ငရုတ်ပင် ပန်းပွင့်ပြီးဘာကြောင့်အသီးမတင်ရတာလဲ
ဝတ်မှုန်ကူးရာတွင်အဓိကအရေးပါသော ပျား၊ပိတုန်းနှင့် အခြားသောဝတ်မှုန်ကူးရာတွင်အကျိုးပြုသော ပိုးမွှားများ စိုက်ခင်းတွင်းမရှိခြင်းကြောင့်လည်းကောင်း၊ ဝတ်မှုန်ကူးခြင်းဖြစ်စဉ်မတိုင်မီ ပန်းများကြွေကျသွားခြင်းကြောင့်လည်းကောင်း ဝတ်မှုန်ကူးခြင်းလုပ်ငန်းစဉ်ကိုထိခိုက်နိုင်သည်။
ငရုတ်ပန်းပွင့်များကြွေကျရခြင်း၏အဓိကအကြောင်းအရင်းများ
အပူချိန်အတက်အကျများလွန်းခြင်း။
အစိုဓာတ်လုံလောက်စွာမရရှိခြင်း။
ရေသွင်း ရေလောင်းများလွန်း၊ နည်းလွန်းခြင်း။
ဝတ်မှုန်ကူးခြင်းဖြစ်စဉ်မအောင်မြင်ခြင်း။
နိုက်ထရိုဂျင်မြေဩဇာများလွန်း၊ နည်းလွန်းခြင်း။
ငရုတ်ပင်များသည် ပူနွေးစိုစွတ်သော ရာသီဉတုကိုကြိုက်နှစ်သက်သည်။ လုံလောက်သောအစိုဓာတ်ကိုထိန်းထားပေးခြင်းဖြင့် အသီးကိုကြာရှည်ခူးဆွတ်နိုင်သည်။ လုံလောက်သောလင်းတာရရှိမှု အနည်းဆုံး (၆) နာရီ ရရှိမှသာအသီးဖြစ်ထွန်းနိုင်သည်။ ငရုတ်ခင်းအားရေသွင်း၊ ရေလောင်းပေးခြင်းကို အထူးဂရုပြုရန်လိုအပ်သည်။ ငရုတ်ပန်းပွင့်သည် ပင်ထီးဝတ်မှုန်ကူးသော်လည်း အမပွင့်အစိတ်အပိုင်းသည် အဖိုပွင့်အစိတ်အပိုင်းထက်ပိုမြင့်သောနေရာတွင်ရှိသောကြောင့် ဝတ်မှုန်ကူးခြင်းလုပ်ငန်းအောင်မြင်စေရန် အကျိုးပြုအင်းဆက်များ၏အကူအညီလိုအပ်ပါသည်။ စိုက်ခင်းတွင် ၎င်းအကျိုးပြုအင်းဆက်များမရှိပါက လူကိုယ်တိုင် လက်ဖြင့်ဝတ်မှုန်ကူးပေးရန်လိုအပ်ပါသည်။
နေ့အပူချိန် (၂၉) ဒီဂရီစင်တီဂရိတ်အထက်နှင့် ညအပူချိန် (၁၆) ဒီဂရီစင်တီဂရိတ်အောက်၌ ဝတ်မှုန်ကူးခြင်းမအောင်မြင်နိုင်ပါ။ ငရုတ်စိုက်ပျိုးခြင်းအတွက်လိုအပ်သောအပူချိန်မှာ (၂၀-၂၅) ဒီဂရီစင်တီဂရိတ်ဖြစ်သည်။ ရေသွင်းရေထုတ်ကောင်းသောမြေ၊ ရွှံ့နုန်းမြေနှင့် မြေစီဩဇာပြည့်ဝသောမြေမျိုးတွင် ကောင်းစွာစိုက်ပျိုးဖြစ်ထွန်းနိုင်သည်။ မြေချဉ်ငန်ဓာတ်(၆.၅-၇.၅ )သည်အသင့်လျော်ဆုံးဖြစ်သည်။ဟင်းသီးဟင်းရွက်အများစုသည် ပန်းပွင့်ချိန်နှင့် အသီးတင်ချိန်တွင်အာဟာရစားသုံးမှုများသောကြောင့် ထိုအချိန်တွင် အစိုဓာတ်လုံလောက်စွာရရှိရန်နှင့် အာဟာရဓာတ်ဖြည့်တင်းပေးရန်အရေးကြီးပါသည်။ ပန်းစပြချိန်တွင် ဖော့စဖောရပ် ( P )နှင့် ပိုတက်စီယမ် ( K )အချိုးများ များပါဝင်သော မြေဩဇာကို ဖြည့်တင်းပေးရမည်ဖြစ်သည်။
https://vegetablegardenerx.com/chilli-flowers-dropping-off/
------------
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း