ကြက်များတွင်ကျရောက်တတ်သော ကပ်ပါးရောဂါများ
(၁) အတွင်းကပ်ပါး (သံကောင်များ)
ကြက်များတွင် သံလုံးကောင်၊ သံပြားကောင်၊ အဆစ်သံကောင် ဟူ၍ သံကောင်များစွာရှိပါသည်။
မည်သည့်သံကောင်အမျိုးအစားဖြစ်ပါစေ ယေဘုယျတွေ့ရသောလက္ခဏာများမှာ- အစာစားသော်လည်း ကြီးထွားနှုန်းမကောင်းခြင်း၊ ဝမ်းပျက်ခြင်း၊ တဖြည်းဖြည်းပိန်လာပြီး ရက်အတော်ကြာမှ သေဆုံးခြင်းတို့ ဖြစ် ပါသည်။
သံကောင်ရောဂါရှိပါက လီဗာမီစော၊ ပီပရာဇင်း အစရှိသောဆေးများကိုတိုက်နိုင်သကဲ့သို့ ကွမ်းသီးအစိမ်း ကိုလည်း တိုက်ကျွေးနိုင်ပါသည်။
ကုသခြင်းနှင့်ကာကွယ်ခြင်း
ကြက်အသက် (၂) လရှိပါက စတင်သံချပေးရမည်။ လီဗာမီစောဆေးလုံးကို တိုက်ပေးနိုင်ပါသည်။
ကြက်ငယ် (အသက် ၂လ-၃လ) ..................ဆေး တစိတ်
ကြက်လတ် ( အသက် ၃-၄လ) ...................ဆေး တခြမ်း
ကြက်ကြီး ( အသက် ၄ လနှင့်အထက်)........ဆေး လေးပုံသုံးပုံ
တကြိမ်သာတိုက်ရန်
၃လ ကြာတိုင်း နောက်ထပ် တကြိမ်တိုက်ရန်
ကွမ်းသီးစိမ်းကျွေးမည်ဆိုပါက
ကြက်ငယ် (အသက် ၂-၃လ).......................ကွမ်သီး အခြမ်းတခြမ်း၏ ငါးပုံတပုံ
ကြက်လတ် ( အသက် ၃-၄လ)....................ကွမ်းသီးအခြမ်းတခြမ်း၏ ငါးပုံနှစ်ပုံ
ကြက်ကြီး (အသက်၄လနှင့်အထက်)...........ကွမ်းသီးအခြမ်းတခြမ်း၏ ငါးပုံသုံးပုံ
တကြိမ်သာတိုက်ရန်
၃လ ကြာတိုင်း နောက်ထပ် တကြိမ်တိုက်ရန်
(၂) အပြင်ကပ်ပါး
အပြင်ကပ်ပါးများအနက် အများဆုံးတွေ့ရှိရသော ကပ်ပါးမှာ-ကြက်သန်းတက်ခြင်းဖြစ်သည်။
ကြက်သန်းတက်ပါက
ကြက်ရှိနေသော အခန်းကို အလင်းရောင်နှင့်လေဝင်လေထွက်ကောင်းအောင်အရင်ဆုံးပြုလုပ်ပါ။
ကြက်ဥတင်းတွင်ကြက်သန်းရှိပါက ထိုကြက်ဥတင်းရှိ ကောက်ရိုး၊အဝတ်စ အစရှိသည်တို့အားလုံးကိုဖယ် ရှားပါ။ ထို့နောက် ဆေးရွက်ကြီးကိုရေစိမ်ပီး ထိုစိမ်ရေဖြင့် ကြက်တင်းထဲသို့ပက်ပေးပါ။ ထို့နောက် ဆေးရွက်ကြီး တပြားကိုအောက်ခံထားပီး ကောက်ရိုးအသစ် ကိုခင်းပီးမှ ကြက်များကိုပြန်ထည့်ပါ။
ကြက်ဥတင်းနှင့်ကြက်ခြံအတွင်း ဘက်နေရာအားလုံးကို ဆေးရွက်ကြီးစိမ်ရေပက်ဖြန်းပေးပါ။
ကြက်ပေါ်တွင်ရှိသောကြက်သန်းများအတွက်ဆေးရွက်ကြီးအရည်ကိုအဝတ်ထဲစိမ်ပီး ကြက်အမွေးများကို ပြောင်းပြန်လှန်ပီးပွတ်တိုက်လိမ်းပေးပါ။
---------
မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း
🔗 ဉာဏ်စမ်းဖြေဆိုရန် - https://htwettoe.com/post/60392
🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com
🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4
🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း