cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဆောင်းရာသီကာလ ငါးစာကျွေးရာတွင် သတိပြုဆောင်ရွက်ရန်အကြံပြုချက်

. ငါးမွေးမြူရေးဆောင်းပါးများ
မွေးမြူရေးပညာရပ်တွင် ငါးမွေးကန်၏ ကန်ရေအပူချိန်သည် ပုံမှန်အားဖြင့် 25°C မှ 32°C အတွင်းရှိရမည်ဟု အဆိုပြုထားပါသည်။ ထို့အတူ မွေးမြူသောငါးများသည် အပူချိန်ကောင်းလျှင် အစာစားနှုန်းကောင်းသည်ဟု သတ် မှတ်ထားပါသည်။
  •            ငါးမွေးတောင်သူအများစုသည် ငါးကြင်းအုပ်စုဝင် ငါးများကို မွေးမြူကြသည်က များပါသည်။ ငါးကြင်း အုပ်စုဝင် ငါးများသည် အပူပိုင်းဒေသငါးမျိုးဖြစ်ပြီး ကန်ရေအပူချိန် လုံလောက်စွာရရှိစေရန် လိုအပ်ပါသည်။ ငါးမွေးမြူရေးပညာရပ်တွင် ငါးမွေးကန်၏ ကန်ရေအပူချိန်သည် ပုံမှန်အားဖြင့် 25°C မှ 32°C အတွင်းရှိရမည်ဟု အဆိုပြုထားပါသည်။ ထို့အတူ မွေးမြူသောငါးများသည် အပူချိန်ကောင်းလျှင် အစာစားနှုန်းကောင်းသည်ဟု သတ် မှတ်ထားပါသည်။ အပူချိန်ကောင်းသည် ဆိုရာတွင် (စံ) သတ်မှတ်ထားသော 32°C ထက် မကျော်စေရန် သတိပြု ရပါမည်။

               ယခုနှစ်ဆောင်းရာသီကာလသည် ယခင်နှစ်ထက် အပူချိန်ကျဆင်းသည်ကို ကြုံတွေ့နေရပါသည်။ ထို့ ကြောင့် ငါးမွေးကန်၏ ကန်ရေအပူချိန်သည်လည်း ကျဆင်းတတ်ပါသည်။ နှင်းကျသော‌ဒေသရှိ ငါးမွေးကန်များတွင် မနက်ပိုင်း ကန်ရေမျက်နှာပြင်ပေါ် နှင်းများကျရောက်နေပြီး ကန်ရေမျက်နှာပြင်လည်း တင်းနေပါသည်။ အဆိုပါအခြေအနေတွင် ကန်ရေ၏ ဓာတုပြောင်းလဲခြင်းများ များစွာပြောင်းလဲလာပြီး ကောင်း ကျိုးထက် ဆိုးကျိုးများကို ပိုမိုဖြစ်စေတတ်ပါသည်။

               မနက်ပိုင်း(၈)နာရီအချိန်တွင် ငါးမွေးကန်၏ရေအပူချိန်ကို တိုင်းတာပါက 23 °C နှင့် 24 °C တွ့ရှိရပြီး 25 °C မကျော်လွန်တာကို တွေ့ရှိရပါသည်။ ငါးမွေးတောင်သူများသည် သမာရိုးကျအတိုင်း မနက်ပိုင်း (၉)နာရီတွင် အစာကျွေးခြင်းကို ဆောင်ရွက်ကြသဖြင့် အဆိုပါ အချိန်တွင် ငါးမွေးကန်ရေအပူချိန်သည် 25°C နှင့်26°C လောက်တွင်ရှိနေပြီး ငါးများအစာစားခြင်းနည်းပါးလာသည်ကို ကြုံတွေ့ရပါမည်။ အစာကြွင်းအစာကျန် များလာပါက ကန်အောက်ခြေညစ်ညမ်းလာစေပြီး ကန်အတွင်းအမိုးနီးယားကို ဖြစ်ပေါ်လာတတ်ပါသည်။ ထို့ကြောင့် အစာအလေ့ အလွင့်များခြင်းအပြင် ကန်အတွင်းအမိုးနီးယားကို ဖြစ်ပေါ်လာစေသဖြင့် ကန်ရေ အပူချိန် တိုင်းတာပြီးမှ အစာကျွေးခြင်းကို ဆောင်ရွက်သင့်ပါကြောင်း တင်ပြအပ်ပါသည်။ ငါးများအတွက် အစာစားခြင်းအကောင်းဆုံးကန်ရေ အပူချိန်မှာ 27 °C , 28 °C, 29 °C တို့ဖြစ်ပါသည်။

               ငါးမွေးကန်၏ကန်ရေအပူချိန်သည် ဆောင်ရာသီတွင် ညနေပိုင်း၌ အပူချိန်ကောင်းတတ်သဖြင့် ညနေပိုင်း (၃) (၄)နာရီတွင် အစာကျွေးခြင်းကို ဆောင်ရွက်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။

    ဦးစန်းအောင်

    ထွက်တိုး

    -----------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes
4
comments
0
views
15668