စိမ်းစားဥ နဲ့ ရှောင်ရန် ၊ ဆောင်ရန်များ
ရှောင်ရန်များ
(၁) စိမ်းစားဥ နှင့် နို့/ချောကလက်/ချိုချဉ်/သပွတ်သီး/ရှောက်သီး တို့ဖြင့်တွဲ၍မစားသင့်ပါ၊ အော့အန်တတ်ပါသည်။
(၂) စိမ်းစားဥသည် ရေခဲချောင်းနှင့်မတည့်ပါ။ ရင်ကြပ်စေပါသည်။
(၃) စိမ်းစားဥကို လိုအပ်သည်ထက် ပိုစားမိပါက၊ လေပွစေနိုင်သောကြောင့် ဝမ်းမီးညံ့သူများနှင့် သက်ကြီးရွယ်အိုတို့ မျှတရုံသာစား ပေးသင့်ပါသည်။
(၄) မြေကြီးထဲတွင်ဥဥသော အသီးဖြစ်သဖြင့်၊ ကပ်ပါးပိုးမွှားများအန္တရာယ်မှ ကင်းဝေးစေအောင် အခွံနွှာရုံသာမက၊ ရေစင်စင် ဆေးပြီး မှသာ စားသုံးသင့်ပါသည်။
ဆောင်ရန်များ
(၁) စိမ်းစားဥကို သင့်တင့်မျှတသောပမာဏ စားသုံးပေးခြင်းဖြင့် ဆီးချို/ သွေးချိုရောဂါသည်များကို ဘေးဥပါသ်မဖြစ်စေနိုင်ဘဲ အာသာပြေနှုတ်မြိန်စေပါသည်။
(၂) ဗီတာမင်စီလုံလောက်စွာပါရှိသဖြင့် အအေးမိ၊ နှာစေး၊ ချောင်းဆိုးစသော ကူးစက်နာရာသီဖျားများအပြင်၊ အထူးသဖြင့် ကလေးငယ်များ ပန်းနာရင်ကြပ်ရောဂါကို လျော့ပါးသက်သာလာစေနိုင်ပါသည်။
(၃) စိမ်းစားဥထဲတွင်ပါရှိသော ဗီတာမင်စီက ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ်အစွမ်းထက်စေကာ၊ ခန္ဓာကိုယ်ထဲရှိ အန္တရာယ် ဖြစ်စေ သော ဖရီးရယ်ဒီကယ်လ်များကို တိုက်ထုတ်ပေးနိုင်သောကြောင့် ကင်ဆာရောဂါမှ ကာကွယ်ပေးပါသည်။
(၄) ကယ်လိုရီလုံးဝမပါရှိသောကြောင့် စိမ်းစားဥကိုစားပေးခြင်းဖြင့်၊ ကိုလက်စထရောပမာဏကိုမျှတစေကာ၊ နှလုံးရောဂါ များ အပြင်၊ နှလုံးရောဂါနှင့်စပ်လျဉ်းသည့် သွေးတိုးရောဂါတို့ကိုလဲ မဖြစ်စေပါ။
(၅) ဗီတာမင်နှင့်သတ္တုဓာတ်များပါရှိသည့်ပြင်၊ ပြင်ပရောဂါကူစက်ခြင်းမှ ကာကွယ်ပေးသော စိမ်းစားဥကိုစားပေးခြင်းဖြင့် ကိုယ်ခံ စွမ်း အားကို တိုးတက်မြင့်မားစေသည်။
(၆) စိမ်းစားဥထဲတွင် ရေဓာတ် ၈၆% မှ ၉၀% ထိ ကြွယ်ဝစွာပါရှိသောကြောင့်၊ ရေငတ်ပြေစေကာ၊ ခန္ဓာကိုယ်တွင်း အပူရှိန်ကို လျော့ပါးသက်သာစေနိုင်ပါသည်။ ဆီးလဲ ရွှင်စေပါသည်။
(၇) စိမ်းစားဥ၏ အလွန်ကြွပ်ဆပ်သောအသားများက သွားများတွင် အစွန်းအထင်းဖြစ်စေသော မော်လီကျူးများ ကိုကောင်း စွာ ချေဖျက်ပေးသဖြင့်၊ သွားများဖြူဖွေးသန့်စင်စေရုံသာမက၊ သွားကျန်းမာရေးကို အထောက်အကူ ဖြစ်စေ နိုင်ပါသည်။
(၈) ကိုယ်တွင်းကျန်းမာရေးအတွက်သာမက၊ ခန္ဓာကိုယ်အသားအရေကိုပါကောင်းကျိုးပြုစေနိုင်၏။ စိမ်းစာဥကိုပါးပါးလှီးပြီး မျက်နှာ အနှံ့ကပ်ပါ။ စိမ်းစားဥ၏ အအေးဓာတ်ပျောက်သွားသောအခါ မျက်နှာမှခွာပြီး၊ ရေစင်စင်ဆေးပေးရုံမျှဖြင့် မျက်နှာပေါ်ရှိဆဲလ် အသေများကို ဖယ်ရှားပေးပြီး၊ ချွေးပေါက်များကိုပွင့်စေကာ၊ အသားအရေ ကြည်လင် သန့်စင်လာပါ လိမ့်မည်။
----------
ကိုးကားချက် - Good Health
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း