cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မန္တလေးတိုင်း ဒီဇင်ဘာလ ၂၆ ရက် မှ ဇန်နဝါရီလ ၁ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
မိုးရွာသွန်းနိုင်ခြေမရှိပါ။
  • လက်ရှိဖြစ်ပေါ်လျှက်ရှိသော မုန်တိုင်း၊ လေပွေလှိုင်းများသည် မြန်မာနိုင်ငံအပေါ်သို့ သက်ရောက်မှုမရှိနိုင်ပဲ အရှေ့မြောက်နှင့်အနောက်မြောက်ဘက်တို့မှ လေအေးများဆက်လက်တိုးဝင်လျှက်ရှိခြင်းကြောင့် နေ့အပူချိန်များကျဆင်းသော်လည်း၊ မြေဆီလွှာစိုထိုင်းဆလျော့နည်းလာမှုကြောင့် မြေဆီလွှာအစိုဓါတ်လျော့နည်းမည့်အခြေအနေကို ဆက်လက်ကြုံတွေ့ရမှာဖြစ်ပါတယ်။  

    Win Naing 

    Administration Team, 

    MMWEATHER,  

    ငါး/ပုစွန် ကန်များအတွက်အကြံပြုချက်   

    ငါးမွေးမြူရေးလုပ်ငန်းမှာ ငါးကန်သန့်ရှင်းအောင် ဆောင်ရွက်ခြင်းသည် အရေးကြီးသော အချက်တွေထဲတွင် ပါဝင်ပါတယ်။ ဒါကြောင့်မို့လို့ ငါးမွေးမြူရေးလုပ်ကိုင်သူတိုင်း သိသင့်သော ဆောင်ရန်နှင့်ရှောင်ရန်အချက်ကို မျှဝေပေးလိုက်ပါတယ်။  

     - အစာပမာဏကို လိုအပ်သည့်ပမာဏအတိုင်းသာတွက်ချက်၍ ကျွေးပေးခြင်း   

    - အစာကျွေးတဲ့အခါမှာ ငါးကန်ထဲမှာရှိတဲ့ ငါးအရေအတွက်နှင့် ငါးအလေးချိန်ပေါ်မှုတည်ပြီး လိုအပ်တဲ့ အစာပမာဏတိုင်းသာ တွက်ချက်ပြီး ကျွေးပေးဖို့လိုပါတယ်။   

    - ဒါ့အပြင် ကန်ထဲတွင် အစာအကြွင်းအကျန်မရှိအောင်လည်း ဂရုစိုက်ရပါမယ်။   

    - အစာအကြွင်းအကျန်များမယ်ဆိုရင် အပင်မျှော(Phytoplankton) ပေါက်ပွားမှုများလာခြင်း၊ အစာအကြွင်းအကျန်များ ပုပ်ပွပျက်စီးပြီး အမိုးနီးယား (Ammonia) ထွက်ခြင်းနှင့် ညအချိန်တွင်ငါးကန်ရေမှာပျော်ဝင်နေသောအောက်စီဂျင် (Dissolved Oxygen)သည် လုံလောက်သော ပမာဏတွင်မရှိတော့သောကြောင့် Oxygenကျခြင်း စသည်တို့ကိုဖြစ်ပေါ်စေနိုင်ပြီး ကန်ထဲရှိ ငါးများ သေဆုံးတာမျိုး ဖြစ်တတ်ပါတယ်။  

    ရေလုပ်ငန်းနှင့်ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ 

    ---------        

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင် ဝင်ရောက်မေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
1
comments
0
views
1223