cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရှမ်းပြည်နယ် ဒီဇင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၁၉ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်များဘက်တွင် မုန်တိုင်းဖြစ်နိုင်ချေလျော့ကျလာသည်နှင့်အမျှ မြန်မာနိုင်ငံမြောက်ဘက်ခြမ်းမှ တိုးဝင်လာသည့်လေအေးများကြောင့် - မြန်မာနိုင်ငံတောင်ပိုင်းဒေသအချို့တွင် မိုးရွာနိုင်ချေရှိသော်လည်း မိုးရေချိန်အလွန်နည်းနိုင်ပြီး(၂၄ နာရီ မိုးရေချိန် ၁၀ မီလီမီတာခန့်သာရှိနိုင်ပြီး)၊ ကျန်ပြည်နယ်တိုင်းဒေသအားလုံးတွင် မိုးရွာသွန်းနိုင်မည့်အခြေအနေမရှိပါ။
  • ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ 

    ·          ကမ္ဘာ့တောင်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းကို ပိုင်းခြားထားတဲ့ အီကွေတာမျဉ်းအနီး ကမ္ဘာတောင်ဘက်ခြမ်းမှာ လေပွေလှိုင်းတွေ၊ လေဖိအားနည်းရပ်ဝန်းတွေ မုန်တိုင်းတွေ ဖြစ်လာတဲ့အချိန် အီကွေတာအနီး ကမ္ဘာ့မြောက်ဘက်ခြမ်းမှာလဲ လေပွေလှိုင်းတွေ၊ လေဖိအားနည်းရပ်ဝန်းတွေဖြစ်လာတတ်ပါတယ်။ လက်ရှိခန့်မှန်းချိန်အထိ ကမ္ဘာမြောက်ခြမ်းတွင် လေပွေလှိုင်းဖြစ်ပေါ်မှုသာရှိပါတယ်။ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ခြင်း မရှိပါ။ 

    ·          ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်များဘက်တွင် မုန်တိုင်းဖြစ်နိုင်ချေလျော့ကျလာသည်နှင့်အမျှ မြန်မာနိုင်ငံမြောက်ဘက်ခြမ်းမှ တိုးဝင်လာသည့်လေအေးများကြောင့် - မြန်မာနိုင်ငံတောင်ပိုင်းဒေသအချို့တွင် မိုးရွာနိုင်ချေရှိသော်လည်း မိုးရေချိန်အလွန်နည်းနိုင်ပြီး(၂၄ နာရီ မိုးရေချိန် ၁၀ မီလီမီတာခန့်သာရှိနိုင်ပြီး)၊ ကျန်ပြည်နယ်တိုင်းဒေသအားလုံးတွင် မိုးရွာသွန်းနိုင်မည့်အခြေအနေမရှိပါ။ 

    ယခု ၁ ပတ်အတွင်း ရှမ်းပြည်နယ်တွင်မိုးရွာသွန်းနိုင်မည့်အခြေအနေ 

    ·          ရှမ်းပြည်နယ်တွင် မိုးရွာသွန်းနိုင်သည့်အခြေအနေမရှိပါ။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ 

    ·          ယခု ၁ ပတ်အတွင်း - ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၉°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၈°C အထိကျဆင်းနိုင်ပါတယ်။ 

    ·          ရှမ်းပြည်နယ်တောင်ပိုင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၂၄°C နှင့် အနိမ့်ဆုံးညအပူချိန် ၇°C အထိရှိနိုင်ပါတယ်။

    ·          ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်မှာ အမြင့်ဆုံးနေ့အပူချိန် ၃၁°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၃°C ခန့် ရှိနိုင်ပါတယ်။ ကျိုင်းတုံမြို့နယ်မှာ အမြင့်ဆုံးနေ့အပူချိန် ၃၁°C ရှိနိုင်ပြီး အနိမ့်ဆုံးညအပူချိန် ၁၁°C ရှိနိုင်ပါတယ်။ 

    ·          ရှမ်းပြည်နယ်တခွင်မှာ ယခု ၁ ပတ်အတွင်း အရှေ့-အရှေ့မြောက်နှင့် အနောက်တောင်ဘက်မှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၅ မိုင်မှ GUST ၁၀ မိုင်ခန့် ရှိနိုင်ပါတယ်။ 

    ·          ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၆၀% ဝန်းကျင် ရှိနိုင်ပြီး၊ ညနေပိုင်း/ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ ၁၀၀% ရှိနိုင်ပါတယ်။ 

    ·          ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းတွေမှာတော့ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၅၀% ခန့် ရှိနေနိုင်ပြီး ညနေပိုင်း၊ ညပိုင်းနဲ့ မနက်အစောပိုင်းအချိန်တွေမှာ ၈၀% မှ ၉၀% ရှိနေနိုင်ပါမယ်။ 

    ·          နေ့လည်ပိုင်းလေထုစိုထိုင်းဆမြင့်မားတဲ ဒေသတွေမှာ ခံစားရတဲ့အပူချိန်အမြင့်ဆုံး (Feels Like Temperature) က ၂၉°C ခန့်ရှိနေနိုင်ပါမယ်။ 

    ·          ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့ရဲ့ ပျမ်းမျှမြေဆီလွှာစိုထိုင်းဆသည် မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၁၉% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၂၉% ခန့် ရှိနိုင်ပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေမှာ မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၃၅% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၅၀% ခန့် ရှိနိုင်ပါတယ်။ ရှမ်းပြည်နယ်ဒေသအားလုံးရဲ့ မြေဆီလွှာစိုထိုင်းဆ(ရေဓါတ်ပါဝင်နှုန်း - in millimeter) သည် နှစ်စဉ်ဖြစ်မြဲအောက် 20mm ခန့် လျော့နည်းနေနိုင်ပါမယ်။ 

    ·          ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ရဲ့ လေထုညစ်ညမ်းမှုအခြေအနေ (AQI Value) သည် 85 ရှိနိုင်ပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မှာ 70 ရှိနိုင်ပါတယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းတရုတ်နယ်စပ်အနီးမှ မူဆယ်နှင့် မိုင်းယုမှာ 95 ရှိနိုင်ပြီး အန္တရာယ်ရှိနိုင်သည့်အဆင့်မဟုတ်ပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်  

    ·      ရှမ်းပြည်မှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင် ရွက်ဖို့ အကြံပြုလိုပါတယ် ခင်ဗျာ-  

    ·      တစ်ဝက်တစ်ပြတ်ကန်ဖော်မယ့် ငါး/ပုစွန်မွေး တောင်သူကြီးများအနေဖြင့် လက်ကျန်ငါးများကို ရေကြည်နေသည့် အခြားငါးကန်သို့ ပြောင်းရွေ့ထားရန်၊  

    ·      အကယ်၍ မူရင်းကန်ထဲတွင် ပြန်မွေးမည်ဆိုပါက ရေနောက်နေနိုင်တဲ့အတွက် ကန်သန့်ရှင်းရေးဆောင် ရွက်ပြီးမှသာ ကန်ထဲသို့ ပြန်ထည့်ရန်၊  

    ·      ပြန်မွေးမယ့် ကန်သန့်ရှင်းရေးအတွက် တစ်ဧကလျှင် ထုံး ၁၅ ပိဿာခန့်ထည့်ရန်၊  

    ·      တစ်ဝက်တစ်ပြတ်ကန်ဖော်ရာတွင် ရေအကုန်မထုတ်ဘဲ အတော်အသင့်အနေထားဖြင့် ကန်ရေချန် ထားရန်၊  

    ·      တစ်ဝက်တစ်ပြတ် ကန်ဖော်ပြီးပါက လက်ကျန်ငါးများကို တစ်ရက်ခန့် အစာကျွေးခြင်းကို ရပ်ဆိုင်းထားရန်၊ 

    ------------      

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
3
comments
0
views
1072