cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကြက်ငှက်တုပ်ကွေးရောဂါ

. ကြက်မွေးမြူနည်း
ကြက်ငှက်တုပ်ကွေးသည်လည်း ရောဂါဖြစ်ခြင်းကိုသိခြင်းစောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ ဖြစ်ပီ ဆိုပါက ကုသ၍မရနိုင်ပါ။ လူသို့ကူးစက်ပါသည်။ ရောဂါဖြစ်သည့်ကြက်ခြံမှလေကို ရှုမိခြင်း၊ ကြက်သားကိုကြက်အောင်မချက်ဘဲစား ခြင်းတို့ကြောင့်လူသို့ကူးစက်ကာသေနိုင်သည်အထိအန္တရာယ်ရှိသဖြင့်လုံးဝမစားသင့်ပါ။
  • ·      အလွန်ပြင်းသောဗိုင်းရပ်(စ) တမျိုးကြောင့်ဖြစ်ပွားရခြင်းဖြစ်သည်။

    ·      ကြက်တွင်သာမက ငှက်များ၊ဘဲများ၊တွင်လည်းဖြစ်တတ်သည်။

    ရောဂါလက္ခဏာများ

    ·      ရုတ်တရက်သေဆုံးခြင်း၊မှိုင်ကုပ်ခြင်း၊ အသက်ရှုခက်ခြင်း၊ ချွဲသံကြားခြင်း၊ ဝမ်းသွားခြင်း၊ စသည်ဖြင့်ရောဂါ လက္ခဏာများသည် လည်လိမ်ရောဂါနှင့်အလွန်ဆင်တူပါသည်။ရုတ်တရက် ခွဲခြားရအလွန်ခက်ခဲပါသည်။

    ·      အနည်းငယ်ကွာခြားချက်မှာ-ကြက်ငှက်တုပ်ကွေးဖြစ်သော ကြက်သည်မျက်နှာအနည်းငယ်ယောင်ပီး ပြာနှမ်းနေခြင်း-(ခေါင်းအနည်းငယ်ကြီးသည့်ပုံစံဖြစ်တတ်ခြင်း)၊ ကြက်အချို့၏ခြေထောက်တွင်သွေးစက် များတွေ့ရခြင်းဖြစ်သည်။

    ကုသခြင်း

    ·      ကြက်ငှက်တုပ်ကွေးသည်လည်း ရောဂါဖြစ်ခြင်းကိုသိခြင်းစောသည်ဖြစ်စေ၊ နောက်ကျသည်ဖြစ်စေ ဖြစ်ပီ ဆိုပါက ကုသ၍မရနိုင်ပါ။

    ကာကွယ်ခြင်း

    ·      ကာကွယ်ဆေး ရှိသော်လည်းအသုံးပြု၍မရသေးပါ။

    ·      ဇီဝလုံခြုံရေးစံနစ် ဖြင့်သာကာကွယ်ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။

    လူသို့ကူးစက်ခြင်း

    ·      လူသို့ကူးစက်ပါသည်။ ရောဂါဖြစ်သည့်ကြက်ခြံမှလေကို ရှုမိခြင်း၊ ကြက်သားကိုကြက်အောင်မချက်ဘဲစား ခြင်းတို့ကြောင့်လူသို့ကူးစက်ကာသေနိုင်သည်အထိအန္တရာယ်ရှိသဖြင့်လုံးဝမစားသင့်ပါ။

    ·      ရောဂါဖြစ်သည့်ကြက်များ၊ ရောဂါမဖြစ်သေးသည့်ကြက်များ အားလုံးကိုသတ်ပီး မြေမြုပ်ရမည်။ ကျေးရွာ အာဏာပိုင်၊ကျန်းမာရေးဌာန၊ မွေးကု ဦးစီး သို့ ချက်ခြင်းအကြောင်းကြားရမည်။

    ကျေးရွာများတွင် အုပ်လိုက်သေနိုင်သောရောဂါများ ( အရပ်အခေါ်-ကြက်နာကျရောဂါ) ၂ မျိုးသာရှိသော်လည်း လည်လိမ်ရောဂါဖြစ်သည်ကိုမသိသဖြင့် စားမိပါက ပြသနာသိပ်မရှိသော်လည်း ကြက်ငှက်တုပ်ကွေး ဖြစ်သော ကြက်များကို စားမိပါက အလွန်အန္တရာယ်ကြီးမားသဖြင့် ကျေးရွာများတွင် ကြက်များအုပ်လိုက်ရောဂါဖြစ်ပီး သေ နေပါက မည်သည့်ရောဂါဖြစ်သည်ကို ခွဲခြားနိုင်ရန်လိုအပ်ပါသည်။

    ----------

    မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း

    🔗 ဉာဏ်စမ်းဖြေဆိုရန် လင့် - https://htwettoe.com/post/60106

    ကြက်လည်လိမ်ရောဂါအကြောင်း သိကောင်းစရာ - https://htwettoe.com/post/59985

    🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com

    🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4

    🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


  • article
  • article
likes
36
comments
0
views
4140