cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရာသီဥတုပြောင်းလဲမှု ဒဏ်ခံနိုင်သော သီးနှံစိုက်ပျိုးမှုပုံစံများ

. စိုက်ပျိုးအသိပညာ
ရာသီဥတုပြောင်းလဲမှု ဒဏ်ကြောင့် အထွက်နှုန်း ထိခိုက်နေခြင်း၊ မြေဆီလွှာ ပျက်စီးနေခြင်း၊ ပိုးမွှား ကျရောက်မှုပိုများနေခြင်းစသောပြဿနာများ ကြုံတွေ့နေရပါက သီးနှံပုံစံ ပြောင်းလဲစိုက်ပျိုးခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုဒဏ်ကို တုံ့ပြန်နိုင်ပါတယ်။
  • ဒီဗီယိုလေးမှာတော့ ရာသီဥတုဒဏ်ခံနိုင်သော သီးနှံစိုက်ပျိုးမှုပုံစံများကို လေ့လာနိုင်မည်ဖြစ်ပါသည်။

    ရာသီဥတုနှင့်အညီ စိုက်ပျိုးသင့်သော သီးနှံအမျိုးအစား များမှာ

    လယ်မြေ(ဆည်ရေသောက်) များ အတွက် ၂သီး မှ ၃ သီး အထိစိုက်ပျိုးနိုင်ပါသည်။

    ၃ သီး စိုက်ပျိုးမည်ဆိုပါက

    ဥပမာ အားဖြင့်

    ၁. ၁။ မိုးစပါး-ကုလားပဲ- နွေစပါး

    ၂. မိုးစပါး-ကုလားပဲ- နွေနှမ်း

    ၃. မိုးစပါး-မတ်ပဲ- နွေစပါး

    နှစ် သီး စိုက်ပျိုးပါက

    ဥပမာ အားဖြင့်

    ၁. မိုးစပါး-ကုလားပဲ

    ၂. မိုးစပါး-ကြက်သွန်နီ

    ၃. မိုးစပါး-နွေစပါး

    လယ်မြေ(မြစ်ရေတင်) များ အတွက် ပြောင်းလဲလာသောရာသီဥတုနှင့်အညီ စိုက်ပျိုးသင့်သောသီးနှံပုံစံ များမှာ

    ဥပမာ အားဖြင့်

    ၁. မိုးစပါး-ဆောင်းကြက်သွန်- နွေနှမ်း

    ၂.မိုးစပါး-ကုလားပဲ- နွေနှမ်း

    ၃. မိုးစပါး-ကုလားပဲ- နွေစပါး

    လယ်မြေ(မိုးကောင်းသောက်) များအတွက် ပြောင်းလဲလာသောရာသီဥတုနှင့်အညီ စိုက်ပျိုးသင့်သောသီးနှံပုံစံ များမှာ

    ၁။ မိုးနှမ်း-မိုးစပါး- ဆောင်းနေကြာ

    ၂။ မိုးနှမ်း-မိုးစပါး- ဟင်းသီး/ရွက်

    ၃။ အစေ့ထုတ်ပြောင်း-မိုးစပါး-ကုလားပဲ

    ဤ သီးနှံ စိုက်ပျိုးမှု ပုံစံများသည် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုနှင့် ထုတ်လုပ်မှုစွမ်းအားကို မျှတစေပြီး သွင်းအားစုများအပေါ် မှီခိုအားထားမှုကို လျှော့ချကာ ရေနှင့် မြေဆီလွှာအရင်းအမြစ်စီမံခန့်ခွဲမှုကို မြှင့်တင်ပေးပါသည်။ ထို့အပြင် ရာသီဥတုဆိုင်ရာ ထိခိုက်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် နှင့် ရေရှည်တည်တံ့သော အထွက်နှုန်းရရှိစေရန် ကူညီပေးသည်။


likes
8
comments
0
views
634