cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြန်မာ့ယဉ်ကျေးမှုနှင့် ကျန်းမာရေးအတွက် အဖိုးတန်လက်ဖက်

. တန်ဖိုးမြှင့် ထုတ်ကုန်များ
လက်ဖက်ရွက်နုများကိုခူးပြီးသော် လက်ဖက်ရည်အဖန်ခြောက်၊လက်ဖက်ရည်အချိုခြောက် ၊ လက်ဖက်အစို၊လက်ဖက်အဆီ စသည်ဖြင့် လေးမျိုးလေးစားအထိ ခွဲခြား၍ လိုအပ်ရာရာ ပြုလုပ်သုံးစွဲ ကြသည်။
  • လက်ဖက်ယဉ်ကျေးမှု စတင်ထွန်းကားခဲ့သည်မှာ အာရှတိုက်မှဖြစ်သည်။ တရုတ်နိုင်ငံ တွင် လက်ဖက်ခြောက် (အခါးခြောက်) ယဉ်ကျေးမှု ထွန်းကားခဲ့ပြီး၊ အိန္ဒိယ တွင် လက်ဖက်ခြောက် (အချိုခြောက်) ယဉ်ကျေးမှု ထွန်းကားခဲ့သည်။ ကမ္ဘာပေါ်ရှိ လက်ဖက် ယဉ်ကျေးမှုများတွင် မြန်မာနိုင်ငံရှိ လက်ဖက်ယဉ်ကျေးမှုမှာထူးခြားသည်။ မြန်မာ့ရိုးရာလက်ဖက်ယဉ်ကျေးမှုတွင် လက်ဖက်  လက်ဖက်စို နှင့် လက်ဖက်ခြောက် အဖြစ်သုံး သည်ကိုတွေ့နိုင်သည် ။ လက်ဖက်ခြောက်တွင်လည်း  အချို ခြောက် နှင့် အခါးခြောက် ဟူ၍ နှစ်မျိုးလုံးတွေ့ရသည်။ လက်ဖက်ခြောက်ကို ရေနွေးပူထဲထည့်ကာ လက်ဖက်ရည် ၊ လက်ဖက်ရည်ကြမ်း ၊ ရေနွေးကြမ်း ၊ အခါးရည်အဖြစ် သောက်သုံးကြသည်။ လက်ဖက်ရည်သည် ရေပြီးလျှင် ကမ္ဘာပေါ်တွင် သောက်သုံးမှု အများဆုံး ဖြစ်သည် ။ အိန္ဒိယတို့၏ လက်ဖက်အချို ခြောက်ကိုမူ ရေနွေးတွင် ကျကျနနနှပ်၍ နွားနို့၊ သကြားများထည့်ဖျော် သောက်သုံးကြသည်။ လက်ဖက်ရွက်ကို အချဉ်ဖောက်၍နှပ်ကာ ရရှိလာသော လက်ဖက်စိုကို အစာပလာမျိုးစုံ ရောပြီး လက်ဖက် သုပ် အဖြစ် စားသုံးကြသည်။ 

    မြန်မာနိုင်ငံမှာတော့ "လက်ဖက်အစ တအောင်းက”လို့ အဆို ရှိပါတယ်။ တအောင်း (တအမ်းလူမျိုး)တို့ နေထိုင်တဲ့ ရှမ်းပြည်မြောက်ပိုင်းကနေ အစပြုတယ်လို့ ဆိုကြတာတွေ ရှိပါတယ်။ လက်ဖက်ဟာ သဘာဝ အလျောက် ပေါက်မယ်ဆိုရင် ပေ၃၀ခန့် မြင့်နိုင်ပါတယ်။ အခုတော့ လက်ဖက် ခြံတွေဟာ ခူးရလွယ်အောင် လေးပေနဲ့ ငါးပေ အမြင့်လောက်သာ ထားပြီး စိုက်ကြပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ လက်ဖက်ပင်ရဲ့ အပင်မှာ အကိုင်းအခက်ထက် အရွက်များများ ပိုထွက်လာနိုင် အောင်နဲ့ လက်ဖက်ခူးသူ အများစုဟာ မိန်းမနဲ့ ကလေးတွေ ဖြစ်တာကြောင့် တစ်ပင်လုံး လက်လှမ်းမီ ခူးနိုင်ဖို့ အတွက်ပါ။ ပလိုင်းလေးတွေ ကိုယ်စီနဲ့ လက်ဖက်ခူးထွက်တဲ့ ပုံရိပ်တွေကို ရှမ်းပြည်ဘက်တွေမှာ မြင်ဖူးကြမှာပါ။ လက်ဖက်မှာ အရွက်နုလေ ကောင်းလေ ဖြစ်တာ ကြောင့် လက်ဖက်ခြောက်ကိုလည်း အရွက်အနုအရင့်ပေါ်မူတည်ပြီး အခေါ်အဝေါ်တွေ အမျိုးမျိုး ရှိကြပါတယ်။ 

    လက်ဖက်ရွက်နုများကိုခူးပြီးသော် လက်ဖက်ရည်အဖန်ခြောက်၊လက်ဖက်ရည်အချိုခြောက် ၊ လက်ဖက်အစို၊လက်ဖက်အဆီ စသည်ဖြင့် လေးမျိုးလေးစားအထိ ခွဲခြား၍ လိုအပ်ရာရာ ပြုလုပ်သုံးစွဲ ကြသည်။ လက်ဖက်ခြောက်(လက်ဖက်ရည်အဖန်ခြောက်)လုပ်ငန်းမှာ နွေရာသီနှင့် မိုးမကျမီကာလ အတွင်းသာ လုပ်ကိုင်ပြီးလျှင် မိုးဦးကျ၍ မိုးအလွန်ရွာသောအချိန်၌ လက်ဖက်ခြောက် အလုပ်များ မလုပ်နိုင်ဘဲ၊ ရပ်ဆိုင်း၍ လက်ဖက်အစို၊ သို့မဟုတ် အချိုခြောက်လုပ်ငန်းများကိုသာ လုပ်ကိုင်ကြရသည်။ 

    လက်ဖက်ခြောက်များလုပ်ရာတွင် ရွက်ကြမ်းမကြွေမီ နှင်းအားကြီးသော ဆောင်းရာသီ အခါ၌ လည်း လက်ဖက်ရွက်နုများ အသင့်အတင့်ခူးယူ ရရှိနိုင်၍ ထိုရာသီတွင်ထွက်သော လက်ဖက်ခြောက်များ မှာ ရွှေဖီအွိုင့်နမ့်ဟု ခေါ်၍ ပထမတန်စားဖြစ်၏။ မြန်မာလို နှင်းတက်ခြောက်ဟုခေါ်သည်။ ရေချို အကောင်းခြောက် ဟုလည်း အဓိပ္ပာယ်ရ၏။ တစ်နှစ်အတွင်းထွက်သော လက်ဖက်ခြောက်အမျိုးအစား တို့မှာ ရွှေဖီ အွိုင့်နမ့် (နှင်းတက်ခြောက် - ရေချိုခြောက်) ၊ ရွှေဖီဦး (သင်္ကြန်မကျမီ ထွက်သည် ၊ ရိုးရိုးရွှေဖီ (သင်္ကြန်ကျပြီးစအခါ ထွက်သည်) ၊ ခါးကန် (မိုးဦးကျခါနီး ခူးသည်) ၊ ခါးဝှပ် (မိုးဦးကျပြီးမှ ခူးသည်)၊ ခါးနွိုင်း (မိုးတွင်းခူးသည်)။ 

    မြန်မာလူမျိုးများ အနှစ်သက်ဆုံးဟု ပြောလေ့ပြောထရှိခဲ့ကြသော အာဟာရဝတ္ထုသုံးမျိုးထဲတွင် လက်ဖက်သည်လည်း အဓိကပါဝင်ပါသည်။ မြန်မာလူမျိုးများ ပြောလေ့ပြောထရှိခဲ့ကြသော အာဟာရဝတ္ထုသုံးမျိုးမှာ အသားမှာ ဝက်၊ အသီးမှာ သရက်၊ အရွက်မှာ လက်ဖက်ဟူ၍ဖြစ်သည်။ ခေတ် အဆက်ဆက် မတိမ်ကောဘဲ မြန်မာ့ရိုးရာယဉ်ကျေးမှု နယ်ပယ်တွင် လက်ဖက်သည် အလွန်အရေးပါအရာ ရောက်သည်။ သောက်သုံး ပြီး သော လက်ဖက်စိမ်းထုပ်ကို နွေးနေသောအချိန်တွင် မျက်ခွံပေါ်တွင် ကပ်လျှင် သွေးလည် ပတ်မှုကို ကောင်းစေပြီး မျက်ကွင်းညိုခြင်း၊ မျက်ရည်အိပ်ဖောင်းခြင်းတို့ကို ပျောက်ကွယ်စေနိုင် သည် ။ ရေခဲစိမ်ထားသော လက်ဖက်စိမ်းထုပ်ဖြင့် ခန္ဓာကိုယ်ပေါ်တွင် ဖိကပ်ထားပါက ဖောရောင်ခြင်းကို ပျောက်ကွယ်စေသည်။ နှုတ်ခမ်းခြောက်သွေ့ကွဲအက်ခြင်း၊ ခြေဖနောင့် အက်ကြောင်းထခြင်း တို့သည် ခန္ဓာကိုယ် ရေဓာတ်လိုအပ်နေသည်ကို ဖော်ပြနေသည်သာမက၊ ခန္ဓာကိုယ်ရှိဆဲလ်လည်း ပျက်ဆီးနေ သည်။ တစ်ပတ်လျှင် ၃-၅ ကြိမ်အထိ နှုတ်ခမ်းနှင့် ခြေဖနောင့်ကို လက်ဖက်ဖြင့် သုတ်လိမ်းပါက လက်ဖက်ခြောက်တွင်ပါသော ဖီနောဓာတ်ပါဝင်ခြင်းကြောင့် ခြောက်သွေ့ရာမှ စိုပြေလာစေပြီး ခန္ဓာကိုယ်ရှိ ဆဲလ်များ ပြန်လည်ရှင်သန်မျိုးပွားလာစေနိုင်ပါသည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုထဲတွင် လက်ဖက်သည် မပါမဖြစ်များစွာ အသုံးဝင်သကဲ့သို့ ခန္ဓာကိုယ်အတွက်လည်း အသုံးဝင်ပြီး အကျိုးသက် ရောက်မူ ကောင်းစွာရရှိနိုင်သောအရွက်မျိုး ဖြစ်ပါသည်။ လက်ဖက်တွင် အကျိုးသက်ရောက်မှု ကောင်း ကျိုးများစွာရှိသောကြောင့် လက်ဖက်ကို အသုံးပြုပေးရန် လိုအပ်သည်။ 

    --------- 

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe  

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်း နိုင်ပါ ကြောင်းသတင်းကောင်းပါလိုက်ပါတယ်။  


  • article
likes
9
comments
0
views
11385