ရက်ဝေး မိုးလေဝသသုံးသပ်ချက် (ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ၊ မတ်လ)
ဒီဇင်ဘာလအတွင်း ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းမှလွဲပြီး ကျန်ပြည်နယ်နှင့်တိုင်းများတွင် ပုံမှန်ထက် ပူနွေးနေခဲ့တာကို တွေ့ရပါသည်။
ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လတို့တွင် မြန်မာနိုင်ငံတဝှမ်း မိုးရွာနိုင်ခြေ အလွန်နည်းပြီး ရာသီဥတု ဆက်လက်ခြောက်သွေ့နေနိုင်ပါသည်။ အလယ်ပိုင်းနှင့် အထက်ပိုင်းတွင် အပူချိန် သိသိသာသာ မြင့်တက်လာနိုင်ပါသည်။
ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် များသောအားဖြင့် ခြောက်သွေ့နေနိုင်ပြီး အထက်ပိုင်းတွင် ပုံမှန်မိုးရေချိန်အောက်လျော့နည်းနိုင်ပါသည်။ ရှမ်းပြည်နယ်တွင် ပုံမှန်မိုးရေချိန် ဆက်လက်ရရှိနိုင်ပါသည်။
အပူချိန်အားဖြင့် မန္တလေး၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းမြောက်တို့တွင် 1°C ခန့်တိုးလာနိုင်ပါသည်။
ဖေဖော်ဝါရီလအတွင်း ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တနင်္သာရီတိုင်းဒေသအချို့တွင် ပုံမှန်ထက်မိုးရေချိန် ပိုများနေနိုင်ပါသည်။ ကျန်တိုင်းနှင့်ပြည်နယ်များတွင် များသောအားဖြင့် ခြောက်သွေ့နေနိုင်ပါသည်။
မြန်မာနိုင်ငံတဝှမ်း အပူချိန်သိသိသာသာတိုးလာပြီး မန္တလေးတိုင်းတွင် အသိသာဆုံးဖြစ်လာနိုင်သည်။ မြန်မာနိုင်ငံအလယ်ပိုင်း၊ ရှမ်းမြောက်ဒေသများတွင် အပူချိန် 1°C မှ 2°C အထိ မြင့်တက်လာနိုင်ပါသည်။
မတ်လအတွင်း မြန်မာနိုင်ငံထက်ပိုင်းဒေသအချို့နှင့် ရှမ်းရှေ့တွင် ပုံမှန်မိုးရေချိန် ရရှိနိုင်ပြီး အလယ်ပိုင်းနှင့် အောက်ပိုင်းဒေသများတွင် ခြောက်သွေ့နေနိုင်ပါသည်။ တနင်္သာရီတိုင်း ကော့သောင်း၊ ဘုတ်ပြင်းတို့တွင် ပုံမှန်ထက် မိုးရေရွာသွန်းမှု မြင့်တက်နိုင်ပါသည်။ ကချင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် တလအတွင်း မိုးရေချိန် ၄ လက်မခန့် ရရှိနိုင်ပါသည်။
မြန်မာနိုင်ငံအထက်ပိုင်း - ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် လောက်ကိုင်မြို့၊ မူဆယ်မြို့တို့တွင် အပူချိန်ဆက်လက်မြင့်တက်လာနိုင်ပါသည်။
Weather Impact
ဝက်မွေးမြူရေးအတွက်အကြံပေးချက်
-ဝက်ရောဂါများ ဖြစ်ပွားသည့် သတင်းကို သိပ်မကြားရတော့ပါ။
-သို့သော်ဝက်ဝမ်းကျ ကာကွယ်ဆေးနှင့် ဝက်နားရွက်ပြာ ကာကွယ်ဆေးကို မဖြစ်မနေထိုးထားရန်လိုပါသည်။
-ထိုကာကွယ်ဆေး ၂ မျိုးလုံး ကုပ္မဏီ များမှ တင်သွင်းနိုင်ခြင်းမရှိသေးသဖြင့် သက်ဆိုင်ရာမြို့နယ် အသီးသီးရှိ မွေး မြူရေးနှင့်အစာဆိုင်များတွင် မရှိနိုင်သေးပါ။
-ထိုကာကွယ်ဆေး ၂ မျိုးလုံး ကိုရရှိနိုင်ပါက အကြောင်းကြားပေးမည်ဖြစ်ပီး ရရှိပါက မဖြစ်မနေထိုးထားရန်လိုအပ် ပါသည်။
တိုင်းရင်းကြက်မွေးမြူရေးအတွက်အကြံပေးချက်
-လည်လိမ်ကာကွယ်ဆေး -လည်လိမ်( လာဆိုတာ) + အိုင်ဘီ အမျိုးအစားကို မျက်စဥ်းမခပ်ရသေးပါက မဖြစ်မနေ မျက်စဥ်းခပ်ပီး ကာကွယ်ထားရန်လိုပါသည်။
-ကာကွယ်ဆေး တကြိမ် ပီး ထားသူများနောက်ထပ် ၂-၃ လကြာတွင်နောက်ထပ်တကြိမ် ထပ်မံမျက်စဥ်းခပ်ပီး လည်လိမ် ရောဂါကိုကာကွယ်ထားရန်လိုအပ်ပါသည်။
မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း
----------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း