cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်း - ဒီဇင်ဘာ ၂၃ ရက် မှ ဒီဇင်ဘာ ၂၉ ရက်အထိ ဖြစ်ပေါ်နိုင်သည့်မိုးလေဝသအခြေအနေများ

. ရာသီဥတု သတင်းများ
ဒီဇင်ဘာ ၂၃ ရက် မှ ဒီဇင်ဘာ ၂၉ ရက်အတွင်း၊ ပဲခူးတိုင်းအတွင်းတွင် တိမ်ကင်းစင်နေမှာဖြစ်ပြီး မိုးရွာရန်မရှိပါ။ ည/နံနက်အစောပိုင်းတို့တွင် အပူချိန် ၁၄°C အထိကျဆင်းနိုင် အအေးပိုလာနိုင်ပါတယ်။
  • ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေထုမငြိမ်မသက် (Atmospheric instabilities) အခြေအနေများ 

    ·          အိန္ဒိယသမုဒ္ဒရာတောင်ဘက်ခြမ်းပင်လယ်ပြင်မှာ အပူပိုင်းမုန်တိုင်း NINE ဖြစ်ပေါ်နေပြီး၊ အနောက်ဘက်သို့ဆက်လက်ရွေ့လျားကာ ဒီဇင်ဘာ ၂၈ ရက်မှ စတင်ပြီဂ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ကြောင်းတွေ့ရပါတယ်။ မုန်တိုင်း NINE ရဲ့သက်ရောက်မှုကြောင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ လေပွေလှိုင်းတခုဖြစ်လာနိုင်သည်မှအပ မုန်တိုင်းဖြစ်လာနိုင်မည်မဟုတ်ပါ။ 

    ·          ဒီဇင်ဘာ ၃၀ ရက်နေ့တွင် မုန်တိုင်း NINE သည် CAT-2 ဆိုင်ကလုန်းမုန်တိုင်းအဆင့်ရောက်လာနိုင်ကြောင်း ECMWF Model က ခန့်မှန်းထားပြီး မြန်မာနိုင်ငံတောင်ပိုင်းအစွန် ကော့သောင်းမြို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပြီး မိုးရွာသွန်းနိုင်မည့်အခြေအနေမရှိ အရှေ့-အရှေ့မြောက်ဘက်မှ လေတိုက်နှုန်း တနာရီ ၆ မိုင်မှ ၂၈ မိုင်ခန့်တိုက်ခတ်နိုင်ပါတယ်။ 

    ပဲခူးတိုင်းအတွင်း မြို့နယ်အချို့၏ ၇ ရက်အတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသအခြေအနေ 

    ·          ဒီဇင်ဘာ ၂၃ ရက် မှ ဒီဇင်ဘာ ၂၉ ရက်အတွင်း၊ ပဲခူးတိုင်းအတွင်းတွင် တိမ်ကင်းစင်နေမှာဖြစ်ပြီး မိုးရွာရန်မရှိပါ။ ည/နံနက်အစောပိုင်းတို့တွင် အပူချိန် ၁၄°C အထိကျဆင်းနိုင် အအေးပိုလာနိုင်ပါတယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေများ 

    ·          ပဲခူးတိုင်းအရှေ့ပိုင်း တောင်ငူမြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၃၁°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၄°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၃°C ရှိနိုင်ပါမယ်။ 

    ·          ပဲခူးတိုင်းအရှေ့ပိုင်းက ရွှေကျင်မြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၃၁°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၅°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၃°C ရှိနိုင်ပါမယ်။ 

    ·          ပဲခူးတိုင်းအနောက်ခြမ်း ပြည်မြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၃၀°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၆°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၂°C ရှိနိုင်ပါမယ်။ 

    ·          ပဲခူးတိုင်းအနောက်ခြမ်း မိုးညိုမြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၃၀°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၆°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၂°C ရှိနိုင်ပါမယ်။ 

    ·          ပဲခူးတိုင်းအလယ်ပိုင်း “ပဲခူးရိုးမတောင်ကြောပေါ်က ဆားပြင်ရွာ”မှာ ဒီဇင်ဘာ ၂၄ ရက်နေ့တွင် အပူချိန်အမြင့်ဆုံး ၂၈°C နဲ့ အနိမ့်ဆုံးအပူချိန် ၁၅°C ရှိနိုင်ပါတယ်။ 

    ·          ပဲခူးတိုင်းအတွင်း ဒီဇင်ဘာ ၂၃ ရက် မှ ဒီဇင်ဘာ ၂၉ ရက်နေ့အတွင်း ညအပူချိန်များ(၂၁°C အောက် ၁၄°C)အထိ ကျဆင်းကာ အအေးပိုလာနိုင်ပြီး၊ ဒီဇင်ဘာ ၂၅ ရက်နေ့နံနက်ပိုင်းတွင် အအေးဆုံးရက်ဖြစ်နိုင်ပါမယ်။ 

    ·          ပဲခူးတိုင်းအတွင်း နေ့လည်ဘက် လေထုစိုထိုင်းဆသည် ၄၀% ခန့်ရှိနိုင်ပြီး နံနက်ခင်း/ညနေ/ညအချိန်တွေမှာ ၇၀% ခန့်ရှိနိုင်ပါမယ်။ 

    ·          လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI သည် ပဲခူးတိုင်း-အနောက်ခြမ်းနှင့် ပဲခူးရိုးမပေါ်မှာ 100 to 120 ဝန်းကျင်ခန့်ရှိနိုင်ပြီး၊ ပဲခူးတိုင်းအရှေ့ခြမ်းမှာ 50 ခန့်ရှိနိုင်ပါတယ်။ 

    ·          ပဲခူးတိုင်းတောင်ဘက် မုတ္တမပင်လယ်ကွေ့အတွင်း လှိုင်းအမြင့်ဆုံး ၁ ပေခန့်ရှိနိုင်ပြီး၊ မြောက်၊ အနောက်မြောက်အရပ်များမှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၅ မိုင်ခန့်တိုက်နိုင်ပါတယ်။ 

    ပဲခူးတိုင်းကုန်းတွင်းမှ မြို့နယ်/ခရိုင်များနှင့် ပဲခူးရိုးမတောင်ကြောပေါ်မှာ မြောက်၊ အနောက်မြောက်နှင့်အရှေ့မြောက်အရပ်များမှ လေတိုက်နှုန်းအများဆုံး တနာရီ ၁၅ မိုင်ခန့် ရှိနိုင်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ငါးစာကျွေးရာမှာ သတိပြုသင့်သည်များအကြံပြုချက်  

     သတိထားရမည့်အချက်တွေကတော့ ရေအပူချိန်(၂၅)ဒီဂရီအောက်မှာ အစာကျွေးမယ်ဆိုရင် ငါးက အစာစားချင်စိတ်သိပ်မရှိတဲ့အတွက် ကျွေးသမျှ အစာကို အကုန်စားခြင်း(Active Feeding) မရှိဘဲ အစာကျန်ခြင်း နှင့် လှိုင်းပုတ်၍ကမ်းနားက ဒိုက်တွေထဲတွင် အစာတွေကပ်ကျန်ပြီး အလေ့အလွင့်ဖြစ်ကာ ကန်ရေကို ညစ်ညမ်းစေမှာဖြစ်ပါတယ်။   

    နောက်အချက်ကတော့ အစာကို အချိန်မှန်မှန် ကျွေးဖို့လိုအပ်ပါတယ်။ ဥပမာ အစာကို မနက်၉နာရီမှာ ပုံမှန်ကျွေးနေကျဆိုရင် ငါးကပုံမှန်အစာစားချိန်ကိုသိတဲ့အတွက် ကိုးနာရီထိုးခါနီးမှာ လာစောင့်နေပါတယ်။ ကျွေးနေကျအချိန် ၉နာရီမှာမကျွေးပဲ အချိန်ပြောင်းကျွေးမယ်ဆိုရင် ငါးအစုံက မသိတဲ့အတွက် လာမစားကြဘူး။ အစာကျန်ပြီးကမ်းကပ်ကာအလေအလွင့်ဖြစ်မယ်၊ ရေထဲမှာ ငါးမစားသေးတဲ့အစာတွေက အချိန်အကြာကြီးမျှောနေပြီး အစာထဲမှာပါတဲ့ ဗီတာမင်(Water Soluble Vitamin)များ ဆုံးရှုံးနိုင်ပါသည်။ အဆိုပါ Vitaminများသည် ငါးရဲ့ကိုယ်ခံအား(Immunity)ကို ကောင်းစေသောကြောင့် ၄င်းဗီတာမင်(Vitamin) တွေ အလကားဆုံးရှုံးသွားမှုမရှိအောင် အစာကို အချိန်မှန်မှန်စနစ်တကျကျွေးရပါမည်။  

     စိုက်ပျိုးရေး နှင့် မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ 

    ----------       

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
5
comments
0
views
1795