cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အီးယူသို့ ဆန်တင်ပို့ရန် စာချုပ်များ ချုပ်ပြီးဖြစ်

. ဈေးကွက်သုံးသပ်ချက်
အီးယူနိုင်ငံတွေကို မြန်မာ့ဆန်တွေ တင်ပို့ရောင်းချဖို့ စာချုပ်တွေ ချုပ်ဆိုထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်းကနေ သိရပါတယ်။
  • 6.22 mm အရွယ်အစား ပေါင်းဆန်အသွယ်နဲ့ ၅ မှတ် ဆန်ဖြူတွေကို လာမယ့်နှစ် ဇန်နဝါရီလမှာ အီးယူဈေးကွက်ကို တင်ပို့သွားမယ်လို့ အသင်းဥက္ကဋ္ဌ ဦးခင်မြင့်က ပြောပါတယ်။

    “အထွက်ကောင်း အသွယ်ဧည့်မထတွေကို နွေစပါးအတွက် ယုံယုံကြည်ကြည်နဲ့ စိုက်ပျိုးကြပါ”လို့ ၎င်းက တိုက်တွန်းထားပါတယ်။

    ဆန်အဝယ် တစ်နှစ်ပိတ်ထားတဲ့ ဖိလစ်ပိုင်နိုင်ငံကလည်း လာမယ့် ဇန်နဝါရီလမှ စတင်ပြီး ဆန်တင်သွင်းမှုအခွန် ၂၀ ရာခိုင်နှုန်း ပေးသွင်းကာ ဆန်တင်ပို့တဲ့ နိုင်ငံတွေကနေ တန်ချိန် ၃ သန်း ဝယ်ယူသွားမယ်လို့ အတည်ပြုထားပါတယ်။

    ဆန်တင်သွင်းသူတစ်ဦးစီအတွက် တင်သွင်းမှုပမာဏကို ခွဲဝေပေးဖို့ အဆိုပြုချက်ကို ဖိလစ်ပိုင် စိုက်ပျိုးရေးဝန်ကြီးဌာနနဲ့ ဆန်တင်သွင်းသူတွေအကြား ထပ်မံဆွေးနွေးသွားဖို့ ရှိပါတယ်။

    လက်ရှိမှာ ဗီယက်နမ်က စုစုပေါင်းတင်သွင်းမှုရဲ့ ၅၀ ရာခိုင်နှုန်းအထိ ဝေစုရရှိထားပြီး ဒါကို ဖိလစ်ပိုင်အစိုးရက ဝေစုကို ၄၀ ရာခိုင်နှုန်းအထိ ကန့်သတ်ဖို့ အဆိုပြုထားပါတယ်။

    လက်ရှိမှာ တရုတ်နိုင်ငံက သုခနဲ့ ကရင်မဆန် အမျိုးအစားတွေကိုသာ ဝယ်ယူနေပြီး နွေစပါးအဖြစ် ထွက်ရှိလာမယ့် ဧည့်မထအသွယ် စပါးတွေကို ရောင်းချမယ့် တောင်သူကြီးများအတွက် ဈေးကွက်တွေ ရရှိလာတာလို့လည်း အသင်းဥက္ကဋ္ဌ ဦးခင်မြင့်က ဆိုပါတယ်။

    ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ၅ မှတ်နဲ့ ၁၀ မှတ်ဆန်ကို တန်ချိန် ၈၁,၄၄၁ တန်နဲ့ ပေါင်းဆန်ကိုတော့ ၃,၄၀၃ တန် တင်ပို့နိုင်ခဲ့တာကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က ထုတ်ပြန်တဲ့ အချက်အလက်တွေအရ သိရပါတယ်။

    ရန်ကုန်၊ ဒီဇင်ဘာ ၁၆

    BETV Business မှ ကူးယူဖော်ပြပါသည်။

    ------------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
14
comments
1
views
1575