ဆောင်းရာသီအေးအေးလေးမှာ ထမင်းရည် သောက်ပေးရင် ဘာတွေကောင်းစေတာလဲ...
ထမင်းရည်က အာဟာရဓာတ် များသလို ခန္ဓာကိုယ် ကျန်းမာလှပဖို့အတွက်လည်း တော်တော့်ကို အထောက်အကူပြုပါတယ်။
ထမင်းရည်ဆိုတာ ဆန်ကို ရေစင်အောင်ဆေးပြီး ရေထည့်လို့ ထမင်းချက်တဲ့အခါ ထမင်းဖြစ်ပြီဆိုရင် ငှဲ့ချလိုက်ရတဲ့ အရည်ပါ။ ထမင်းကို ပေါင်းအိုးနဲ့ တည်တာမဟုတ်ဘူးဆိုရင် ထမင်းရည်ကို ရင်းနှီးပြီး ဖြစ်မှာပါ။
ထမင်းရည်မှာ ထမင်း [ဆန်] မှာပါတဲ့ အဆီအနှစ် တော်တော်များများ ပါဝင်နေတာကြောင့် ထမင်းနီးပါး အာဟာရကြွယ်တဲ့ သောက်စရာပါ။ သောက်ရတာ လွယ်ကူသလို အာဟာရ ပြည့်ဝတဲ့ အရာ တစ်ခုပါ။ ထမင်းရည်ကို ဆားလေး နည်းနည်းထည့်ပြီး သောက်လို့ ရသလို သကြားလေးထည့်ပြီး သောက်တာမျိုးလည်း ရှိကြပါတယ်။ ထမင်း နည်းနည်း ချေထည့်ပြီး သောက်ကြသလို နို့မှုန့်ထည့်ပြီး သောက်တာမျိုးလည်း ရှိပါတယ်။
ထမင်းရည်မှာ ပါတဲ့ အာဟာရတွေက ဘာတွေလဲ
ထမင်းရည်မှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။
ကျန်းမာရေးအတွက် ထမင်းရည်ရဲ့ အသုံးဝင်ပုံက
- ဝမ်းလျှောတာကို သက်သာစေတယ် – ထမင်းရည်ထဲကို ဆားနည်းနည်းလောက်ထည့်ပြီးသောက်ပေးမယ်ဆိုရင် ဝမ်းလျှောတာကိုသက်သာစေနိုင်သလို အစာအိမ်နဲ့အူလမ်းကြောင်း ကိုလည်းကျန်းမာစေပါတယ်။
- ခန္ဓာကိုယ်ကို ခွန်အားပြည့်စေတယ် – မနက်ခင်း ဘာမှမလုပ်ခင်မှာ ထမင်းရည် ပူပူလေးထဲကို ဆားနည်းနည်းထည့်ပြီး ပုံမှန်သောက်ပေးပါ။ ဒီလိုသောက်ပေးတာက ခန္ဓာကိုယ်ကို အားပြည့်စေပြီး တစ်နေ့တာလုံး လုပ်ငန်းဆောင်တာတွေကိုကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်စေမှာပါ။
- အစာအိမ်ရောင်တာကို ကာကွယ်ပေးတယ် – ထမင်းရည်က အစာအိမ်ရောင်တာနဲ့အူရောင်တာတွေကိုလျော့ပါးသက်သာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ထမင်းရည်ပုံမှန်သောက်ပေးတာက အစာခြေစနစ်ကိုကျန်းမာစေမှာဖြစ်ပါတယ်။
- ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးတယ် – ထမင်းရည်က ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ နွေရာသီအပူချိန်ကြောင့် နာမကျန်းဖြစ်တာမျိုး မဖြစ်စေဖို့နေ့စဉ် ထမင်းရည်တစ်ခွက်လောက် သောက်သုံးပေးသင့်ပါတယ်။
- ကင်ဆာကာကွယ်ပေးတယ် – ထမင်းရည် ပုံမှန်သောက်သုံးပေးမယ် ဆိုရင် ကင်ဆာရောဂါအချို့ကို ကာကွယ်ပြီးသားဖြစ်သွားမှာဖြစ်ပါတယ်။
- ဝမ်းမှန်စေတယ် – တစ်နေ့ကို ထမင်းရည် တစ်ခွက် သောက်သုံးပေးတာက ဝမ်းချုပ်တာ မဖြစ်အောင်ကာကွယ်ပေးပါတယ်။ လူတစ်ယောက် ကျန်းမာဖို့ ဆိုတာက ဝမ်းမှန်ဖို့ လိုအပ်တာကြောင့် တစ်နေ့ကို ထမင်းရည် တစ်ခွက်လောက် သောက်ပြီး ဝမ်းမချုပ်အောင် နေလိုက်ပါ။
- ကာဗိုဟိုက်ဒရိတ် ရရှိစေတယ် – ထမင်းရည်က ကာဗိုဟိုက်ဒရိတ် ကြွယ်ဝစွာ ရရှိနိုင်တဲ့ အစားအစာ တစ်ခုပါ။ ခန္ဓာကိုယ်အတွက် ကျန်းမာတဲ့ ကာဗိုဟိုက်ဒရိတ်ကို လိုချင်တယ်ဆိုရင်တော့ အဝေးကြီး ရှာမနေပါနဲ့။ မနက်ခင်းတိုင်း ထမင်းရည်တစ်ခွက် သောက်ပေးပါ။
- Alzheimer’sဝေဒနာကို ကာကွယ်ပေးတယ် – ထမင်းရည်ကAlzheimer’sရောဂါကို ကာကွယ်ပေးနိုင်တယ်၊ လို့ အထောက်အထားတွေ တွေ့ရှိထားတာရှိပါတယ်။ အသက်အရွယ် ရလာတဲ့အခါAlzheimer’sရောဂါ ခံစားရတာမျိုး မရှိစေဖို့အတွက် ထမင်းရည်ကို ပုံမှန်သောက်သုံးပေးလို့ ရပါတယ်။
အလှအပအတွက် ထမင်းရည်ရဲ့ အသုံးဝင်ပုံက
ထမင်းရည်မှာ oryzanol လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်ခု ပါဝင်နေပါတယ်။ ဒီဓာတ်ပစ္စည်းက နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အသားအရေ အတွင်းရော အပြင်ကိုပါ ကြည်လင်လှပချင်တယ် ဆိုရင်တော့ ထမင်းရည်သောက်ပါလို့ပြောပါရစေ။ ဒါတင်မကသေးပါဘူး ထမင်းရည်က ဆံသားကိုတောက်ပစေပြီး မျက်နှာအသားအရေကို ကြည်လင်တောက်ပစေပါတယ်။ အသားအရေ လှပချင်တဲ့ လေဒီတွေအတွက် ထမင်းရည်က အထူးသင့်တော်တဲ့ အစားအစာ တစ်ခုပါ။
ဒါတွေတင်မကသေးပါဘူး။ ထမင်းရည်က ကိုယ်တွင်းက အပူအပုပ်တွေကို ကင်းစေနိုင်တာကြောင့် ဝက်ခြံတွေကို သက်သာစေပါတယ်။ နေ့စဉ် ထမင်းရည် ပုံမှန်သောက်မယ်ဆိုရင် ကိုယ်လက်မအီမသာဖြစ်တာ၊ ရာသီသွေးဆင်းချိန်မှာ ခြေကုန်လက်ပန်းကျတာနဲ့ အားနည်းတာမျိုးတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါသေးတယ်။
အခုလောက်ဆိုရင် ထမင်းရည်က ခန္ဓာကိုယ် တစ်ခုလုံးအတွက် အကျိုးပြုတယ်ဆိုတာကို သိလောက်ပြီထင်ပါတယ်။ ဒီနေ့ကစပြီး တစ်နေ့ကို ထမင်းရည်တစ်ခွက်သောက်သုံးပြီး ကျန်းမာလှပတဲ့ အလှတရားကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း လေဒီတို့ကို ဒီဆောင်းပါးလေးကနေတဆင့် သတင်းကောင်းပါးပါရစေ။
------------
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း