တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်
(၂၂.၁၂.၂၀၂၅ မှ ၂၆.၁၂.၂၀၂၅)
မတ်ပဲ
ဒီဇင်ဘာ ပိတ်ရက်များကြောင့် မတ်ပဲဈေးက ဒီတစ်ပတ်တွင်လည်း ထပ်မံကျဆင်းလာပြီး တစ်တန်လျှင် ကျပ် ၂၇ သိန်းအောက်သို့ ပြန်လည်ကျဆင်းသွားကြောင်း တွေ့ရပါသည်။ အရင်တစ်ပတ်နှင့် နှိုင်းယှဉ်လျှင် တစ်တန်လျှင် ကျပ် ၆၀,၀၀၀ ခန့် ဈေးကျသွားခြင်း ဖြစ်ပါသည်။
ဒီဇင်ဘာ ပိတ်ရက်အတွင်း ကုန်စည်ဒိုင်များ ပိတ်ထားသည့်အချိန်များ ရှိခဲ့ခြင်းကြောင့် ဈေးကွက်တွင် အကျပိုင်း သက်ရောက်မှု ရှိနေပါသည်။
လက်ရှိတွင် မတ်ပဲကို ပြည်ပသို့ တင်ပို့နေသော်လည်း ပဲအသစ်များ ဈေးကွက်ထဲ ဝင်ရောက်လာခြင်းနှင့် အရည်အသွေး မကောင်းသော ပဲများ ရောနှောဝင်ရောက်လာခြင်းတို့ကြောင့် ဈေးကျနေကြောင်း ကုန်သည်များက သုံးသပ်ကြပါသည်။
ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်တွင်
- တနင်္လာနေ့ – ကျပ် ၂,၇၀၅,၀၀၀
- အင်္ဂါနေ့ – ကျပ် ၂,၆၇၆,၀၀၀
- ဗုဒ္ဓဟူးနေ့ – ကျပ် ၂,၆၈၇,၀၀၀
အရင်အပတ်တွင် မတ်ပဲ FAQ တစ်တန်လျှင် ကျပ် ၂,၇၂၇,၀၀၀ မှ အမြင့်ဆုံး ကျပ် ၂,၇၄၇,၀၀၀ အထိ ရှိခဲ့ပါသည်။
ပဲစင်းငုံနီ
ပဲစင်းငုံနီဈေးမှာ တစ်ပတ်အတွင်း အတက်အကျ မတည်ငြိမ်ဘဲ ပြောင်းလဲနေပါသည်။ ပြီးခဲ့သည့်အပတ်နှင့် နှိုင်းယှဉ်လျှင် ဈေးကျဆင်းသွားသော်လည်း ဒီတစ်ပတ်အတွင်းတွင် ပြန်လည်တက်လာမှု တွေ့ရပါသည်။ စုစုပေါင်းအားဖြင့် တစ်တန်လျှင် ကျပ် ၈၀,၀၀၀ ခန့် ဈေးကျသွားခြင်း ဖြစ်ပါသည်။
ဈေးကွက်ကျဆင်းနေသော်လည်း ကုန်စည်ဒိုင်နှင့် ပွဲရုံများသို့ ပဲအသစ်များ ဆက်လက်ဝင်ရောက်နေပြီး အရောင်းအဝယ်ကောင်းနေဆဲ ဖြစ်ပါသည်။ ပဲစင်းငုံနီကိုလည်း ပြည်ပသို့ တင်ပို့နေဆဲ ဖြစ်ပါသည်။
ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်တွင်
- တနင်္လာနေ့ – ကျပ် ၂,၅၄၀,၀၀၀
- အင်္ဂါနေ့ – ကျပ် ၂,၅၅၀,၀၀၀
- ဗုဒ္ဓဟူးနေ့ – ကျပ် ၂,၅၇၅,၀၀၀
အရင်အပတ်တွင် ပဲစင်းငုံနီ တစ်တန်လျှင် ကျပ် ၂,၅၆၀,၀၀၀ မှ ကျပ် ၂,၆၂၅,၀၀၀ အထိ ရှိခဲ့ပါသည်။
အာလူး
အာလူးဈေးမှာ ပြည်တွင်း ဒေသထွက်အာလူးနှင့် တရုတ်အာလူး နှစ်မျိုးစလုံး ဈေးကျနေကြောင်း သိရပါသည်။ ဒေသထွက်အာလူးများအနက် လုပ်ငန်းသုံး ရမ်းဘား အကြော်သီးဆိုက် အကြီးများ၏ ဈေးနှုန်းမှာ အထူးသဖြင့် ပြန်လည်ကျဆင်းနေပါသည်။
ယခုနှစ်တွင် အကြော်သီးဆိုက် အာလူးကြီးများ၏ အရည်အသွေး မကောင်းခြင်းကြောင့် ဝယ်လိုအား ကျဆင်းကာ ဈေးနှုန်းပါ ကျဆင်းခဲ့ကြောင်း ကုန်သည်များက ဆိုကြပါသည်။ တရုတ်အာလူးများလည်း ပြည်တွင်းသို့ ပုံမှန် ဝင်ရောက်နေဆဲ ဖြစ်ပါသည်။
အောင်ပန်း ကုန်စည်ဈေးကွက်တွင်
- မားကစ် S2 / S3 – ကျပ် ၆,၀၀၀
- မျက်နီ S2 / S1 – ကျပ် ၅,၅၀၀
- မျက်နီ S1 / OK – ကျပ် ၅,၃၀၀
- မျက်နီ OK – ကျပ် ၅,၀၀၀
ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်တွင်
- အောင်ပန်း OK အသစ် – ကျပ် ၃,၃၀၀
- အောင်ပန်း S1 – ကျပ် ၃,၈၀၀
- အောင်ပန်း S2 – ကျပ် ၄,၃၀၀
တရုတ်အာလူးမှာ တစ်ပိဿာလျှင် ကျပ် ၅,၂၀၀ မှ ၅,၃၀၀ အတွင်းသာ ရှိပါသည်။
ကြက်သွန်နီ
လက်ရှိတွင် ကြက်သွန်နီ အသစ်၊ အဟောင်း အားလုံး၏ ဈေးနှုန်းများ တက်လာကြောင်း သိရပါသည်။ အထူးသဖြင့် ကြက်သွန်အသစ်များမှာ အရည်အသွေးကောင်းပြီး ပြည်ပတင်ပို့ရန် စံချိန်မီသဖြင့် ဈေးပိုမြင့်ကာ အရောင်းအဝယ်လည်း ကောင်းနေပါသည်။
ရန်ကုန် ဘုရင့်နောင် ကုန်စည်ဒိုင်တွင်
- ဆိပ်ဖြူ ကြက်သွန် – ကျပ် ၅၅၀ မှ ၂,၈၀၀
- မြင်းခြံ ကြက်သွန် – ကျပ် ၂,၂၀၀
- ကြက်သွန် အသစ် – ကျပ် ၃,၅၀၀ အထိ
ပြည်ပတင်ပို့မှု FOB ဈေးနှုန်းများမှာ
- အရွယ်အစား ၄၀ မီလီမီတာ အထက် – တစ်တန်လျှင် ဒေါ်လာ ၃၃၀ မှ ၃၄၀
- ၃၀ မှ ၃၈ မီလီမီတာ – ဒေါ်လာ ၂၅၅ မှ ၂၆၅
- ၂၀ မှ ၃၀ မီလီမီတာ – ဒေါ်လာ ၁၃၀ မှ ၁၄၀
ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာ နယ်ဒေသအချို့မှ ထွက်ပေါ်လာပြီး ဈေးကွက်သို့ ဝင်ရောက်လာသဖြင့် ပြည်မဘက်တွင် ဈေးကျသွားသော်လည်း ရှမ်းတောင်ဒေသတွင် ထွက်ရှိမှု နည်းပါးခြင်းကြောင့် ဈေးထပ်တက်လာပါသည်။
ပြည်မတွင် ဗမာသီး (ကျားခြေရာသီး) ကိုင်းသီးများလည်း ဈေးကျနေပြီး တစ်ပိဿာလျှင် ကျပ် ၆,၀၀၀ ဝန်းကျင်ရှိကာ ပုံမှန် ခရမ်းချဉ်သီးမှာ ကျပ် ၄,၀၀၀ ဝန်းကျင်သာ ရှိပါသည်။
အောင်ပန်း ကုန်စည်ဈေးကွက်တွင်
- ခရမ်းချဉ် ဂွတ်သီး – ကျပ် ၆,၀၀၀
- ခရမ်းချဉ် ရှယ်သီး – ကျပ် ၅,၅၀၀
- ခရမ်းချဉ် အသေးသီး – ကျပ် ၅,၀၀၀
AMIA မှ ပေးပို့ပါသည်။
---------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း