cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အညာဒေသထွက် ပုန်းရည်ကြီးကပေးတဲ့ ကျန်းမာရေး

. စိုက်ပျိုးအသိပညာ
အချဉ်ဖောက်ထားတဲ့ အစားအစာတွေက ကျန်းမာရေးကို တော်တော်လေး အထောက်အကူ ပြုပေးပါတယ်။ မြန်မာ့ရိုးရာ စားစရာတစ်ခုဖြစ်တဲ့ ပဲပိစပ်ကို အချဉ်ဖောက်ပြီး သေချာလေး ပြုပြင်ထားတဲ့ ပုန်းရည်ကြီးလေးကတော့ -
  • ၁. သွေးတွင်းသကြားဓာတ်ကျစေခြင်း 

    ပဲပိစပ်က သူကိုယ်တိုင်ကိုက ဆေးဖက်ဝင်တာပါ။ ပဲပိစပ်ကို အချဉ်ဖောက်ထားတဲ့ ပုန်းရည်ကြီးက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးပြီး ဆီးချို ရှိသူတွေနဲ့ သင့်တော်တဲ့ စားစရာ တစ်မျိုးပါ။ ကိုယ်တွင်းမှာ အင်ဆူလင် ထွက်ရှိစေဖို့ လုပ်ဆောင်ပေးသလို အင်ဆူလင် တုံ့ပြန်မှု ကောင်းစေဖို့ လှုံ့ဆော်ပေးပြီး ဆီးချိုကို သက်သာစေသလို ကာကွယ်ပေးတဲ့ တာဝန်ကိုပါ ယူပေးပါသေးတယ်။ 

      ၂. သွေးပေါင်ချိန် ထိန်းညှိပေးခြင်း  

    သွေးတိုးက ကုသပျောက်ကင်းဖို့ မဖြစ်နိုင်တဲ့ နာတာရှည် ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ သွေးတိုးတဲ့အခါ ခေါင်းကိုက်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ အမြင်အာရုံ ပြဿနာတွေ ခံစားရတာ၊ အသက်ရှူရ ခက်တာ၊ ရင်ဘတ် အောင့်တာ၊ ဆီးထဲ သွေးပါတာ အပါအဝင် အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။  

    ပုန်းရည်ကြီးက ဆိုဒီယမ် ပါဝင်နေတယ်ဆိုပေမယ့် အတန်အသင့် စားသုံးပေးမယ်ဆိုရင် သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးပြီး နှလုံးကျန်းမာစေဖို့ အထောက်အကူ ပြုပေးပါတယ်။ 

      ၃. ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝခြင်း 

      ပုန်းရည်ကြီးရဲ့ များပြားလှတဲ့ ကျန်းမာရေး အာနိသင်တွေထဲမှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်း ကြွယ်ဝမှုလည်း ပါဝင်နေပါတယ်။ ဓာတ်တိုးပစ္စည်း ကြွယ်ဝမှုက ပင်ပန်းနွမ်းနယ်မှုကို သက်သာစေသလို စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။  

    ဓာတ်တိုးပစ္စည်းတွေကြောင့် နာတာရှည် ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးသလို အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။  

    ၄. အစာခြေစနစ်ကို ကျန်းမာစေခြင်း  

    အမျှင်ဓာတ်က အစာခြေစနစ်ကို အထိရောက်ဆုံး သန့်စင်ပေးနိုင်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေက အစာအိမ်ထဲက ချေဖျက်ဖို့ခက်တဲ့ အရာတွေကို ဖယ်ရှားစွန့်ထုတ်ပေးသလို အူလမ်းကြောင်းနံရံတွေကိူ အာဟာရ စုပ်ယူမှု ကောင်းစေဖို့ အားဖြည့်ပေးပါတယ်။  

    အစာကြေ စေပြီး ဝမ်းမှန်စေဖို့ အကောင်းဆုံး အထောက်အကူ ပြုပေးပါတယ်။ အူလမ်းကြောင်းကိုလည်း သန့်စင် ကျန်းမာစေပါသေးတယ်။  

    ၅. ကိုယ်အလေးချိန် ထိန်းညှိပေးခြင်း  

    အချဉ်ဖောက်ထားတဲ့ အစားအစာတွေက အကျိုးပြု ဘက်တီးရီးယား ကြွယ်ဝစွာ ပါဝင်နေပြီး ကိုယ်တွင်းက အဆီပိုတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ အချဉ်ဖာက်ထားတဲ့ ပုန်းရည်ကြီးက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းကို ဖြည့်ပေးနိုင်သလို အမျှင်ဓာတ်လည်း ပြည့်ဝစေပါတယ်။  

    ကာဗိုဟိုက်ဒရိတ် နဲ့ သကြား ပါဝင်မှုနည်းတာကြောင့် ခန္ဓာကိုယ်က အဆီတွေကို လျှော့ချပေးနိုင်ပါတယ်။ အစားစားချင်စိတ်ကို အကောင်းဆုံး ထိန်းပေးပြီး ဝိတ်ကျစေဖို့ အထောက်အကူ ပြုပေးပါတယ်။ 

    ၆. ကိုယ်ခံအား ကောင်းစေခြင်း  

    ပုန်းရည်ကြီးမှာ အအေးမိတာ၊ နာမကျန်းဖြစ်တာတွေကို တိုက်ဖျက်ပေးနေတဲ့ အကျိုးပြု ဘက်တီးရီးယားတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး အာဟာရ ပြည့်ဝစေမှုက ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး အထောက်အကူ ပြုပေးပါတယ်။ 

    ရေးသားသူ Aye Thi Mon ထံမှ ကူးယူဖော်ပြသည်။ 

    -----------    

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe     

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။    


  • article
likes
6
comments
0
views
3091