မွေးမြူရေးစလုပ်ဖို့ ဘယ်တိရစ္ဆာန်ကိုရွေးချယ်မွေးမြူသင့်သလဲ?
တခါမှ တိရစ္ဆာန်မမွေးဖူးဘူး၊ ခုမှ စပြီးမွေးမယ်ဆိုရင် အောက်ပါအချက်များကို အခြေခံပြီး ကိုယ့်အတွက်အသင့်လျော်ဆုံးဖြစ်မဲ့ တိရစ္ဆာန်ကိုရွေးချယ်ပြီး မွေးဖို့အကြံပြုပါတယ်။ အပေါ်က တိရစ္ဆာန်(၄) မျိုးနဲ့နှိုင်းယှဥ် ပေးပါ့မယ်။ ဆိတ်နဲ့သိုး သဘာဝချင်းသိပ်မကွာတဲ့အတွက် ဆိတ်လို့ဘဲရေးပြီး နွား၊ကျွဲကိုလည်း နွား လို့ဘဲ သုံးပါမယ်။
၁။ စျေးကွက်ခိုင်မာခြင်း
ကိုယ်မွေးမဲ့တိရစ္ဆာန်ကို ရောင်းချင်တယ်ဆို အချိန်မရွေးရောင်းလို့ရနိုင်တဲ့ စျေးကွက်ရှိဖို့လိုပါတယ်။ ကိုယ်ရောင်းချင် တဲ့ တိရစ္ဆာန်ကို ရောင်းချင်လို့ ချက်ခြင်းဖြစ်စေ၊ တပတ်လောက်ဘဲစောင့်ရလို့ဖြစ်စေ ရောင်းလို့ရရင်အကောင်းဆုံး ပါ။ “လ” ချီပြီးစောင့်ပြီးမှ ရောင်းရရင် အဆင်မပြေပါဘူး။ ခုနတိရစ္ဆာန် (၄) မျိုးကို အကောင်းဆုံးကို ဘယ်ဘက် ကစပြီး ညံ့သွားတာကို ညာဘက်ရွေ့ထားပေးပါတယ်။
ဒေသကြက်>ဝက်>ဆိတ်> နွား အစဥ်လိုက်ဖြစ်ပါတယ်။
၂။ အမြတ်သေချာခြင်း
ကိုယ်မွေးတဲ့ တိရစ္ဆာန်ကိုအချိန်တန်လို့ရောင်းရင် သေချာပေါက်မြတ်မယ်လို့အတိကျကြီး မပြောနိုင်ပေမဲ့ မြတ်ဖို့ သေချာတဲ့ တိရစ္ဆာန်ဖြစ်ဖို့လိုပါတယ်။ လက်ရှိအနေထားအရ အမြတ်သေချာမှုက အောက်ပါအတိုင်းဖြစ်ပါတယ်။
ဒေသကြက်> ဆိတ်> နွား> ဝက်
၃။ မိမိဒေသ ရာသီဥတုနှင့်ကိုက်ညီမှု ရှိခြင်း
ကိုယ်မွေးမဲ့တိရစ္ဆာန်ဟာ ကိုယ်နေတဲ့နေရာမှာ ရှိတဲ့ ရာသီဥတုနဲ့ကိုက်ညီဖို့လိုပါတယ်။ ခြောက်သွေ့တဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ဆိတ်၊နွားတွေအတွက် အကောင်းဆုံးဖြစ်သော်လည်း မိုးများတဲ့နေရာအတွက်ကတော့ ဆိတ်၊နွား မွေးမြူခြင်းဟာ မကောင်းပါဘူး။
ဒါကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းအတွက် ဆိတ်၊နွား၊ မွေးမြူဖို့သင့်သလို ကျန်တဲ့နေရာတွေမှာ တိုင်းရင်းကြက်နဲ့ ဝက်မွေးတာ ပိုမိုသင့်တော်ပါတယ်။
၄။မြေနေရာ အသင့်တင့်သာလိုအပ်ခြင်း
ကိုယ်မွေးမဲ့တိရစ္ဆာန်ကို ခြံဆောက်ပီး မွေးဖို့ မြေနေရာ အသင့်တင့်တော့ ရှိရမှာပါ။ နေရာကျဥ်းကျဥ်းနဲ့မွေးလို့ရလေ ပိုပြီး ကောင်းပါတယ်။ ဝက်အတွက်ကတော့ မြေနေရာနည်းနည်းရှိရင် မွေးလို့ရပေမဲ့ ကျန်တဲ့တိရစ္ဆာန်တွေအတွက် ကတော့ ပိုမိုကျယ်ဝန်းတဲ့မြေနေရာလိုအပ်ပါတယ်။ ( ပတ်ဝန်းကျင်နဲ့ တော့ အဆင်ပြေဖို့ လိုအပ်ပါတယ်)။
ဝက်> ဒေသကြက်> နွား> ဆိတ်
၅။ အရင်းနှီးနည်းနည်းဖြင့်စတင်နိုင်သကဲ့သို့ အရင်းနှီးနည်းနည်းဖြင့် ဆက်လက်လုပ်ဆောင်နိုင်ခြင်း
မွေးမြူရေးတမျိုးမျိုးလုပ်တော့မယ်ဆိုရင် ခြံဆောက်၊ တိရစ္ဆာန်ဝယ်၊ စတာတွေကို အရင်ဆုံးစလုပ်ရမှာပါ။ ဒီနေရာ မှာ စတင်ရတဲ့အရင်းနှီး နည်းလေကောင်းလေပါ။ အစာတွေ၊ ဆေးတွေကတော့ နောက်မှ တဖြည်းဖြည်း လိုက်လုပ် သွားရမှာပါ။ စတင်ရတဲ့အရင်းနှီးနည်းရင်ကောင်းသလို နောက်ထပ် ထပ်ထည့်ပေးရတဲ့ အရင်းနှီး နည်းလေကောင်း လေဖြစ်ပါတယ်။
ဒေသကြက်> ဆိတ်> နွား> ဝက်
၆။ အချိန်တိုတိုဖြင့်ငွေပေါ်ခြင်း
ကိုယ်မွေးတဲ့တိရစ္ဆာန် ကိုအချိန်တိုတွင်းမှာ ရောင်းချလို့ရရင် ရင်းနှီးထားတဲ့ငွေမြန်မြန်ပြန်ရလို့ ငွေကိုပြန်လည်ပတ် နိုင်ဖို့ အခွင့်သာတဲ့အတွက် အချိန်တိုတိုမွေးပြီး ငွေပေါ်မြန်တဲ့ တိရစ္ဆာန်ကို ရွေးချယ်မွေးမြူဖို့လိုပါတယ်။
ဒေသကြက်> ဝက်> ဆိတ်> နွား
၇။ အချိန်တိုအတွင်း များများတိုးပွားနိုင်ခြင်း
ကိုယ်မွေးထားတဲ့ တိရစ္ဆာန်ကို သားဖောက်မွေးလို့ မြန်မြန်နဲ့များများ သားပေါက်ရင် ကိုယ့်အနေနဲ့ ထပ်မံဝယ်ယူဖို့ မလိုဘဲ ပိုမိုတိုးချဲ့မွေးနိုင်တဲ့အတွက် အဲလိုတိရစ္ဆာန်မျိုးကိုရွေးချယ်မွေးသင့်ပါတယ်။
ဒေသကြက်> ဝက်> ဆိတ်> နွား
---------
မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း
🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com
🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4
🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း