cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရေစိုတစ်လှည့် ခြောက်တစ်လှည့်ရေသွင်းစနစ်

. စိုက်ပျိုးအသိပညာ
(Alternate Wetting and Drying)
  • ရာသီဥတုဖောက်ပြန်မှု၊ ပြောင်းလဲခြင်းစသော စိန်ခေါ်မှုများ ကြုံတွေ့ရသောအခါ ထိုအခြေအနေများကို တုံ့ပြန်နိုင်ရန် အတွက် ရေစိုတလှည့် ခြောက်တလှည့်ရေသွင်းစနစ် (AWD) အဘယ်ကြောင့် အသုံးပြုသင့်သည်။ အသုံးပြုပါက ဘယ်လို အကျိုးကျေးဇူးများရရှိနိုင်သလဲဆိုတာကို ဒီဗီဒီယိုမှာဖော်ပြပေးမှာဖြစ်ပါတယ်။

    Alternate Wetting and Drying (AWD) ရေသွင်းစနစ်ဆိုသည်မှာ စပါးစိုက်ပျိုးရာတွင် အသုံးပြုသည့် ရေကို ချွေတာသည့် နည်းလမ်းဖြစ်ပြီး အကျိုးကျေးဇူးများစွာ ပေးဆောင်သည်။

    ရေထိန်းသိမ်းခြင်း- AWD သည် သမရိုးရိုးကျရေသွင်းစနစ် ဖြင့် နှိုင်းယှဉ်ပါက ရေအသုံးပြုမှုကို 15-35% လျှော့ချနိုင်သည်။ အထူးသဖြင့် ရေရှားပါးမှု ရင်ဆိုင်နေရသော ဒေသများတွင် ဤအချက်သည် အထူးအရေးကြီးပါသည်။

    မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချခြင်း- မြေဆီလွှာကို ခေတ္တခဏ ခြောက်စေခြင်းဖြင့် AWDနည်းစနစ် သည် မီသိန်းဓာတ်ငွေ့ထုတ်လွှတ်မှုကို 50% အထိ ဖြတ်တောက်နိုင်ပြီး သဘာဝပတ်ဝန်းကျင်နှင့် ပိုမိုသဟဇာတဖြစ်နိုင်သည်။

    မြေဆီလွှာ ပိုမိုကောင်းမွန်လာခြင်း- AWDစနစ် သည် မြေဆီလွှာဖွဲ့စည်းပုံနှင့် လေဝင်လေထွက်ကို ပိုမိုကောင်းမွန်စေပြီး အမြစ်ကြီးထွားမှုနှင့် အာဟာရဓာတ်စုပ်ယူမှုတို့ကို မြှင့်တင်ပေးနိုင်ရုံသာမက မိုးခေါင်ခြင်းနှင့် ရောဂါကို ခံနိုင်ရည်ပိုရှိသော သီးနှံများအဖြစ် ခံနိုင်ရည်စွမ်းပိုတိုးလာနိုင်ပါတယ်။

    ကုန်ကျစရိတ်သက်သာခြင်း- AWD သည် မြေဆီလွှာပျက်စီးခြင်း နှင့် တိုက်စားမှုတို့ကို လျှော့ချနိုင်သောကြောင့် လယ်သမားများသည် ရေသွင်း ကုန်ကျစရိတ် အပြင် မျိုးစေ့နှင့် ဓာတ်မြေသြဇာများကို သက်သာစေနိုင်သည်။

    AWD စနစ်သည် စပါးခင်းများကို ရေရရှိနိုင်မှု၊ ပြောင်းလဲလာ သော ရာသီဥတုအခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် ကူညီပေးသည်။

    AWD ကို အသုံးပြုပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးဖြစ်အောင် အကောင်အထည်ဖော်လိုက်ပါ။

    ထွက်တိုးတောင်သူများအတွက် အပင်ကြီးထွားမှုအဆင့်အလိုက် ရေအနက်ကို ထိန်းသိမ်းထားသင့်ကြောင်းကို တပါးတည်းဖော်ပြပေးလိုက်ပါတယ်။

    အပင်ကြီးထွားမှု အဆင့်အလိုက် ထားရှိသင့်သည့် ရေအနက်

    • မျိုးညှောင့်ပေါက်အဆင့် - စိုစွတ်ရုံ

    • ပျိုးပင်(စိုက်ပျိုး ၁၀-၂၀)ရက် - ရေမထည့်၊စိုစွတ်ရုံ (အစေ့ကြဲပြီး ဝ-၂၁)ရက်

    • ပင်ပွားအဆင့် - (၁ မှ ၂လက်မ)

    • ပင်စည်ရှည်ထွက်ချိန် -(၂ လက်မ)

    • မှို့ကပ်ချိန်မှ ဗိုက်ဖောင်းချိန် - (၂ မှ ၃ လက်မ)

    • အနှံထွက်ချိန် - (၂ မှ ၃ လက်မ)

    • ပန်းပွင့်ချိန် -( ၂ မှ ၃ လက်မ)

    • နို့ရည်တည်ချိန် - (၁ မှ ၁.၅ လက်မ)

    • နို့ရည်ခဲချိန် - (၁ လက်မ)

    • ရင့်မှည့်ချိန် - ရေပြောင်ထုတ်

    ----------   

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


likes
9
comments
1
views
2095