cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

"ကြက်၊ ဝက်ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံထူးကြသူများ (၁၂)

. ဝက်မွေးမြူနည်း
ထွက်တိုး ဆော့ဝဲလ်၏ "ဆွေးနွေးမယ်" ကဏ္ဍမှ လာ‌ရောက် ပို့စ်တင်ပြီး ဖုန်းဘေထုတ်ယူနိုင်ပါသည်။
  • တောင်သူဦးကြီးများအတွက် ကြက်၊ ဝက်မွေးမြူရေးဆိုင်ရာဗဟုသုတများ တိုးပွားစေရန်နှင့် ဖတ်ရှုသောဆောင်းပါးတိုင်းမှတ်မိစေရန်၊ ဆောင်းပါးများဖတ်ရှုရာတွင် အင်တာနက်ကုန်ကျစရိတ် ကာမိစေရန်အတွက် ထွက်တိုးမှ တောင်သူဦးကြီးတို့အတွက် "ဆောင်းပါးဖတ်ရှုပြီး ဖုန်းဘေကံစမ်းပါ" အစီအစဥ်ကို ပြုလုပ်လိုက်ရပါသည်။

    အစီအစဥ် - အင်္ဂါနေ့တိုင်း 🐓 ကြက်မွေးမြူရေးဆောင်းပါးများ

    - ကြာသပတေးနေ့တိုင်း 🐖 ဝက်မွေးမြူရေးနည်းလမ်းကောင်းများ

    ထွက်တိုးဖုန်းဆော့ဝဲနှင့် ထွက်တိုး ဖေ့ဘုတ်ပေါ်တွင် ဆောင်းပါးအသစ် နှင့် ဉာဏ်စမ်းမေးခွန်းတင်ပေးမည်ဖြစ်ပါသည်။

    ကံထူးရှင်များကို ထွက်တိုးမှ

    1️⃣ ပထမဆု – ၁၀,၀၀၀ ကျပ်

    2️⃣ ဒုတိယဆု – ၅,၀၀၀ ကျပ်

    3️⃣ တတိယဆု – ၅,၀၀၀ ကျပ် စီ ချီးမြှင့်ပေးမည်ဖြစ်သည်။

    ထွက်တိုး ဆော့ဝဲလ်၏ "ဆွေးနွေးမယ်" ကဏ္ဍမှ လာ‌ရောက် ပို့စ်တင်ပြီး ဖုန်းဘေထုတ်ယူနိုင်ပါသည်။

    ကြက်ဉာဏ်စမ်း အဖြေမှန်မှာ (၃) အထက်ပါအားလုံး ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်

    ကြက်များတွင် သံလုံးကောင်၊ သံပြားကောင်၊ အဆစ်သံကောင် ဟူ၍ သံကောင်များစွာရှိပါသည်။

    မည်သည့်သံကောင်အမျိုးအစားဖြစ်ပါစေ ယေဘုယျတွေ့ရသောလက္ခဏာများမှာ- အစာစားသော်လည်း ကြီးထွားနှုန်းမကောင်းခြင်း၊ ဝမ်းပျက်ခြင်း၊ တဖြည်းဖြည်းပိန်လာပြီး ရက်အတော်ကြာမှ သေဆုံးခြင်းတို့ ဖြစ် ပါသည်။

    သံကောင်ရောဂါရှိပါက လီဗာမီစော၊ ပီပရာဇင်း အစရှိသောဆေးများကိုတိုက်နိုင်သကဲ့သို့ ကွမ်းသီးအစိမ်း ကိုလည်း တိုက်ကျွေးနိုင်ပါသည်။

    ဝက်ဉာဏ်စမ်း အဖြေမှန်မှာ (၂) မှား ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော်

    ဗိုင်းရပ်(စ)ဖြစ်စေ၊ ဘက်တီးရီးယားဖြစ်စေ ရောဂါပိုးစတင်ဝင်ရောက်ချိန်တွင် များသောအားဖြင့် ရောဂါလက္ခဏာ ချက်ခြင်းမတွေ့ရပါ။ ရောဂါပိုးများ ဝက်ခန္ဓာကိုယ်ထဲသို့ ရောက်လာပါက မိမိတို့ကြိုက်နှစ်သက်သည့် အတွင်းကလီစာ များတွင် တွယ်ကပ်ကာ မြောက်များစွာ ပွားများကြပါသည်။ အချိန်တခုကြာသောအခါ ဒုက္ခပေးနိုင်သော ပမာဏ(အကောင်ရေ) ရောက်ပြီဆိုသည့်အချိန်တွင် ဝက်များရောဂါဖြစ်ပွားသည့် လက္ခဏာကို စတင် တွေ့ရှိပါသည်။

    ဖြေဆိုရာတွင် အခက်အခဲများ တစုံတရာ ရှိပါက တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူရန် ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။

    ဉာဏ်စမ်းရင်း ဗဟုသုတတိုးပွားဖို့ ထွက်တိုးသုံးကြစို့။


  • article
  • article
  • article
  • article
likes
7
comments
2
views
10133