ကြံအူနီ (သို့) အူပုပ် ရောဂါ
Colletotrichum falcatum ကြောင့်ဖြစ်သော ကြံအူနီပုပ်ရောဂါကြောင့် ကြံရွက်များ၏ ရွက်လယ်ကြောများတွင် ရှည်လျားသည့် အနီရောင်အနာကွက်များကို တွေ့မြင်ရမည် ဖြစ်ပြီး ကြံပင်၏ အပေါ်ဘက် မှ စ၍ အရွက်အဝါရောင်ပြောင်းခြင်း၊ ခြောက်သွေ့ခြင်း များဖြစ်လာပြီး ကြံပင်၏ ပင်စည် အတွင်းပိုင်းတွင် အနီရောင်ပြောင်း၍ အူတိုင်ပွလာခြင်း ၊ အနီရောင်အတွင်းသားတွင် ပင်စည်နဲ့ အပြိုင် အဖြူရောင်အစက်ထောင့်ကွက်များ ပေါ်လာခြင်းနှင့် အပင်ကို ဖြတ်ကြည့်သောအခါ အရက်နံ့ဆန်ဆန် (fermented/alcoholic smell) ထွက်လာခြင်းတို့ကို တွေ့ရသည်။ နောက်ဆုံးတွင် အပင်များမှာ ခြောက်သွေ့၍ အလေးချိန်လျော့နည်းလာကာ ကျုံ့သွားပြီး အနက်ရောင်မှိုအစက်များ ထွက်ပေါ် လာသည်ကို တွေ့ရှိနိုင်ပါသည် ။ ကြံပင်သက်တမ်း (၂၁၀ -၂၄၀) ရက်သားတွင် ကျရောက်တတ်သည်။ ကြံအူနီရောဂါကြောင့် အထွက်နှုန်း (၃၀- ၁၀၀)% ထိလျော့ကျနိုင်ပြီး အချိုဓာတ် ကို (၅၀-၈၀)% ထိ ကျဆင်းစေနိုင်ပါသည်။
ကာကွယ်နှိမ်နင်းနည်
- ရောဂါဒဏ်ခံနိုင်ရည်ရှိကြံမျိုးများ စိုက်ပျိုးပါ။ မစိုက်ပျိုးမှီ ကြံမျိုးပိုင်းများ အား ရေနွေးပူ (၅၀)°C တွင် (၂)နာရီခန့် စိမ်၍ စိုက်ပျိုးပါ။ (သို့မဟုတ်) ထုံး ၄ ပိသာကို ရေ လီတာ ၁၀၀ တွင်ဖျော်ပြီး နာရီဝက်ခန့် စိမ်ပြီး စိုက်ပျိုးပေးပါ။
- ရောဂါရကြံပင်အားနုတ်၍မီးရှို့ပါ။ ရောဂါကျကြံခင်းအားလမိုင်းထားခြင်းမှရှောင်ကြဉ်ပါ။ ရောဂါရ ကြံခင်းအား လျင်မြန်စွာ ခုတ်သိမ်းရန်နှင့် သီးလှည့်စိုက်ပျိုးပါ။
- ဆေးပုံးတစ်ပုံးလျှင် Copper Oxychloride (၈၅%) ဒဗလျူပီဆေးမှုန့် ဟင်းစားဇွန်း(၆)ဇွန်း၊ ရေ (၄) ဂါလန်နှင့်ရောစပ်ပြီး (၇-၁၀) ရက်ခြားတစ်ကြိမ် ပက်ဖျန်းပေးပါ။
References- “Pathological and molecular variation in Colletotrichum falcatum Went isolates causing red rot of sugarcane in the Northwest zone of India.” Journal of Plant Protection Research 53(1): 37-41
-------------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း