ငါးကန် နှင့်ပတ်သတ်သည့် ဥာဏ်စမ်းမေးခွန်းအဖြေမှန်မှာ✅🤗
အမှန်ဖြစ်စဉ်မှာ ကြက်ချေးကို ငါးများက တိုက်ရိုက်မစားကြပါ။ ကြက်ချေးသည် သဘာဝမြေဩဇာအဖြစ် အသုံးပြုကြပါသည်။ အဆိုပါ ကြက်ချေးသည် ကန်အတွင်း ကျရောက်ပြီး ကန်အတွင်းသို့ နေရောင်ခြည်ကျ ရောက်သောအခါ အလင်းမှီအစာချက်လုပ်ခြင်းဖြင့် ကန်အတွင်း အပင်မျှောလှေးနှင့် အကောင်မျှောလှေး ပေါက်ဖွားကြပါသည်။ အဆိုပါ အပင်မျှောလှေးနှင့်အကောင်မျှောလှေးများသည် ငါးများအတွက် သဘာဝအစာ ဖြစ်ကြပါသည်။ ထို့ကြောင့် ငါးမွေးတောင်သူများသည် ကန်အတွင်း သဘာဝအစာပေါက်ဖွားရန်(ရေဩဇာတက် စေရန်) အတွက် အခြားသော သဘာဝမြေဩဇာနှင့် ဓါတုမြေဩဇာများ မသုံးစွဲရဘဲ၊ သဘာဝအစာရရှိခြင်းဖြစ်ပါသည်။
ဒါကြောင့် ဒီတစ်ပတ်ဉာဏ်စမ်းမေးခွန်းရဲ့ အဖြေမှန်ဟာ (၂) မှား ဖြစ်ပါတယ်။
ဝင်ရောက်ဖြေဆိုသူအားလုံးကိုအထူးကျေးဇူးတင်ပါတယ်။
ထွက်တိုး App တွင်ဝင်ရောက်ဖြေဆို၍ အဖြေမှန်သူများကို အမှတ်တစ်မှတ်စီတိုးပေးသွားပါမယ်။
ဉာဏ်စမ်းရင်း ဗဟုသုတတိုးပွားဖို့ ထွက်တိုးသုံးကြစို့....
ထွက်တိုး Download ရယူရန် - https://bit.ly/htwettoev2
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 https://htwettoe.com/organization/4
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း