မွေးမြူရေးဝက်များတွင် ရောဂါပိုးများဝင်ရောက်ကူးစက်ပုံ
· ရောဂါပိုးများ ဝက်ခန္ဓာကိုယ်ထဲသို့ ရောက်လာပါက မိမိတို့ကြိုက်နှစ်သက်သည့် အတွင်းကလီစာ များတွင် တွယ်ကပ်ကာ မြောက်များစွာ ပွားများကြပါသည်။ အချိန်တခုကြာသောအခါ ဒုက္ခပေးနိုင်သော ပမာဏ(အကောင်ရေ) ရောက်ပြီဆိုသည့်အချိန်တွင် ဝက်များရောဂါဖြစ်ပွားသည့် လက္ခဏာကို စတင် တွေ့ရှိပါသည်။
· ထိုသို့ရောဂါပိုးစတင်ဝင်ရောက်ချိန်မှ ရောဂါလက္ခဏာကို စတင်တွေ့ရှိရသော ကြားကာလကို ရောဂါပိုးပျိုး ကာလဟုခေါ်ပါသည်။
· ဝက်များတွင် ကူးစက်ပိုးကြောင့် ရောဂါစတင် ဖြစ်ပွားပါက (ရောဂါပိုးပျိုးကာလလွန်ပါက) ရေဘုယျ လက္ခဏာများကို စတင်တွေ့ရှိရမည်ဖြစ်သည်။
· ရေဘုယျလက္ခဏာများဟု ဆိုခြင်းမှာ မည်သည့်ကူးစက်ရောဂါ (ဘက်တီးယားဖြစ်နိုင်သလို၊ ဗိုင်းရပ်(စ) လည်းဖြစ်နိုင်ပါသည်။) ပုံမှန်နီးပါးတွေ့တတ်သည့် လက္ခဏာများကို ဆိုလိုခြင်းဖြစ်သည်။ ယင်းတို့မှာ
(၁) ကိုယ်ပူခြင်း ( ပုံမှန်ထက်အပူချိန်မြင့်တတ်နေခြင်း)
(၂) မှိုင်တွေခြင်း ( မထဘဲအိပ်နေခြင်း၊မောင်းထသော်လည်းခနသာ ထပြီးပြန်အိပ်နေခြင်း)
(၃) အစာမစားခြင်း ( အစာလုံးဝမစားခြင်း(သို့)အနည်းငယ်သာစားခြင်း)
(၄) ဝမ်းချုပ်ခြင်း (ဝမ်းမသွားဘဲဝမ်းချုပ်နေခြင်း)
(၅)ဆီးချုပ်ခြင်း(ဆီးမသွားဘဲ ဆီးချုပ်ခြင်း - သို့သော် အချို့ဝက်များဆီးချုပ်ခြင်းမရှိဘဲ ဆီးပုံမှန် သွားတတ်ပါသည်) စသည့် ရေဘူယျ လက္ခဏာ (၅)မျိုးကို တွေ့ရတတ်ပါသည်။ ထိုသို့ရေဘူယျလက္ခဏာ (၅)မျိုးကို တွေ့ရပြီးနောက်မှ နာရီပိုင်းဖြစ်စေ၊ ရက်ပိုင်းဖြစ်စေကြာပြီးမှ သက်ဆိုင်ရာရောဂါတမျိုးခြင်း၏ ထူးခြားသည့် လက္ခဏာများကို တွေ့ရ မည်ဖြစ်သည်။
ဥပမာ-ဝက်ဝမ်းကျရောဂါဖြစ်ပါကစဖြစ်ခါစတွင် ကိုယ်ပူ၊မှိုင်၊အစာမစား၊ဝမ်းချုပ်၊ဆီးချုပ်စသည့်ရေဘူယျလက္ခဏာ (၄)မျိုးဖြစ်စေ၊(၅) မျိုးလုံးဖြစ်စေ တွေ့ရပြီး ၁-၂ ရက်ကြာမှ ဝမ်းကျရောဂါ၏ထင်ရှားသော လက္ခဏာများဖြစ်သည့် တကိုယ်လုံးပြာနှုန်းကာသွေးစက်သွေးကွက်များအရေပြားတွင်ပေါ်လာခြင်း၊ မျက်ဝတ်အပြစ်များထွက်ခြင်း၊ စသည် တို့တွေ့ရကာနောက်ထပ်ရက်အနည်းငယ်ကြာပါက သေဆုံးသွားမည်ဖြစ်သည်။
အာဖရိက ဝက်အပြင်းဖျားရောဂါဖြစ်ပါကလည်း ဖြစ်ခါစတွင် ကိုယ်ပူ၊ မှိုင်၊ အစာမစား၊ ဝမ်းချုပ်၊ ဆီးချုပ်ခြင်းများ ကိုတွေ့ရပီးမှနာရီပိုင်းဖြစ်စေ၊ရက်အနည်းငယ်အကြာတွင်ဖြစ်စေ၊ အာဖရိကဝက်အပြင်းဖျားရောဂါ၏ထင်ရှားသော လက္ခဏာများဖြစ်သည့်ဝက်သည် အန်ပီးသွေးပါခြင်း၊ ဝမ်းသွားပီးသွေးပါခြင်း၊ တက်ခြင်းများ၊ ဆေးထိုးသည့်နေရာ တွင်သွေးများပြန်ထွက်ခြင်းများကိုတွေ့ရပီးနာရီပိုင်းဖြစ်စေ၊ရက်အနည်းငယ်ကြာလျင်ဖြစ်စေသေဆုံးသွားမည် ဖြစ် သည်။
ထို့ကြောင့်ဝက်မွေးမြူသူများအနေဖြင့် မိမိ၏ဝက်သည် ဝက်ဝမ်းကျရောဂါဖြစ်သလား၊ အာဖရိကဝက်အပြင်းဖျား ရောဂါဖြစ်သလား၊ ဘက်တီးရီးယားရောဂါဖြစ်သလား ဆိုသည်ကိုရောဂါဖြစ်စတွင် မည်သို့မှသိနိုင်မည်မဟုတ်ပါ။ သို့သော်မိမိမွေးထားသောဝက်သည် ကိုယ်ပူ၊မှိုင်၊အစာမစား၊ဝမ်းချုပ်၊ဆီးချုပ် သည့်ရောဂါလက္ခဏာ(၄) မျိုးဖြစ် စေ၊ (၅)စလုံးမျိုးဖြစ်စေ (၁)ရက်ထက် ပိုတွေ့နေရပါက မိမိ၏ဝက်သည် ကူးစက်ရောဂါ တမျိုးမျိုး စတင်ဖြစ်ပွား နေပီဆိုသည်ကို သိကာ ဆေးကုသမှု ကိုပြုလုပ်ပေးရမည်။
· ဖြစ်သောကူးစက်ရောဂါသည် ဘက်တီးရီးယားကြောင့်လား၊ ဗိုင်းရပ်(စ) ကြောင့်လားမသိနိုင်သော်လည်း ဘက်တီးရီးကြောင့် ဖြစ် သလားဆိုသည်ကိုတိကျစွာမသိနိုင်သော်လည်း လည်း မဖြစ်မနေ ပေးရမည့်ဆေး မှာ ပဠိဇီဝဆေးတမျိုးမျိုး ဖြစ်ပါသည်။
ဘက်တီးရီးယားဖြစ်နေပါက..................ပဋိဇီဝဆေး ၂-၃ ရက် ထိုးပါက ပြန်ကောင်းမည်။
ဗိုင်းရပ်(စ) အပြင်းစားဖြစ်ပါက...............ပဋိဇီဝဆေး ၂-၃ ရက်ထိုးသည့်အတောအတွင်းသေဆုံးမည်ဖြစ်သည်။
ဗိုင်းရပ်(စ) အပျော့စားဖြစ်ပါက...............ပဋိဇီဝဆေး ၂-၃ ရက်ထိုးသော်လည်း ပြန်မကောင်း (သို့သော်) မသေဘဲ ရက်အနည်းငယ်ကြာမှ တဖြည်းဖြည်းပြန်ကောင်းမည်ဖြစ်သည်။
---------
မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း
🔗 ဉာဏ်စမ်းဖြေဆိုရန် - https://htwettoe.com/post/60439
🔗 ဆော့ဝဲလ်ဒေါင်းရန် – https://download.htwettoe.com
🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4
🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း