cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

“ငရုတ်သီးမှို” ဆိုတာ ဘာလဲ???

. စိုက်ပျိုးအသိပညာ
အများသိတဲ့ “ငရုတ်သီးမှို” ဆိုတာ Aspergillus flavus နဲ့ Aspergillus parasiticus ဆိုတဲ့ မှိုရောဂါပိုးတွေနေ ထုတ်တဲ့ “အယ်လ်ဖလာတောက်ဆင်” (Aflatoxin) အဆိပ်တစ်မျိုးကို ဆိုလိုပါတယ်။
  •  အဲ့ဒီမှိုရောဂါပိုးတွေက ပူပြီးခြောက်သွေ့တဲ့ အပူပိုင်းဒေသနိုင်ငံတွေမှာ အတွေ့ရများပါတယ်။ 

    ဘာလို့ “ငရုတ်သီးမှို” လို့ခေါ်လဲဆိုတော့ အခြောက်လှန်းပြီး သိမ်းဆည်းထားတဲ့ ငရုတ်သီးခြောက်တွေမှာ တွေ့ရများတဲ့အတွက် ဖြစ်ပါတယ်။ 

    ဒါပေမယ့် စိုက်ပျိုးသီးနှံအားလုံး (ဆန်၊ ဂျုံ၊ ပြောင်း၊ ပဲအမျိုးမျိုး) သာမက နို့နဲ့နို့ထွက်ပစ္စည်းတွေမှာလည်း ဒီမှိုတွေပေါက်နိုင်ပါတယ်။  

    “ငရုတ်သီးမှို” ရောဂါပိုးက ဘယ်လိုနည်းနဲ့ အစားအစာတွေထဲရောက်နေနိုင်လဲ?  

    - မိုးခေါင်ပြီးခြောက်သွေ့ခြင်း၊ 

    - စိုက်ပျိုးတဲ့ လယ်တွေမှာ ရောဂါပိုးကျရောက်ခြင်း နဲ့ 

    - ရိတ်သိမ်းပြီး သီးနှံတွေကို စနစ်တကျ သိမ်းဆည်းမှုမရှိခြင်း တို့ကြောင့် ဒီမှိုတွေ ပေါက်နိုင်ပါတယ်။ 

     ပြောင်း နဲ့ မြေပဲစတဲ့ သီးနှံတွေမှာ မရိတ်သိမ်းခင်ကပင် အယ်လ်ဖလာတောက်ဆင် (Aflatoxin) တွေ ရှိနေတတ်ပါတယ်။ 

     ဆန်၊ ကော်ဖီစေ့တွေနဲ့ ငရုတ်သီးတွေမှာတော့ ရိတ်သိမ်းပြီး သိမ်းဆည်းမှု မမှန်ကန်လို့ မှိုတွေပေါက်ပြီး “အယ်လ်ဖလာတောက်ဆင်” (Aflatoxin) တွေရှိနေတာဖြစ်ပါတယ်။  

    ပူပြီးစိုထိုင်းဆများတဲ့ သိုလှောင်ရာနေရာတွေက ဒီလိုမှိုတွေပေါက်ဖို့ အားပေးသလိုဖြစ်ပါတယ်။ 

    “အယ်လ်ဖလာတောက်ဆင်” (Aflatoxin) က ဘယ်လောက်ထိဆိုးရွားလဲ? 

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ အဆိုအရ ကမ္ဘာပေါ်က စိုက်ပျိုးသီးနှံခင်းတွေရဲ့ ၂၅% ရာခိုင်နှုန်းလောက်သည် “အယ်လ်ဖလာတောက်ဆင်” (Aflatoxin) တွေကြောင့် နှစ်စဉ်ဖျက်ဆီးနေရပါတယ်တဲ့။ 

    ကမ္ဘာ့ရဲ့ စိုက်ပျိုးထုတ်လုပ်မှုတွေကို အများကြီးထိခိုက်နေတာပေါ့။ 

    ☆ လူတွေကို ဘယ်လိုဒုက္ခပေးလဲ? 

     “အယ်လ်ဖလာတောက်ဆင်” (Aflatoxin) ပါတဲ့ အစားအစာတွေကို ကြာရှည်စားသောက်ခြင်းက ရောဂါတွေအများကြီးဖြစ်စေပါတယ်။  

    “အယ်လ်ဖလာတောက်ဆင်” (Aflatoxin) အမျိုးအစားပေါင်း ၁၄ မျိုး နဲ့ အထက်ရှိပြီး ဘီ-၁ (B1) အမျိုးအစားသည် ကင်ဆာဖြစ်စေသည်အထိ ဆိုးရွားပါတယ်။ 

     အထူးသဖြင့် အသည်းကင်ဆာဖြစ်စေပါတယ်။  

    - ကိုယ်ဝန်ဆောင်တွေမှာဆို မွေးလာတဲ့ကလေးတွေမှာ မွေးရာပါ ကိုယ်အင်္ဂါမစုံမလင် မွေးဖွားလာတတ်ပါတယ်။ 

    - ကလေးငယ်တွေမှာဆိုရင် ခန္ဓာကိုယ် ဖွံ့ဖြိုးမှုနှောင့်နှေးတာတွေဖြစ်တတ်တယ်။ 

    - အရွယ်ရောက်ပြီးသူတွေမှာတော့ ကိုယ်ခံအားကျဆင်းတတ်ပြီး ရောဂါပိုးဝင်လွယ်ပါတယ်။ 

     “အယ်လ်ဖလာတောက်ဆင်” (Aflatoxin) ပိုးတွေကို ကြာရှည်စားသုံးမိနေတာမျိုးမဟုတ်ဘဲ ရုတ်တရက် အစာအဆိပ်သင့်သလိုမျိုးလည်း ဖြစ်နိုင်တယ်။ 

     အယ်လ်ဖလာတောက်ဆင် (Aflatoxin) ပိုးတွေ တစ်ခါတည်း အများကြီးကို ၁ ပတ်ကနေ ၃ပတ် အတွင်းစားမိခြင်းက ရုတ်တရက်အဆိပ်သင့်ခြင်း (Acute Poisoning) ဖြစ်တတ်ပါတယ်။  

    အဲ့လိုဆိုရင်တော့ ရုတ်တရက်အသားတွေဝါလာပြီး အသည်းအလုပ်မလုပ်တော့သည်အထိ ဖြစ်တတ်ပါတယ်။ 

    အသက်အန္တရာယ်ရှိပါတယ်။ အနီးကပ်ဆုံး ဥပမာကတော့ တန်ဇန်နီးယားနိုင်ငံမှာ (၂၀၁၆) ခုနှစ်ကဖြစ်ပွားခဲ့တယ်။ 

     ဒါဆို “အယ်လ်ဖလာတောက်ဆင်” (Aflatoxin) အဆိပ်မသင့်အောင် ဘယ်လိုလုပ်မလဲ? 

     ဒါကသိပ်တော့မလွယ်ဘူး။ 

    အားလုံးက တာဝန်သိသိနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့လိုတယ်။ 

     စိုက်ပျိုးသူတွေကလည်း စိုက်ပျိုး၊ ရိတ်သိမ်ပြီး သိုလှောင်ခြင်း အဆင့်ဆင့်မှာ စနစ်တကျ လုပ်ဖို့လိုပါတယ်။ 

    အစားအစာထုတ်လုပ်သူတွေဘက်ကနေလည်း ရောဂါပိုးပါဝင်မှုမရှိအောင် ပိုးသတ်စနစ်တွေသုံးပြီး အစားအစားတွေကြောင့် စားသုံးသူအန္တရာယ်မဖြစ်စေရေး လုပ်ဆောင်ရပါမယ်။  

    အစားအသောက် နဲ့ ဆေးဝါးကွပ်ကဲရေး (FDA) လို ဌာနတွေကလည်း အစားအစားတွေ ဘေးအန္တရာယ်ကင်းရေးကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်ရပါမယ်။ 

     စားသုံးသူတွေကလည်း စနစ်တကျ ပိုးသတ်ထားတဲ့ သန့်ရှင်းတဲ့ အစားအစာတွေကိုသာ စားသုံးသင့်ပါတယ်။ 

    အစားအစာတွေကို တာရှည်သိမ်းဆည်းထားခြင်းက မှိုတွေပေါက်နိုင်တဲ့အတွက် လတ်လတ်ဆတ်ဆတ် ချက်ပြုတ်စားသောက်ဖို့လိုပါတယ်။  

    "အစားမတော်တစ်လုတ်" ဆိုတဲ့ စကားပုံရှိတာမို့ အစားအစာများစားသုံးတဲ့အခါ သတိထားဆင်ခြင်နိုင်ဖို့ ရည်သန်ပြီး အများသိချင်မယ်လို့ ထင်တဲ့ “ငရုတ်သီးမှို” (သို့) “အယ်လ်ဖလာတောက်ဆင်” (Aflatoxin) အဆိပ် အကြောင်း တင်ဆက်ပေးလိုက်ပါတယ်။  

    ကျွန်တော် ဒေါက်တာစိုးသီဟမောင်က ကျန်းမာရေးဆိုင်ရာ ဗဟုသုတဆောင်းပါးမှ ကုးယူဖော်ပြသည်။ ---------------  ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe   

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။   


  • article
likes
5
comments
0
views
1021