ဧရာဝတီတိုင်း - ဒီဇင်ဘာ ၂၅ ရက် မှ ဒီဇင်ဘာ ၃၁ ရက်အထိ ဖြစ်ပေါ်နိုင်သည့်မိုးလေဝသအခြေအနေများ
လက်ရှိဖြစ်ပေါ်လျှက်ရှိသော မုန်တိုင်း၊ လေပွေလှိုင်းများသည် မြန်မာနိုင်ငံအပေါ်သို့ သက်ရောက်မှုမရှိနိုင်ပဲ အရှေ့မြောက်နှင့်အနောက်မြောက်ဘက်တို့မှ လေအေးများဆက်လက်တိုးဝင်လျှက်ရှိခြင်းကြောင့် နေ့အပူချိန်များကျဆင်းသော်လည်း၊ မြေဆီလွှာစိုထိုင်းဆလျော့နည်းလာမှုကြောင့် မြေဆီလွှာအစိုဓါတ်လျော့နည်းမည့်အခြေအနေကို ဆက်လက်ကြုံတွေ့ရမှာဖြစ်ပါတယ်။
တပတ်အတွင်း မိုးရွာနိုင်သည့်အခြေအနေမရှိပါ။
ငါးဖျဉ်းစွဲခြင်း(Dropsy disease) ၏ ကာကွယ်ကုသနည်း
ငါးမွေးတောင်သူအများစု ကြုံတွေ့နေရသော ငါးရောဂါ တမျိုးမှာ ငါးများ ငါးများ ဗိုက်ဖောင်းပွပြီး ဗူပေါင်းကဲ့သို့ဖြစ်နေခြင်းဖြစ်သည်။
ကာကွယ်ခြင်းနှင့်ကုသခြင်းမှာ
(၁)အမော်စလင် (သို့မဟုတ်)အယ်ရီသရိမိုင်စင်ကဲ့သို့ ပဋိဇီဝဆေးများကို အစာတစ်ကီလိုလျှင် ၊ဆေး (၂-၃)ဂရမ်အထိထည့်ပြီး (၇-၁၀)အထိကျွေးပေးပါ။
(၂)ရောဂါဖြစ်ပွားသော ငါးကို ပိုတက်စီယမ်ပါမင်းဂနိတ်ဖျော်ရည်တွင် (၁-၂) မိနစ် စိမ်ထားခြင်းဖြင့် ကုသနိုင်ပါသည်။
-----------
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း