cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်း - ဒီဇင်ဘာ ၁၆ ရက် မှ ဒီဇင်ဘာ ၂၂ ရက်အထိ ဖြစ်ပေါ်နိုင်သည့်မိုးလေဝသအခြေအနေများ

. ရာသီဥတု သတင်းများ
ဒီဇင်ဘာ ၁၆ ရက် မှ ဒီဇင်ဘာ ၂၂ ရက်အတွင်း၊ ပဲခူးတိုင်းအတွင်းတွင် တိမ်ကင်းစင်သည့်ရက်ပိုများပြီး၊ တိမ်အနည်းငယ်မှ အသင့်အတင့်ဖြစ်ထွန်းနိုင်မည့်ရက် နည်းပါမယ်။ မိုးရွာသွန်းနိုင်မည့်အခြေအနေမရှိပါ။
  • ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေထုမငြိမ်မသက် (Atmospheric instabilities) အခြေအနေများ 

    ·          အိန္ဒိယသမုဒ္ဒရာတောင်ဘက်ခြမ်းပင်လယ်ပြင်မှာ ဆိုင်ကလုန်းမုန်တိုင်း BAKUNG နှင့် လေဖိအားနည်းရပ်ဝန်း Eight တိုဖြစ်ပေါ်နေသည်မှအပ အိန္ဒိယသမုဒ္ဒရာမြောက်ဘက်ခြမ်းတွင် ထူးခြားသောလေထုမငြိမ်မသက်မှုများဖြစ်ပေါ်ခြင်း မရှိပါ။ 

    ·          ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် တိမ်ထူထပ်နေပါတယ်။ မြောက်လတ္တီတွဒ် ၅ ဒီဂရီအောက်ဘက် အီကွေတာအနီးတွင် ဆိုင်ကလုန်းမုန်တိုင်း BAKUNG အရှိန်ကြောင့် လေပွေလှိုင်းတခုဖြစ်ပေါ်နေပြီး ဒီဇင်ဘာ ၁၇ ရက်နေ့ည ပိုင်းမှာ ပျက်ပြယ်သွားနိုင်ပါမယ်။ 

    ·          ဆောင်းမုတ်သုံ(အရှေ့မြောက်မုတ်သုံလေ)ဆက်လက်အားကောင်းနေပြီး အမြင့်ပေ ၁၅၀၀၀ အထက်မှ မြောက်လေအေးများ၏ အပူချိန်သည် အမြင့်ပေ ၁၈၀၀၀ တွင် အနှုတ် ၈ ဒီဂရီအထိကျဆင်းလျှက်ရှိသောကြောင့် ယခု ဒီဇင်ဘာ ၁၆-၂၂ ရက် ရက်သတ္တပတ်အတွင်းမှာ ည/နံနက်အစောပိုင်းအပူချိန်များ ဆက်လက်ကျဆင်းပြီး အအေးပိုလာနိုင်ပါမယ်။ 

    ·          မြန်မာနိုင်ငံမြောက်ဖျား၊ ကချင်ပြည်နယ်ရှိ ခါကာဘိုရာဇီတောင်ထိပ် (အမြင့် ၅၈၈၁ မီတာ) နှင့် ဂန်လန်ရာဇီတောင်ထိပ်(အမြင့် ၅၈၇၀ မီတာ) တောင်ကြောတလျှောက်တွင် အပူချိန် အနှုတ် ၁၀°C မှ အနှုတ် ၁၂°C ရှိနေပြီး နှင်းအထူ(Snow Depth) ၁ မီတာမှ ၁.၁၅ မီတာအထိရှိနိုင်ပြီး နှင်းကျဆင်းနှုန်း(Rate of Snow fall in 6hrs) ၆ နာရီအတွင်း ၂ စင်တီမီတာခန့် ဖြစ်ပါတယ်။ 

    ပဲခူးတိုင်းအတွင်း မြို့နယ်အချို့၏ ၇ ရက်အတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသအခြေအနေ 

    ·          ဒီဇင်ဘာ ၁၆ ရက် မှ ဒီဇင်ဘာ ၂၂ ရက်အတွင်း၊ ပဲခူးတိုင်းအတွင်းတွင် တိမ်ကင်းစင်သည့်ရက်ပိုများပြီး၊ တိမ်အနည်းငယ်မှ အသင့်အတင့်ဖြစ်ထွန်းနိုင်မည့်ရက် နည်းပါမယ်။ မိုးရွာသွန်းနိုင်မည့်အခြေအနေမရှိပါ။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေများ 

    ·          ပဲခူးတိုင်းအရှေ့ပိုင်း တောင်ငူမြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၃၁°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၇°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၄°C ရှိနိုင်ပါမယ်။ 

    ·          ပဲခူးတိုင်းအရှေ့ပိုင်းက ရွှေကျင်မြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၃၁°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၄°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၆°C ရှိနိုင်ပါမယ်။ 

    ·          ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၃၀°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၇°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၂°C ရှိနိုင်ပါမယ်။ 

    ·          ပဲခူးတိုင်းအတွင်း ဒီဇင်ဘာ ၁၆ ရက် မှ ဒီဇင်ဘာ ၂၂ ရက်နေ့အတွင်း ညအပူချိန်များ(၂၁°C မှ ၁၄°C)အထိ ကျဆင်းကာ အအေးပိုနိုင်ပြီး၊ ဒီဇင်ဘာ ၂၀ ရက်နေ့နံနက်ပိုင်းတွင် အအေးဆုံးရက်ဖြစ်နိုင်ပါမယ်။ 

    ·          ဒီဇင်ဘာ ၁၇ ရက်၊ ၂၁ ရက် နှင့် ၂၂ ရက်နေ့တွေမှာ ပဲခူးတိုင်းတောင်ပိုင်း စစ်တောင်းမြစ်ဝှမ်းတလျှောက်မှာ မြူဆိုင်းနိုင်သည့်အခြေအနေများ ဖြစ်ပေါ်နိုင်ပါမယ်။ 

    ·          ပဲခူးတိုင်းအတွင်း နေ့လည်ဘက် လေထုစိုထိုင်းဆသည် ၃၀% မှ ၄၀% အထိ ရှိနိုင်ပြီး နံနက်ခင်း/ညနေ/ညအချိန်တွေမှာ ၇၀% ခန့်ရှိနိုင်ပါမယ်။ 

    ·          လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI သည် ပဲခူးတိုင်း-အနောက်ခြမ်းမှာ 115 ဝန်းကျင်ခန့်ရှိနိုင်ပြီး၊ ပဲခူးတိုင်းအရှေ့ခြမ်းမှာ 105 ခန့်ရှိနိုင်တာကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးမကောင်းသူများအတွက် အန္တရာယ်ရှိနိုင်သည့်အခြေအနေဖြစ်ပါတယ်။ 

    ·          ပဲခူးတိုင်းတောင်ဘက် မုတ္တမပင်လယ်ကွေ့အတွင်း လှိုင်းအမြင့်ဆုံး ၁ ပေခန့်ရှိနိုင်ပြီး၊ မြောက်၊ အရှေ့မြောက်နှင့် အနောက်မြောက်အရပ်များမှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၈ မိုင်ခန့်တိုက်နိုင်ပါတယ်။ 

    ပဲခူးတိုင်းကုန်းတွင်းမှ မြို့နယ်/ခရိုင်များနှင့် ပဲခူးရိုးမတောင်ကြောပေါ်မှာ မြောက်၊ အနောက်မြောက်နှင့်အရှေ့မြောက်အရပ်များမှ လေတိုက်နှုန်းအများဆုံး တနာရီ ၁၅ မိုင်ခန့် ရှိနိုင်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ငါးရောဂါဖြစ်ပေါ်ရခြင်း အကြောင်းရင်း အကြံပြုချက်  

     ငါးများ ရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းမှာ ငါးကို တိုက်ရိုက်ထိခိုက်စေနိုင်သည့် (သို့မဟုတ်) ငါးရောဂါများကို ဖြစ်ပေါ် ပျံ့ပွားစေနိုင်သည့် အကြောင်းရင်းများစွာရှိပါသည်။ ရေအရည်အသွေး၊ စားသုံးနေရသည့် အစာ(ဖြည့်စွက်စာ) အရည်အသွေး နှင့် ရာသီဥတု အခြေအနေများကြောင့် ငါးများတွင် ဖိစီးမှု ဖြစ်ပေါ်နေခြင်းနှင့် အင်အားချိနဲ့ပြီး ခုခံစွမ်းအင်လျော့နည်းမှု ဖြစ်ပေါ်စေပါသည်။ ထိုအချိန် ငါးများတွင် ရောဂါဝင်ရောက်မှု လွယ်ကူစေပါသည်။  

     ရောဂါဖြစ်စေသည့် အကြောင်းရင်း (၃) ချက်မှာ-   

    (၁) ရောဂါပိုး   

    (၂) လက်ခံကောင် (အဓိက ငါး၏ ခုခံမှု)၊ ရောဂါကို သယ်ဆောင်လာသော အကောင်   

    (၃) ပတ်ဝန်းကျင်အခြေအနေ (ငါးကန်အတွင်း ကန်ရေအရည်အသွေးကျဆင်းနေခြင်း) သည် ရောဂါပိုးပျံနှံ့ စေရန်အတွက် ဖန်တီးပေးပါသည်။   

    ထို့ကြောင့် ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။ 

     -----------        

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
2
comments
0
views
946