cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် မှ ဇန်ဝါရီလ ၁၂ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
တိမ်အမြင့်များဖြစ်ထွန်းမှုရှိသော်လည်း မြောက်၊ အနောက်မြောက်နှင့် အရှေ့မြောက်အရပ်များမှ လေအေးများတိုးဝင်နေဦးမှာဖြစ်လို့ နံနက်အစောပိုင်းအချိန်များမှာ ဆက်လက်၍အေးနေပါဦးမယ်။
  • ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေများ 

    ·          အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတွင်ဖြစ်ပေါ်လျှက်ရှိသည့် ဆိုင်ကလုန်းမုန်တိုင်း GRANT သည် နောက် ၂၄ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားနိုင်မှာဖြစ်ပြီး၊ Depression 11U သည် ဆိုင်ကလုန်းမုန်တိုင်း JENNA ဖြစ်လာပြီး၊ အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားကာ နောက် ၂၄ နာရီအတွင်း CAT-1 ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားပိုကောင်းလာနိုင်ပါမယ်။ 

    ·          ဆိုင်ကလုန်းမုန်တိုင်း JENNA နှင့် အားပျော့လာပြီဖြစ်သည့် ဆိုင်ကလုန်း GRANT တို့၏အရှိန်သက်ရောက်မှုကြောင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း အထက် ၅.၈ ကီလိုမီတာအမြင့် (ပေ ၁၉,၀၀၀) မှာ အထက်လေပွေလှိုင်းတခုဖြစ်ပေါ်လျှက်ရှိပါတယ်။ အဆိုပါလေပွေလှိုင်းသည် ဇန်နဝါရီ ၁၀ ရက်နေ့တွင် သီရိလင်္ကာနိုင်ငံတောင်ဘက်မှဖြတ်သန်း၍အနောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပါတယ်။ 

    ·          ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင်ဖြစ်ပေါ်လျှက်ရှိသည့် လေပွေလှိုင်း(INVEST-90B) ကြောင့် သီရိလင်္ကာနိုင်ငံ နှင့် အိန္ဒိယနိုင်ငံတောင်ပိုင်းတို့တွင် မိုးရွာနိုင်/မိုးသည်းထန်နိုင်သည့်အခြေအနေများပြီး မြန်မာနိုင်ငံ တွင် တိမ်အနည်းငယ်မှ အသင့်အတင့်ဖြစ်ထွန်းနိုင်ကာ မိုးရွာနိုင်သည့်ရာခိုင်နှုန်း ၁၀% မှ ၂၀% ခန့်သာ ရှိနိုင်/အလွန်နည်းနိုင်ပါတယ်။ 

    ယခု ၁ ပတ်အတွင်း ပဲခူးတိုင်းအတွင်းမိုးရွာသွန်းနိုင်မည့်အခြေအနေ 

    ·          အမြင့်ပေ ၂၀,၀၀၀ အထက်တွင် တိမ်မြင့်(High-clouds) အသင့်အတင့်(60% မှ 80% ခန့်)ဖြစ်ထွန်းပြီးမိုးအုံ့နေနိုင်ပါတယ်။ မိုးရွာနိုင်သည့်အခြေအနေမရှိပါ၊ 

    ·          တိမ်အမြင့်များဖြစ်ထွန်းမှုရှိသော်လည်း မြောက်၊ အနောက်မြောက်နှင့် အရှေ့မြောက်အရပ်များမှ လေအေးများတိုးဝင်နေဦးမှာဖြစ်လို့ နံနက်အစောပိုင်းအချိန်များမှာ ဆက်လက်၍အေးနေပါဦးမယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေနှင့် မြေဆီလွှာစိုထိုင်းဆအခြေအနေ 

    ·          မြို့နယ်အချို့၏ အမြင့်ဆုံး/အနိမ့်ဆုံးအပူချိန်ဖြစ်နိုင်ချေ 

    -  ပဲခူးမြို့ - အမြင့်ဆုံးအပူချိန် ၃၀°C နှင့် အနိမ့်ဆုံးအပူချိန် ၁၇°C ရှိနိုင်သည် 

    -   ပြည်မြို့ - အမြင့်ဆုံးအပူချိန် ၂၉°C နှင့် အနိမ့်ဆုံးအပူချိန် ၁၈°C ရှိနိုင်သည် 

    -   လက်ပံတန်း - အမြင့်ဆုံးအပူချိန် ၃၀°C နှင့် အနိမ့်ဆုံးအပူချိန် ၁၇°C ရှိနိုင်သည် 

    -   တောင်ငူမြို့ - အမြင့်ဆုံးအပူချိန် ၃၀°C နှင့် အနိမ့်ဆုံးအပူချိန် ၁၅°C ရှိနိုင်သည် 

    -   ဖြူးမြို့ - အမြင့်ဆုံးအပူချိန် ၂၈°C နှင့် အနိမ့်ဆုံးအပူချိန် ၁၇°C ရှိနိုင်သည် 

    -   ဆွာမြို့ - အမြင့်ဆုံးအပူချိန် ၂၉°C နှင့် အနိမ့်ဆုံးအပူချိန် ၁၅°C ရှိနိုင်သည် 

    -   ပဲခူးတိုင်းမြောက်ဖျားမှ လှည်းပွဲကြီး/လှည်းပွဲကလေး - အမြင့်ဆုံးအပူချိန် ၂၈°C နှင့် အနိမ့်ဆုံးအပူချိန် ၁၅°C ရှိနိုင်သည်   

    ·          လေတိုက်နှုန်း/လေထုညစ်ညမ်းမှုအခြေအနေ အနောက်/အနောက်မြောက်နှင့်မြောက်အရပ်မှ လေတိုက်နှုန်း တနာရီ ၇ မိုင်နှုန်းခန့်ရှိနိုင်သည်။ ပဲခူးတိုင်းတခုလုံးအတွက် ပျမ်းမျှလေထုညစ်ညမ်းမှုအခြေအနေသည် ၉၀ နှင့် ၁၇၀ အတွင်းမှာရှိနိုင်ပါတယ်။ 

    ·          လေထုစိုထိုင်းဆ - ပဲခူးတိုင်း၏ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၃၀% မှ ၄၀% အတွင်းရှိနိုင်ပြီး၊ ညပိုင်းနှင့် နံနက်ပိုင်းအချိန်များမှာ ၆၀% မှ ၇၀% အတွင်း ရှိနိုင်ပါတယ်။ 

    ·          Apparent Temperature(Temp-feels-like) ဆောင်းရာသီအတွင်းမှာ လေထုစိုထိုင်းဆမြင့်တက်မှုနည်းပြီး ပုံမှန်လေတိုက်ခတ်မှုရှိနေတာကြောင့် ခံစားရတဲ့အပူချိန်(Temp-feels-like) နဲ့ နေ့အပူချိန်တို့ကွာဟမှုသည် ၂°C ခန့်သာရှိနိုင်ပါမယ်။ 

    ·          မြေဆီလွှာစိုထိုင်းဆနှင့် မြေဆီလွှာအစိုဓါတ်ကျန်ရှိသည့်အခြေအနေ - 

    §   ပဲခူးတိုင်းအနောက်ခြမ်းဧရာဝတီမြစ်ဝှမ်းတလျှောက်မှာ - မြေအောက်အနက် ၄၀ စင်တီမီတာအထိ မြေဆီလွှာစိုထိုင်းဆ ၅% ခန့်ရှိနိုင်ပြီး မြေအောက်အနက် ၁၀၀ စင်တီမီတာမှာ ၁၈% ခန့်ရှိနိုင်ပါတယ်။ 

    §   ပဲခူးတိုင်းအရှေ့ခြမ်းစစ်တောင်းမြစ်ဝှမ်းတလျှောက်မှာ - မြေအောက်အနက် ၄၀ စင်တီမီတာအထိ မြေဆီလွှာစိုထိုင်းဆ ၁၀% ခန့်ရှိနိုင်ပြီး မြေအောက်အနက် ၁၀၀ စင်တီမီတာမှာ ၁၈% ခန့်ရှိနိုင်ပါတယ်။ 

    §   မိုးရာသီအပြီး မိုးရွာသွန်းမှုရပ်တန့်ချိန်တွင် နှစ်စဉ်ဖြစ်မြဲမြေဆီလွှာအစိုဓါတ်ကျန်ရှိမှုကို ၁၉၆၁-၂၀၁၀ ခုနှစ် တန်ဘိုးများနှင့် နှိုင်းယှဉ်ခန့်မှန်းပါက ပဲခူးတိုင်းအနောက်ခြမ်း-ဧရာဝတီမြစ်ဝှမ်းတလျှောက်မှာ ပုံမှန်အထက် ၀.၂ မီလီမီတာဝန်းကျင်နှင့် ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်ဝှမ်းတလျှောက်မှဒေသများ၏ ပုံမှန်အထက် ၀.၈ မီလီမီတာဝန်းကျင် ရှိနေနိုင်ပါတယ်။ 

    အချုပ်အားဖြင့် ပဲခူးတိုင်းအရှေ့ခြမ်းသည် အနောက်ခြမ်းထက် မြေဆီလွှာအစိုဓါတ်ကျန်ရှိနိုင်မှု ပိုမိုနိုင်ကြောင်းတွေ့ရပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ငါးသေခြင်း ရပ်စေရန် ဆောင်ရွက်ရန်အချက်များ 

    ငါးကန်ရေအရောင်သည် အစိမ်းရင့်ရောင် ဖြစ်နေပါက ကန်ရေအပေါ်လွှာ (၆)လက်ခန့် ကန်ရေကို ထုတ်ပြီး၊ ပြင်ပရေ ထပ်ဖြည့်ပါ။ ကန်ရေအရောင်သည် အစိမ်းနုရောင်ဖြစ်လာပါလိမ့်မည်။  

    ည(၁၂)နာရီကျော်ချိန်တွင် ကန်အောက်ခြေရှိ ရေကို စုပ်ပြီး ကန်အတွင်းသို့ ရေပြန်ချပေးပါ။ ည(၁၂)နာရီကျော်မှ မနက်ပိုင်း(၄)နာရီအထိ ဆောင်ရွက်ပေးပါ။ အဆိုပါ ဆောင်ရွက်ချက်သည် ကန်အောက်ခြေနှင့် ကန်အတွင်း ပျော်ဝင်အောက်စီဂျင်ပြန်လည်ရရှိသဖြင့် ငါးများ သေဆုံးခြင်းကို ရပ်တန့်စေနိုင်ပါကြောင်း အကြံပြုအပ်ပါသည်။ 

    -------------    

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12    

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို    

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.    

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
1
comments
0
views
4769