cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ထောပတ်ပင်မြေဩဇာကျွေးနည်းနှင့် ကျရောက်တတ်သော ပိုးမွှားရောဂါများအကြောင်း

. အပင်အာဟာရ
ထောပတ်သီးပင်ကို စိုက်ပျိုးရာတွင် အစေ့မှဖြစ်လာ သောအပင်သည်  ငါးနှစ်မှ ခုနစ်နှစ်ကြာမှ အသီးသီး သည်။ ကိုင်းကူးစိုက်လျှင် သုံးနှစ်အတွင်း အသီးသီးပါသည်။ ထောပတ်သီးပင်များ ရှင်သန်ကြီးထွားရန် အာဟာရဓာတ်ကို အပင်၏သက်တမ်းကိုလိုက်၍ ကျွေးပေးရပါသည်။
  • မြေသြဇာကျွေးရမည့်နေရာ 

    အချို့အပင်များသည်  မြေသြဇာကျွေးရာတွင် ပင်ခြေကို ကျွေးရသလို အချို့အပင်များက အမြစ်ကို မြေသြဇာကျွေးရ သည်လည်းရှိသည်။ ဥပမာ-ဘူးပင် ဆိုလျှင် အမြစ်သွားရာသို့ မြေသြဇာကျွေးပေးရသည်။ ထောပတ်သီးပင် သည်လည်း ထို့အတူပင်ဖြစ်သည်။ ထောပတ်သီးပင်တွင် အမြစ်မွှား အမြစ်မွေးများက အာဟာရဓာတ်ကို စုပ်ယူခြင်းဖြစ်၍ မြေဩဇာကျွေး ရာတွင် ပင်စည်အခြေကို မကျွေးဘဲ ပင်စည်နှင့် တစ်ပေအကွာမှ ကျွေးရသည်။ မြေသြဇာကျွေးတော့ မည်ဆိုပါက  ပင်စည်ဘေးရှိ ပေါင်းမြက်များကို ရှင်းလင်းပြီးမှ မြေသြဇာကြဲပက်ကာ မြေပြန်ဖုံးပေးရသည်။  

    သက်တမ်းအလိုက် မြေသြဇာကျွေးခြင်း 

    ထောပတ်သီးပင်ကို မြေသြဇာကျွေးမည်ဆိုလျှင် အပင်သက်တမ်းအလိုက် ကျွေးရပါသည်။ ထောပတ် ပင်အား  မြေသြဇာကျွေးပုံကို  သီးနှံ(၉)မျိုးတို့၏ မြန်မာ့ GAP Guideline  စာအုပ်တွင်  ဖော်ပြထားသည်ကို ပြန်လည် ဖော်ပြချင်ပါသည်။ 

     ထောပတ်သီးပင်သည်  နှစ်ရှည်ပင်ဖြစ်သဖြင့် ဓာတ်မြေသြဇာကို အထက်ပါ သတ်မှတ်နှုန်းအတိုင်း  ကျွေးပေးရပါ သည်။  တိရစ္ဆာန်များ၏ အညစ်အကြေး များကိုလည်း သဘာဝမြေသြဇာအဖြစ် ကျွေးနိုင်ပါသည်။  

    ပိုးမွှားနှင့် ရောဂါ ကာကွယ်နှိမ်နင်းနည်း 

    ထောပတ်သီးအပင်တွင် ကျရောက်လေ့ရှိတတ်သော ရောဂါပိုးများမှာ- 

    အသားထိုးပိုး 

    ထိုပိုးသည် အပြင်ဘက်မှကြည့်လျှင် လက္ခဏာကို မသိနိုင်ပါ။ အသီးကိုခွဲကြည့်မှ လောက်ကောင်များကို တွေ့ရသည်။ ထိုပိုးသည် သီးကင်းစဖြစ်သည့် အချိန်မှ အသီးခူးဆွတ်ချိန်အထိ ဖြစ်တတ်သည်။ ထိုရောဂါပိုးကို ကာကွယ်ရန် အသီးပေါ်တွင်  ရောဂါပိုးကျရောက်မှု ရှိ မရှိကို သတိထား စောင့်ကြည့်ရပါမည်။ ပိုးရှိပါက မီးခိုးမှိုင်းတိုက်ခြင်းနှင့် အဆိပ်ငွေ့အာနိသင်ပါရှိသည့် ပိုးသတ်ဆေးတစ်မျိုးမျိုး ပက်ဖျန်းပေးရမည်။  

    ပင်စည်ထိုးပိုး 

    ထိုပိုးသည် အပင်၏အကိုင်းအခက်၊ အခေါက်နှင့် အမြစ်များကို ဖျက်ဆီးတတ်သည်။ အခေါက်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ပြီး ပင်စည်ထဲတွင် ဥဥလေ့ရှိသည်။ ပိုးကောင်များ များပြားလာပါက အကိုင်းများ ကျိုးကျခြင်းနှင့် အပင်လဲပြိုခြင်းတို့ဖြစ်တတ်သည်။ ထိုသို့ဖြစ်လာပါက ပိုးကျနေသော အပင်အစိတ်အပိုင်းများကို ခုတ်ဖြတ်ပစ်ရမည်။ ပိုးသတ်ဆေးနှင့် ထုံး ရောနှောကာ ပင်စည်တွင် သုတ်လိမ်းပေးရပါသည်။  

    ခေါင်ညွန့်ထိုးပိုး 

    ထိုပိုးကို အထူးဂရုစိုက်ဖို့လိုသည်။ အပင်ကြီးထွား၍ ရွက်နုထွက်သည့်အချိန်နှင့် ပန်းပွင့်ချိန်တွင် အများဆုံး  ဖြစ်လေ့ရှိသည်။ ထိုပိုးကျရောက်ပါက ခေါင်ညွန့်များညှိုးကာ  အပင်သေဆုံးတတ်သည်။ ထိုပိုးကျရောက်ပါက ပင်ခြေပတ်လည်ကို ထိသေ ပိုးသတ်ဆေး  သို့မဟုတ်  စားသေပိုးသတ်ဆေး တစ်မျိုးမျိုးကို ဖျန်းပေးရပါသည်။  

    အမြစ်ပုပ်ရောဂါ 

    ယင်းရောဂါသည်  အပင်စတင်စိုက်ပျိုးသည့် အချိန်မှစ၍ အပင်ကြီးသည်အထိ ကျရောက်တတ်သည်။ ထိုရောဂါ ပိုးသည် ထောပတ်ပင်၌ အများဆုံး ဖြစ်တတ်သည်ဟု သိရသည်။ မှိုရောဂါတစ်မျိုးဖြစ်ပြီး ပျံ့နှံ့မှုလျင်မြန်သည်။ ထိုရောဂါ သည် အမြစ်နှင့် ပင်ခြေ တွင် ဖြစ်လေ့ ရှိသည်။ ထိုရောဂါ ကျရောက်လာပါက ဘက်စုံသီးနှံ ကာကွယ်နှိမ်နင်းရေးကို ဆောင်ရွက်ရမည်။  ရောဂါ ကို  ကြိုတင်ကာကွယ်နိုင်ရန်  စတင်စိုက်ပျိုးစဉ် ကတည်းက ရေစီးရေလာကောင်းသောနေရာကို ရွေးချယ်၍ ရေသွင်းရေထုတ်ခြင်းကို အထူးဂရုစိုက်ရမည်။ အာဟာရကို မျှတအောင်ကျွေးရပါမည်။ 

    မှဲ့ပြောက်စွန်းရောဂါ 

    ထိုရောဂါသည် ပူနွေးစိုစွတ်သော ရာသီမျိုးတွင် ဖြစ်လေ့ရှိတတ်သည်။ ထိုရောဂါဖြစ်ပွားလာပါက ထောပတ်သီး အရွက်နုများ၊ ပင်စည်နှင့် အသီးများတွင် အမည်းရောင်အကွက်များကို တွေ့ရတတ်သည်။ မည်းပုပ်နေသော အသီးများတွင် ပန်းရောင်အစက်အပြောက်များကိုလည်း တွေ့ရသည်။ ထိုရောဂါကို ပန်းပွင့်ချိန်နှင့်  အသီးရင့်မှည့် ချိန်တွင်  ကာကွယ်နှိမ်နင်းရမည်။  မရိတ်သိမ်းမီ  သင့်လျော်သော မှိုသတ်ဆေးများကိုလည်း ဖျန်းပေးရမည်။ 

      အထက်တွင်ဖော်ပြခဲ့သော  ရောဂါကာကွယ် နှိမ်နင်းနည်းများမှာ အနည်းငယ်ကိုသာ ဖော်ပြခြင်းဖြစ်သည်။ စိုက်ခင်းတစ်ခင်း  အသီးဖွံ့ဖြိုးရန်၊  အသီး အထွက်နှုန်းကောင်းရန်ဆိုလျှင်  စိုက်ပျိုးနည်းစနစ် မှန်ကန်ရမည့်အပြင် မြေသြဇာကိုလည်း စနစ်တကျကျွေးရန် လိုအပ်ပါသည်။  

    ထောပတ်သီးပင် စိုက်ပျိုးနေသူများအနေဖြင့်  ထောပတ်ပင်တွင် ကျရောက်တတ်သော ရောဂါနှင့် ပိုးမွှားနှိမ်နင်း နည်းများကိုသိရှိပြီး စနစ်တကျ ကာကွယ်နှိမ်နင်းနိုင်စေရန် ရေးသားတင်ပြလိုက်ရပါသည်။  

    ကိုကျော်စွာ(ကျိုက်ပိ) ရေးသားသည်မှ ကူးယူဖော်ပြသည်။ 

    ------------   

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe    

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။   


  • article
likes
6
comments
0
views
2356