cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငှက်ပျောအူချဥ်ဖောက်ပြီး ဝက်စာအဖြစ် အသုံးပြုကျွေးမွေးခြင်းစနစ်

. ဝက်မွေးမြူနည်း
ငှက်ပျောအူကို ခုတ်ပြီး အစိမ်းအတိုင်းဖြစ်စေ၊ ပြုတ်ပြီးဖြစ်စေ ကျွေးနိုင်သော်လည်း အချဥ်ဖောက်ပြီး ကျွေးမွေးခြင်း က ပိုမိုကောင်းမွန်ပါသည်။
  • အချဥ်ဖောက်လိုက်ခြင်းအားဖြင့်

    ·      အသားဓာတ်သည် ၂% ရှိရာမှ ၁၁% အထိ မြင့်တက်သွားသဖြင့် အသားဓာတ် ပိုမိုများလာခြင်း

    ·      အစာခြေဖျက်မှုနှင့် အစာစုပ်ယူမှုကို ပိုမိုကောင်းစေသဖြင့် ဝက်များကြီးထွားနှုန်း ပိုမိုကောင်းလာခြင်း

    ·      အူလမ်းကြောင်းရှိ အကျိုးပြုသော ဘက်တီးရီးယားပိုးများကို ပိုမိုရှင်သန်စေပြီး ဒုက္ခပေးသော ဘက်တီးရီး ယားပိုးများကို ဖယ်ထုတ်ပေးခြင်းတို့ကြောင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူး များကို ရရှိစေသဖြင့် ငှက်ပျောအူကို အစိမ်းအတိုင်းကျွေးသည်ထက် အချဥ်ဖောက်ကျွေးသင့်ပါသည်။

    အချဥ်ဖောက်နည်း

    ·      အချဥ်ဖောက်ရန် မည်သည့် ငှက်ပျောအူကိုမဆို အသုံးပြုနိုင်သော်လည်း “ရခိုင်ငှက်ပျော” တနည်း “ရေသီ ငှက်ပျော” အူကို အသုံးပြုပါက ပိုမိုကောင်းမွန်ပါသည်။

    ·      မုန့်ဟင်းခါးစားရာတွင် အသုံးပြုလေ့ရှိသည့် အူတိုင်လောက်နုရန်မလိုဘဲ အပေါ်အလွှာ ၃-၄ ထပ်ခန့်ကို အသုံးပြုနိုင်ပါသည်။

    ·      မုန့်ဟင်းခါးတွင်ထည့်သည့် အထူအပါးအတိုင်း ငှက်ပျောအူကို လှီးဖြတ်ပါ။

    ·      ဖြတ်ပြီးသား ငှက်ပျောအူများကို ရေပုံးကဲ့သို့ အဝကျယ်ပြီး ရှည်သော ပလပ်စတစ်ပုံး/ကော်ပုံး ထဲသို့ ၆-၈ လက်မခန့် ဖြန့်ခင်းပါ။

    ·      ယင်းအပေါ်မှ အနည်းငယ်အမှုန့် ကြိတ်ထားသော ထန်းလျက်(သို့) ကြံသကာ နှင့် ဆားအနည်းငယ်ကို ဖြူး ပေးပါ။(ထန်းလျက်/ကြံသကာသည်ငှက်ပျောအူအလေးချိန်၏၁၀-၂၀% ရှိရမည်။ ( ငှက်ပျောအူအလေးချိန် ၁ ပိသာရှိပါက ထန်းလျက်/ကြံသကာ သည် ၁၀ ကျပ်သားမှ ၂၀ ကျပ်သား ရှိရမည်။)

    ·      ထိုသို့ဖြူးပြီးနောက် လက်ဖြင့်ဖိသိပ်ပါ။ လေဟာနယ်မရှိအောင် ဖိသိပ်ပါ။

    ·      ပြီးပါက နောက်ထပ် အလွှာများကို အထက်ပါနည်းအတိုင်း ပြုလုပ်ကာ ပုံးနှုတ်ခမ်းရောက်သည်အထိ ပြု လုပ်ပြီး လေလုံအောင် ပလပ်စတစ်ဖြင့် သေချာစွာအုပ်ထားပါ။ ပြီးမှ အပေါ်မှ အဖုံးပိတ်ပြီး နေရောင်မထိ သော နေရာတွင် သိမ်းထားပါ။

    ·      အေးသောရာသီတွင် ၅-၇ ရက်ကြာလျှင် အချဥ်ပေါက်ပြီး စတင်ကျွေးမွေးနိုင်ပါသည်။ ပူသောရာသီတွင် ၃-၄ ရက် ခန့်ကြာလျှင် အချဥ်ပေါက်ပါသည်။

    ကျွေးမွေးနည်း

    ·      အချဥ်ပေါက်ပြီးသား ငှက်ပျောအူကို စတင်ကျွေးမည်ဆိုပါက ရုတ်တရက် မြောက်များစွာ မကျွေးရပါ။

    ·      စတင်ကျွေးမည်ဆိုပါက ကျွေးလက်စ အစာထဲတွင် လက် ၁ ဆုတ်ခန့် စတင်ရောကျွေးပါ။ နောက်ထပ် ၂ ရက်ခန့်ကြာမှ လက် ၂ ဆုတ်ကျွေးပါ။ နောက်ထပ် ၂ ၇က်ကြာမှ လက် ၃ ဆုတ်ကျွေးပါ။ စသည်ဖြင့် တဖြည်း ဖြည်းတိုးကျွေးပါ။

    ·      ငှက်ပျောချဥ်ဖတ်ကို အစာ၏ ၄၀% ထိသာ ကျွေးပါ။ (ကျွေးလက်စ အစာ ၆၀ % + ငှက်ပျောချဥ်ဖတ် ၄၀%) ဖြစ်ပါသည်။

    ·      ချဥ်ဖတ်ကျွေးစဥ် ပုံးကိုဖွင့်ပြီးနောက် ချက်ခြင်းလေလုံအောင် ပြန်ပိတ်ပါ။

    ·      အချဥ်ပေါက်ပြီး စတင်ကျွေးမွေးချိန်မှ အများဆုံး တပတ်အတွင်း ကုန်အောင် ကျွေးပါ။

    ·      ငှက်ပျောအူချဥ်အရောင်သည် မဲနေခြင်း၊ နီနေခြင်းဖြစ်ပါက မကျွေးပါနှင့်။

    ·      ရက်သားဝက်ငယ် ( အသက် ၁ရက်မှ ၄၅ ရက်) ကို မကျွေးရပါ။ အသက် ၁ခွဲကျော်သည့်ဝက်များကိုသာ ကျွေးပါ။

    ·      ဇီးရှိသောဝက်မ၊ သားပေါက်ဝက်မ များကိုလည်း ကျွေးနိုင်ပါသည်။

    ·      ဝက်များကိုသာမက တိုင်းရင်းကြက်များကိုလည်း ကျွေးနိုင်ပါသည်။

    မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း

    -----------

    🔗 ဉာဏ်စမ်းဖြေဆိုရန် လင့် - https://htwettoe.com/post/60148

    🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com

    🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4

    🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


  • article
likes
13
comments
0
views
1504