စပါးစွမ်းအားမြှင့် စိုက်ပျိုးနည်းစနစ် (SRI)
Father Henri de Laulanié မှ 1980 ခုနှစ်များတွင် အပင်များ၏ မြေဆီလွှာ၊ ရေနှင့် အာဟာရဆိုင်ရာ စသော စီမံခန့်ခွဲမှုများကို ပြောင်းလဲစမ်းသပ်ခြင်းများ လုပ်ဆောင်ကာ စပါး အထွက်နှုန်း ပိုမို ရရှိပြီး ရေရှည်တည်တံ့သော စပါးစိုက်ပျိုးမှုစနစ် SRI ကို ရှာဖွေ့တွေ့ရှိခဲ့ပါသည်။
SRI ၏ အဓိကအခြေခံမူများ- ပျိုးပင်ငယ်များကို အစားထိုးစိုက်ပျိုးခြင်း- ပျိုးပင်များကို အသက်ငယ်သော (၈-၁၂ ရက်) အရွယ်တွင် အစားထိုးစိုက်ပျိုးပါသည်။ ပိုကျယ်သောအကွာအဝေး- အပင်များ၏ အမြစ် နှင့် ကြီးထွားမှု ပိုမိုကောင်းမွန်စေရန် စတုရန်းပုံစံဖြင့် ပုံစံကွက်များချကာ စိုက်ပျိုးပါသည်။ အော်ဂဲနစ်မြေသြဇာ- မြေဆွေးနှင့် အော်ဂဲနစ်ဒြပ်စင်များကို အသုံးပြု၍ မြေဆီဩဇာမြှင့်တင်ရန်။ ရေသုံးစွဲမှု လျှော့ချခြင်း- စိုက်ခင်းများကို အဆက်မပြတ် ရေသွင်း ထားမည့် အစား ရေကို မြေဆီလွှာစိုစွတ်ရုံ အနည်းငယ်နေ့စဥ်သွင်းပါ။ သို့မဟုတ် မြေဆီလွှာရေလွှမ်းခြင်းနှင့် အခြောက်ခံခြင်းကို တလှည့်စီ ပြုလုပ်ပေးရန် SRI ၏အကျိုးကျေးဇူးများ အထွက်နှုန်းတိုးခြင်း- စပါးအထွက်နှုန်း 20-100% သို့မဟုတ် ထို့ ထက်ပို၍ထွက်နိုင်သည်။ ရေကိုချွေတာခြင်း- ၎င်းသည် ရေအသုံးပြုမှုကို 50% အထိ လျှော့ချနိုင်သည်။ မျိုးစေ့ချွေတာခြင်း- ၎င်းသည် မျိုးစေ့ 90% အထိ လိုအပ်သည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု- စပါးစိုက်ခင်းများမှ မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချခြင်း ပေးသောကြောင့် ရာသီဥတုပြောင်းလဲမှုကို လျော့ပါးသက်သာစေနိုင်သည်။ SRI ကို ကမ္ဘာတစ်ဝှမ်းရှိ သန်းနှင့်ချီသော တောင်သူလယ်သမားများ လက်ခံကျင့်သုံးခဲ့နေပြီဖြစ်ပါသည်။ အထူးသဖြင့် အာရှနှင့် အာဖရိကတွင် လယ်သမားများ၏ ဆန်စပါးထုတ်လုပ်မှု နှင့် ၀င်ငွေများ သိသာထင်ရှားစွာ တိုးမြင့် လာပါသည်။
-------------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။

ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း