cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဝက်ရောဂါများနှင့် ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာလမ်းညွှန်

. ဝက်မွေးမြူနည်း
ဝက်မွေးမြူရေးလုပ်ဆောင်သူများသည် ဝက်ကိုအောင်မြင်စွာမွေးမြူနိုင်ကြသော်လည်း ရံဖန်ရံခါ ဝက်ရောဂါများ ဖြစ်ပွားပြီး မကြာခဏဆုံးရှုံးမှုများကို ကြံတွေ့ရတတ်ပါသည်။
  • ထို့ကြောင့်ဝက်များတွင် မည့်သို့ရောဂါဖြစ်တတ်ပုံသ ဘောတရားများ၊ အဖြစ်များသောရောဂါတချို့နှင့် မည်ကဲ့သို့ကာကွယ်ကုသရမည်ကို ဖော်ပြအပ်ပါသည်။

     ဝက်ရောဂါများဖြစ်ရသည့်အကြောင်းအရင်းများ

    ဝက်များတွင် ရောဂါဖြစ်ပွားရသည့်အကြောင်းရင်းများစွာရှိသော်လည်း အဖြစ်များသော အကြောင်းရင်း (၃) ခုကို

    ဖော်ပြအပ်ပါသည်။

    ၁။ ကူးစက်ရောဂါ

    ၂။ ကပ်ပါးရောဂါ

    ၃။ အာဟာရချို့တဲ့ခြင်းကြောင့် ဖြစ်တတ်သောရောဂါများဟု (၃) မျိုးရှိနိုင်ပါသည်။

    ၁။ ကူးစက်ရောဂါ

    ·      ကူးစက်ရောဂါကို အဓိကဖြစ်စေသည့်တရားခံမှာ သာမန်မျက်စေ့ဖြင့်မမြင်နိုင်သော ဒုက္ခပေးသော ရောဂါပိုးများကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။

    ·      ထိုသို့ဒုက္ခပေးသော ရောဂါပိုးအုပ်စုများစွာရှိသော်လည်း မဖြစ်မနေသိထားသင့်သော ရောဂါပိုးအုပ်စုကြီး (၂)ခုရှိပါသည်။

    ၁။ ဘက်တီးရီးယားအုပ်စု

    ၂။ ဗိုင်းရပ်(စ်) အုပ်စု တို့ဖြစ်ပါသည်။

    ၁။ ဘက်တီးရီးယားအုပ်စု

    ·      ဘက်တီးရီးယားအုပ်စုအောက်တွင် ဘက်တီးရီးယား မြောက်များစွာရှိပါသည်။

    ·      ဘက်တီးရီးယားပိုးကို ပဠိဇီဝဆေး(အရပ်အခေါ်-ပိုးသတ်ဆေး) ဖြင့်သတ်နိုင်ပါသည်။ အမောက်စလင်၊ ပင်နီစလင်၊ စထရက်တိုမိုင်စင် ၊ ဂျင်တာမိုင်စင်အစရှိသောဆေးများဖြစ်သည်။တနည်းဆိုရသော် ဝက်များ တွင် ဘက်တီးရီးယား ကြောင့် ရောဂါဖြစ်ပွားပါက ထိုဘက်တီးရီးယားကို သတ်နိုင်သည့် ပဠိဇီဝ ဆေးကိုမှန်ကန်အောင် ပေးပါက ရောဂါ ပျောက်မည်ဖြစ်ပါသည်။

    ၂။ ဗိုင်းရပ်(စ)အုပ်စု

    ·      ဗိုင်းရပ်(စ်)အုပ်စုအောက်တွင်လည်းဗိုင်းရပ်(စ်)ပိုးမြောက်များစွာရှိပါသည်။

    ·      ဗိုင်းရပ်(စ်)ပိုးကိုမူပဠိဇီဝဆေး(အရပ်အခေါ်-ပိုးသတ်ဆေး)ဖြင့်မသတ်နိုင်ပါ။တနည်းအားဖြင့် ဗိုင်းရပ်(စ်)ပိုး ကြောင့် ဝက်တွင် ရောဂါဖြစ်ပွားပါက ကုသစရာဆေး မရှိပါဟု အကြမ်းအားဖြင့် မှတ်ယူနိုင်ပါသည်။ ဗိုင်းရပ်(စ်)ပိုးများကိုအကြမ်းအားဖြင့်(၂) မျိုးထပ်မံ ခွဲခြား နိုင်ပါသည်။

    (၁) ပြင်းသောဗိုင်းရပ်(စ်) အမျိုးစားများနှင့်

    (၂) ပျော့သောဗိုင်းရပ်(စ်) အမျိုးစားများ ဟူ၍ ဖြစ်သည်။

    ---------

    မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း

    🔗 ဉာဏ်စမ်းဖြေဆိုရန် - https://htwettoe.com/post/60292

    🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com

    🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4

    🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


  • article
likes
16
comments
2
views
1146