cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အိန္ဒိယပွဲတော် အချို့ကြောင့် မတ်ပဲဈေး အနည်းငယ် တက်လာနိုင်

. ဈေးကွက်သတင်းများ
ဇန်နဝါရီလအတွင်း အိန္ဒိယနိုင်ငံတွင် ပြုလုပ်ကြမည့် ပွဲတော်အချို့ကြောင့် မတ်ပဲအဝယ်လိုက်လာပြီး ဈေးအနည်းငယ် တက်လာနိုင်ကြောင်း ကုန်သည်အချို့က ခန့်မှန်းထားပါသည်။
  • လက်ရှိ အိန္ဒိယနိုင်ငံ၏ မတ်ပဲဈေးကွက်အနေဖြင့် စျေးအတက်အကျ သိပ်မများသော်လည်း ပုံမှန်ထက် ဈေးကွက် အနည်းငယ် လှုပ်ရှားလာကြောင်း သိရပါသည်။

    “ပြည်တွင်း မတ်ပဲဝယ်လိုအားက လျော့ကျနေပေမဲ့ ခရစ္စမတ်နဲ့ နှစ်သစ်ကူး အားလပ်ရက်တွေကြောင့် ဈေးငြိမ်ပြီး တင်သွင်းမှုလုပ်ငန်းက အေးနေတယ်။ FOB ဈေးလည်း အပြောင်းအလဲ မရှိသလောက် ငြိမ်နေတယ်။ ဇန်နဝါရီလ ရောက်ရင်တော့ အိန္ဒိယမှာ ပွဲတော်တချို့ ရှိတော့ စျေးအနည်းငယ်တော့ တက်နိုင်ပါတယ်။ အခုအပတ် ၁၇ သိန်းအထပ် ပြန်ရောက်လာတယ်” ဟု ပဲကုန်သည်တစ်ဦးက ပြောသည်။

    လက်ရှိ မတ်ပဲစျေးမှာ ၁၇ သိန်းအထက်ကို ပြန်ရောက်နေပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နေ့က မတ်ပဲ (FAQ) တစ်တန်ကို ၂,၆၇၆,၀၀၀ ကျပ်ထိ ကျဆင်းသွားပြီး ယခုအပတ်မှာတော့ ၂,၇၀၄,၀၀၀ ကျပ်ထိ ပြန်လည် ရောက်ရှိလာကြောင်း သိရပါသည်။

    ထိုကဲ့သို့ ဈေးတက်လာနိုင်သော်လည်း ပြည်တွင်း၌ ပဲလက်ကျန် များနေပြီး ပုံမှန်တင်သွင်းနေခြင်းကြောင့် များများစားစားတော့ ဈေးမတက်နိုင်ကြောင်း စျေးကွက် ပညာရှင်များက သုံးသပ်ထားပါသည်။

    ပြည်ပပေါက်စျေး FOB စျေးအနေဖြင့် ငြိမ်နေပြီး FAQ မတ်ပဲ တစ်တန်လျှင် ဒေါ်လာ ၇၀၅ မှ ဒေါ်လာ ၇၁၅ ထိ ရှိကြောင်း သိရပါသည်။

    မြန်မာ–အိန္ဒိယ မတ်ပဲ၊ ပဲစဉ်းငုံ အခွန်လွတ် တင်သွင်းခွင့်ကာလမှာ သက်တမ်းကုန်တော့မည် ဖြစ်ပြီး အိန္ဒိယအနေဖြင့် ဆက်လက် သက်တမ်းတိုးမည့် အလားအလာ ရှိကြောင်းကိုလည်း စျေးကွက်ကျွမ်းကျင်သူများက သုံးသပ်ထားကြပါသည်။

    ယင်းအပြင် ပဲစဉ်းငုံစျေးအနေဖြင့်လည်း ပြီးခဲ့သည့် အပတ်နှင့် ယှဉ်ပါက စျေးနှုန်း မြင့်တက်လာပြီး တစ်တန်လျှင် ၂,၅၉၀,၀၀၀ ကျပ်အထိ ပေါက်စျေးရှိကြောင်း သိရပါသည်။

    ပြည်ပသို့ တင်ပို့နေသည့် မတ်ပဲ၊ ပဲစဉ်းငုံ၏ စျေးနှုန်းအပြောင်းအလဲမှာ အဓိကအားဖြင့် အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှု မူဝါဒနှင့် စျေးကွက်အခြေအနေများပေါ် လိုက်၍ စျေးနှုန်း အတက်အကျ ရှိပြီး ပြည်တွင်းသုံး ကုလားပဲ၊ ပဲကြီးများမှာတော့ ပုံမှန်အတက်စျေးတွင် ရှိကြောင်း သိရပါသည်။

    “ပြည်တွင်းစားသုံးတဲ့ ပဲကတော့ ပုံမှန်လေးတော့ အရောင်းအဝယ် ဖြစ်ပါတယ်။ ကုလားပဲ၊ စားတော်ပဲ၊ ပဲကြီးတွေက အဓိက ရောင်းအားရှိတယ်။ ပြည်တွင်းစားသုံးမှုက အမြဲတမ်းရှိတော့ အဆင်ပြေတယ်” ဟု သင်္ဃန်းကျွန်းမှ ပဲမျိုးစုံနှင့် ကုန်စိမ်းရောင်းချနေသည့် ကိုမျိုးသူက ပြောသည်။

    မြန်မာနိုင်ငံမှ ပဲများကို အိန္ဒိယနိုင်ငံသို့ ၇၅ ရာခိုင်နှုန်းအထိ တင်ပို့နေပြီး သီရိလင်္ကာ၊ နီပေါ၊ မလေးရှား၊ ထိုင်းနှင့် UAE နိုင်ငံများကိုလည်း ပဲမျိုးစုံ တင်ပို့နေကြောင်း သိရသည်။

    ဖိုးချဲ (AMIA)

     ----------    

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe     

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။   


  • article
likes
7
comments
1
views
1620