cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မွေးမြူရေးစလုပ်ဖို့ ဘယ်တိရစ္ဆာန်ကိုရွေးချယ်မွေးမြူသင့်သလဲ? (၂)

. ဝက်မွေးမြူနည်း
ရောဂါဖြစ်ပွားနိုင်မှု၊ အစာဘိုးကုန်ကျမှု၊ အစာမှအသားသို့ ပြောင်းလဲနှုန်းတို့ပေါ်မူတည်ပြီး တိရစ္ဆာန် ရွေးချယ်မွေးမြူသင့်ပုံ ရှင်းလင်းချက်
  • ၈။ ရောဂါဖြစ်ပွားနိုင်ခြေနည်းခြင်း

    ကိုယ်မွေးတဲ့တိရစ္ဆာန်မှာ ဖြစ်နိုင်တဲ့ရောဂါ နည်းလေကောင်းလေဖြစ်ပါတယ်။ ရောဂါအတွက် စွန့်စားရမှု(risk) နည်း လေကောင်းလေဖြစ်ပါတယ်။

    နွား> ဆိတ်> ကြက်> ဝက်

    ၉။ ရောဂါဖြစ်သော်လည်း ကုသလို့ရတဲ့ရောဂါများဖြစ်ခြင်း

    တချို့သော တိရစ္ဆာန်ရောဂါတွေမှာ ဖြစ်ပြီဆိုရင် အသိတစောတာဖြစ်စေ၊ နောက်ကျတာဖြစ်စေ၊ သေကိုသေစေတဲ့ ရောဂါတွေရှိပါတယ်။ ဥပမာ-ဗိုင်းရပ်(စ) အပြင်းစားကြောင့်ဖြစ်တဲ့ ရောဂါတွေဆိုရင် သေတာများပါ တယ်။ ဝက်မှာဆို အာဖရိကဝက်အပြင်းဖျားရောဂါ၊ ကြက်မှာဆို လည်လိမ်ရောဂါ အစရှိသဖြင့်ပေါ့။ နွားနဲ့ဆိတ် တွေမှာတော့ ဖြစ်တဲ့ရောဂါအတော်များများဟာ ဘက်တီးရီးယားရောဂါတွေဖြစ်တဲ့အတွက် သိတာစောရင် ကုလို့ ရတဲ့အတွက် တပမ်းသာပါတယ်။ နွားက အကောင်းဆုံးဖြစ်ပြီး ဝက်ကတော့ အဆိုးဆုံးပါ။

    နွား> ဆိတ်> ကြက်> ဝက်

    ၁၀။ အစာဘိုးကုန်ကျမှုနည်းခြင်း

    မွေးမြူရေးတခုလုပ်ရင် ကုန်ကျစားရိတ်စုစုပေါင်း ၁၀၀ ရာခိုင်နှုန်း ရှိရင် အစာအတွက်ကုန်ကျစားရိတ်က ၆၀-၇၀ ရာခိုင်နှုန်းဖြစ်တဲ့အတွက် အစာစာရိတ်ကုန်ကျတဲ့တိရစ္ဆာန်ကို မွေးမြူသင့်ပါတယ်။ ဝက်ဆိုရင်တော့ အစာဘိုးကုန် ကျမှုများပြီး နွား၊ ဆိတ်တွေကတော့ စားကျက်လုံလောက်အောင်ရှိရင် အစာဘိုးကုန်ကျမှုနည်းမှာ ဖြစ်ပါတယ်။

    နွား> ဆိတ်> ဒေသကြက်> ဝက်

    ၁၁။ အစာမှအသားသို့ ပြောင်းလဲနှုန်း (Low FCR)

    FCR- Feed Conversion Ration/Rate ဆိုတာက အာဟာရသင့်တင့်တဲ့ အစာ ၁ ပိသာကျွေးလိုက်လို့ အသားဘယ် ပိသာရသလဲဆိုတဲ့နှုန်း ကိုခေါ်တာပါ။ ဥပမာ- အစာ ၂ ပိသာကျွေးလိုက်လို့ အသား ၁ ပိသာရရင် ၂:၁ လို့ခေါ်ပါ တယ်။ အစာ ၃ ပိသာကျွေးမှ အသား ၁ ပိသာရရင် FCR ၃:၁ လို့ခေါ်ပါတယ်။ FCR နည်းလေကောင်းလေပါဘဲ။

    ကိုယ့်ရဲ့စီမံခန့်ခွဲမှုကောင်းမကောင်း၊ မျိုးကောင်းရွေးချယ်ခြင်း အပေါ်မှာလည်းမူတည်ပြီး အကြမ်းအားဖြင့် ဒေသ ကြက်တွေမှာ FCR ၃-၃.၅:၁ ၊ ဝက်တွေမှာ ၃-၃.၅:၁ ၊ ဆိတ်တွေမှာ ၃.၅-၅.၅:၁ ၊ နွားတွေမှာ ၄.၅-၇:၁ ဖြစ်ပါတယ်။

    ဝက်၊ဒေသကြက်> ဆိတ်> နွား

    ဆက်ရန် - အပိုင်း ၃

    -------

    မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း

    🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com

    🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4

    🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


  • article
likes
11
comments
2
views
1069