cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အလွယ်တကူ လုပ်စားနိုင်သော ငှက်ပျောခြောက်ကြော်ပြုလုပ်နည်း

. တန်ဖိုးမြှင့် ထုတ်ကုန်များ
ကြွပ်ကြွပ်ရွရွနဲ့ စားပြီးရင်းစားချင်နေမယ့် ချိုဆိမ့်အရသာ ငှက်ပျောကြော်နည်းကို ဝေမျှ ပေးချင်ပါတယ်။ ငှက်ပျောသီးကို အလုံးလိုက် ဆီပူထဲနှစ်ကြော်စားကြသလို၊ အဝိုင်းလေးတွေလှီးပြီး အခြောက်လှန်းပြီးလည်း ကြော်စားကြတာမျိုး ရှိပါတယ်။
  • အခုနည်းကတော့ အခြောက်ခံ ပြီးမှ ပြန်ကြော်မယ့်ပုံစံပါ။ 

    ငှက်ပျောကြော်ဖို့ လိုအပ်တဲ့ပစ္စည်းတွေက — 

    ၁. ငှက်ပျောသီး 

    ၂. ထောပတ် 

    ၃. သကြားအညို 

    ၄. ဆား 

    ၅. ဆီ တို့ပါဝင်ပါတယ်။ 

    ပြုလုပ်နည်းလေးကတော့  

    ငှက်ပျော မကြော်ခင် အရင်ဆုံး အနေတော် မှည့်နေတဲ့ ငှက်ပျောသီးတွေကို ခပ်ပါးပါးအဝိုင်းလေးတွေလှီးပြီး နာရီ ဝက်၊ ၁ နာရီလောက် အခြောက်ခံထားပါ။ နာရီဝက်လောက်ရှိပြီဆိုရင် ငှက်ပျောကြော်ဖို့ ပြင်ဆင်လို့ရပါပြီ။ 

    ကြော်မယ့်ဒယ်အိုးကို မီးဖိုးပေါ်တင်ပါ။ ဆီကို နှစ်ကြော်ရမှာမလို့ အိုးထဲ ဆီများများထည့်ထားဖို့ လိုပါတယ်။ ဆီပူလာပြီဆိုရင် ထောပတ်ထည့်ပါ။ ထောပတ် ထည့်ကြော်တဲ့အတွက် ဆိမ့်ဆိမ့်လေးနဲ့ ပိုစားကောင်းပါတယ်။ ဆီပူလာရင် ထောပတ်ထည့်ပြီး လေသလပ်ခံထားတဲ့ ငှက်ပျောသီးအဝိုင်းလေးတွေကို ရွှေအိုရောင် သန်းလာတဲ့ထိ ထည့်ကြော်ပါ။ 

    အိမ်မှာ ငှက်ပျောသီးတွေ များနေလို့ တာရှည်ခံအောင် လုပ်ချင်ရင် ငှက်ပျောသီးတွေကို အနေတော် အဝိုင်းပြားလေးတွေ လှီးပြီး အခြောက်ခံပါ။ နေရောင်နဲ့ အခြောက်ခံမယ်ဆိုရင် အနည်းဆုံး ၂ ရက်လောက် အခြောက်ခံရပါတယ်။ အခြောက်ခံထားတဲ့ ငှက်ပျောသီးခြောက်တွေကို ၅ နှစ်ကနေ ၁၀ နှစ်လောက်ထိ တာရှည် သိမ်းထားနိုင်ပါတယ်။ 

    မူရင်းရေးသားသူအား လေးစားစွာဖြင့် ကူးယူဖော်ပြသည်။  

    ------------   

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။  


  • article
likes
14
comments
0
views
27547