cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

"ကြက်၊ ဝက်ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံထူးကြသူများ (၉)

. ဝက်မွေးမြူနည်း
ထွက်တိုး ဆော့ဝဲလ်၏ "ဆွေးနွေးမယ်" ကဏ္ဍမှ လာ‌ရောက် ပို့စ်တင်ပြီး ဖုန်းဘေထုတ်ယူနိုင်ပါသည်။
  • တောင်သူဦးကြီးများအတွက် ကြက်၊ ဝက်မွေးမြူရေးဆိုင်ရာဗဟုသုတများ တိုးပွားစေရန်နှင့် ဖတ်ရှုသောဆောင်းပါးတိုင်းမှတ်မိစေရန်၊ ဆောင်းပါးများဖတ်ရှုရာတွင် အင်တာနက်ကုန်ကျစရိတ် ကာမိစေရန်အတွက် ထွက်တိုးမှ တောင်သူဦးကြီးတို့အတွက် "ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ" အစီအစဥ်ကို ပြုလုပ်လိုက်ရပါသည်။

    အစီအစဥ် - အင်္ဂါနေ့တိုင်း 🐓 ကြက်မွေးမြူရေးဆောင်းပါးများ

    - ကြာသပတေးနေ့တိုင်း 🐖 ဝက်မွေးမြူရေးနည်းလမ်းကောင်းများ

    ထွက်တိုးဖုန်းဆော့ဝဲနှင့် ထွက်တိုး ဖေ့ဘုတ်ပေါ်တွင် ဆောင်းပါးအသစ် နှင့် ဉာဏ်စမ်းမေးခွန်းတင်ပေးမည်ဖြစ်ပါသည်။

    ကံထူးရှင်များကို ထွက်တိုးမှ

    1️⃣ ပထမဆု – ၁၀,၀၀၀ ကျပ်

    2️⃣ ဒုတိယဆု – ၅,၀၀၀ ကျပ်

    3️⃣ တတိယဆု – ၅,၀၀၀ ကျပ် စီ ချီးမြှင့်ပေးမည်ဖြစ်သည်။

    ထွက်တိုး ဆော့ဝဲလ်၏ "ဆွေးနွေးမယ်" ကဏ္ဍမှ လာ‌ရောက် ပို့စ်တင်ပြီး ဖုန်းဘေထုတ်ယူနိုင်ပါသည်။

    ကြက်ဉာဏ်စမ်း အဖြေမှန်မှာ (၁) မှန် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်

     လည်လိမ်ရောဂါဖြစ်လျှင် အသိစောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ ကုသ၍ လုံးဝမရပါ။ မုချသေမည်ဖြစ်ပါသည်။ ရောဂါမဖြစ်သေးသော ကြက်များကို စောစောရောင်းထုတ်ခြင်း၊ စားလိုက်ခြင်းသာ အကောင်းဆုံးဖြစ်သည်။လည်လိမ်ရောဂါကို လည်လိမ်ကာကွယ်ဆေးသုံးပြီး ကြိုတင် ကာကွယ်နိုင်ပါသည်။ ဆေးကြိုတင်အသုံးပြုကာကွယ်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။

    ဝက်ဉာဏ်စမ်း အဖြေမှန်မှာ (၁) မှန် ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်

    ဝက်ကလေး အသက် ၁၀ ရက်အတွင်း သံဓာတ်ပါသော ထိုးဆေးဖြစ်စေ၊ စားဆေးဖြစ်စေ မဖြစ်မနေပေးရန် လိုပါသည်။ ဝက်ကလေး အသက်(၃)ရက်တွင် တကြိမ်၊ (၇)ရက်တွင်တကြိမ် သံဓာတ်အားဆေးကို ထိုးပေးပါ။ သို့မဟုတ် သံဓာတ်အားဆေးလုံးကို ဝက်ကလေး အသက်(၇)ရက်မှ (၁၀)ရက်အထိ ဝက်တကောင် ဆေး၁လုံးနှုန်းဖြင့် နေ့စဥ်တိုက်ပေးပါ။ ဆေးလုံးကို အမှုန့်ကြိတ်၊ ဆီအနည်းငယ်ထည့်ပြီး ဝက်မနို့ချချိန်တွင် ဝက်မနို့တံကို သုတ်လိမ်း ပေးပါက ဝက်ကလေးများ နို့စို့ရင်းဆေးကို သောက်မိသွားမည်ဖြစ်သည်။ (လူဆေးရောင်းသည့်ဆိုင်တွင် “ဖဲရပ်ဆာလဖိတ်ဆေး” ဟုမေးဝယ်နိုင်ပါသည်။)

    ဖြေဆိုရာတွင် အခက်အခဲများ တစုံတရာ ရှိပါက တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူရန် ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။

    ဉာဏ်စမ်းရင်း ဗဟုသုတတိုးပွားဖို့ ထွက်တိုးသုံးကြစို့။


  • article
  • article
  • article
  • article
likes
15
comments
0
views
1970