါ။ ငါးနှင့်ရောမွေးထားသော တိရစ္ဆာန်များကို အစာလိုအပ်သရွေ့သာကျွေးပါ၊
• ရေတွင်အောက်ဆီဂျင် ပိုမိုပျော်ဝင်စေရန် ရေမျက်နှာပြင်ကိုလှုပ်ရှားပေးခြင်း (လှေလှော်ခြင်း၊ ရေပန့် ဖြင့် ရေလှည့်ပေးခြင်း) ကိုအထူးသဖြင့် နံနက်နေမထွက်မီပြုလုပ်ပါ။ ထိုသို့လုပ်ရာတွင် ကန်အောက် ခြေ မှ ရွှံ့အနည်များ ကြောင့်ရေနောက်မှုမရှိရန် ဂရုစိုက်ရမည်။
• ကန်အောက်ခြေတွင်စုဝေးလျက်ရှိသော ဩဂဲနစ်အညစ်အကြေးများလျော့နည်းစေရန် ဖြစ်နိုင်ပါက ကန် အောက်ခြေရေကိုထုတ်ပြီးအရည်အသွေးကောင်းသောရေဖြင့် ကန်ရေကိုပြန်ဖြည့်ပါ။
------------
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း