ရန်ကုန်တိုင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက် မှ ဇန်ဝါရီလ ၂၅ ရက်အထိ မိုးလေဝသအခြေအနေ
ပင်လယ်ပြင်မှထူးခြားသည့်အခြေအနေများနှင့် မြန်မာနိုင်ငံအပေါ် သက်ရောက်နိုင်သည့်အခြေအနေ
· အိန္ဒိယသမုဒ္ဒရာတောင်ဘက်ခြမ်းတွင်ဖြစ်ပေါ်လျှက်ရှိသည့် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း DUDZAI (14S) သည် အပူပိုင်းမုန်တိုင်းအဖြစ်အားလျော့သွားပြီဖြစ်ပြီး အနောက်တောင်ဘက်သို့ဆက်လက်ရွေ့လျားနေပါတယ်။ အရှေ့ဖိလစ်ပိုင်ပင်လယ်တွင် ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်း NOKEAN သည် ဆက်လက်တည်ရှိနေပြီး ဇန်နဝါရီ ၂၂ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားနိုင်ပါတယ်။
· ကမ္ဘာ့တောင်ဘက်ခြမ်းနှင့် မြောက်ဘက်ခြမ်းတို့တွင်အထက်ဖေါ်ပြပါ မုန်တိုင်းများ DUDZAI နှင့် NOKEAN တို့ကြောင့် မြန်မာနိုင်ငံအပေါ်သက်ရောက်မှု လုံးဝရှိနိုင်မည်မဟုတ်ပါ။
တပတ်အတွင်းအပူချိန်ဖြစ်နိုင်ချေခန့်မှန်း
· တနိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်လက်၍ အေးနေနိုင်ပါဦးမယ်၊ အအေးလွန်ကဲခြင်း(အအေးလှိုင်းဖြတ်ခြင်း) မရှိနိုင်ပါ။ မြန်မာနိုင်ငံတောင်ပိုင်းဒေသများဖြစ်သည့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသများတွင် ဇန်နဝါရီလကုန်မှ စတင်၍ တဖြည်းဖြည်းပူနွေးလာနိုင်/နေ့အပူချိန်များမြင့်တက်လာနိုင်ပါတယ်။
ယခု ၁ ပတ်အတွင်း ရန်ကုန်တိုင်းအတွင်းမိုးရွာသွန်းနိုင်မည့်အခြေအနေ နှင့် အပူချိန်ပြောင်းလဲနိုင်ချေခန့်မှန်း
· ယခုတပတ်အတွင်း တိမ်ကင်းစင်သောရက်များနိုင်ပြီး၊ မိုးရွာရန်မရှိပါ။ ရန်ကုန်တိုင်းတခုလုံးတွင် အမြင့်ဆုံးအပူချိန် ၃၅°C နှင့် အနိမ့်ဆုံးအပူချိန် ၁၉°C ရှိနိုင်ပါမယ်။
အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ
· ယခု ၁ ပတ်အတွင်း - ရန်ကုန်တိုင်းတောင်ပိုင်းဒေသများဖြစ်သည့် သံလျှင်၊ ကျောက်တန်း၊ ဝါးဘလောက်သောက်၊ ခရမ်း၊ သုံးခွ စသည့်မြို့နယ်များတွင် အမြင့်ဆုံးအပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၁၈°C ရှိနိုင်ပါမယ်။
· ရန်ကုန်မြို့တွင်းမြို့နယ်များဖြစ်တဲ့ ဗိုလ်တထောင်၊ ကျောက်တံတား၊ ကမာရွတ်၊ သင်္ဃန်းကျွန်း၊ လှိုင်၊ တာမွေ၊ မြောက်ဥက္ကလာ၊ မရမ်းကုန်း၊ ဒဂုံမြို့သစ်မြို့နယ်များ မှာ အမြင့်ဆုံးအပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၁၈°C ရှိနေပြီး ဆောင်းရာသီရဲ့ အအေးဓါတ်ဆက်လက်ရရှိနေပါဦးမယ်။
· ရန်ကုန်မြောက်ပိုင်း၊ အနောက်ပိုင်းနဲ့ အရှေ့ပိုင်းမြို့နယ်တွေမှာလည်း အမြင့်ဆုံးအပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၁၈°C ရှိနေနိုင်ပါတယ်။
· ရန်ကုန်တိုင်းမြောက်ပိုင်းအစွန်က တိုက်ကြီး၊ မှော်ဘီ၊ ဖေါင်ကြီး၊ လှည်းကူး စတဲ့ မြို့နယ်တွေမှာ အမြင့်ဆုံးအပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၁၈°C ရှိနိုင်ပါမယ်။
· ရန်ကုန်မြို့တွင်း လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI)က 160 အထိ မြင့်တက်နေတာကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူများ သတိထားရမည့် level ဖြစ်ပါတယ်။
· ရန်ကုန်တိုင်းရဲ့ လေထုစိုထိုင်းဆအခြေအနေသည် နေ့လည်ပိုင်းအချိန်များတွင် ကုန်းတွင်းဒေသများမှာ ၃၀% ဝန်းကျင်ရှိနေပြီး၊ ကမ်းရိုးတန်းအနီးမှာ ၅၀% မှ ၇၀% ခန့် ရှိနိုင်ပါတယ်။
· ရန်ကုန်မြစ်ဝနှင့်ကမ်းရိုးတန်းအနီးပင်လယ်ပြင်မှာ လေတိုက်နှုန်းတနာရီ ၁၈ မိုင်ခန့်၊ လှိုင်းအမြင့် ၂ ပေ မှ ၂.၆ ပေခန့် ရှိနိုင်ပါမယ်။
· ရန်ကုန်မြောက်ပိုင်းမြို့နယ်များအနက် မြစ်ချောင်းများနှင့် ဆည်ရေသောက်ဧရိယာများမှာ မြေအောက်အနက် ၄၀ စင်တီမီတာအထိ မြေဆီလွှာစိုထိုင်းဆ ၉% နဲ့ မြေအောက်အနက် ၄၀ မှ ၁၀၀ စင်တီမီတာမှ မြေဆီလွှာစိုထိုင်းဆ ၁၈% ရှိနေပါမယ်။ ရန်ကုန်တိုင်းတောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းအနီးမှ မြို့နယ်များမှာတော့ မြေအောက်အနက် ၄၀ စင်တီမီတာအထိ မြေဆီလွှာစိုထိုင်းဆ ၃၃% နဲ့ မြေအောက်အနက် ၄၀ မှ ၁၀၀ စင်တီမီတာမှ မြေဆီလွှာစိုထိုင်းဆ ၅၆% ရှိနေပါမယ်။
Win Naing
Administration Team,
MMWEATHER,
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်တောင်သူများထံသို့
မြေဩဇာထည့်သွင်းနည်းအကြံပြုချက်
- စပါး စိုက်သမန်းပြင်ချိန်မှာ တီစူပါ(P) အိတ်ဝက်+ ပိုတက်ရှ်(K)အိတ် ၄ပုံ၁ပုံထည့်သွင်းပေးပါ။
- တိုက်ရိုက်မျိုးစေ့ချစိုက်ခင်းဆိုရင် အရွက် ၅ ရွက်ထွက်ချိန်မှာ ယူရီးယားပုလဲ (N)တစ်အိတ်ရဲ့ ၃ပုံ၁ပုံကို တစ်ကြိမ်၊ ပျိုးထောင်စိုက်ခင်းဆိုရင် ကောက်ပင်လှန်ချိန်မှာအဲ့အချိုးအတိုင်း တစ်ကြိမ် ထည့်ပေးပါ။
- ပင်ပွားစီးချိန်မှာ ယူရီးယား(N) နောက်တစ်ပုံ၊ ဗိုက်ဖောင်းချိန် ပိုတက်ရှ် (K) တစ်ကြိမ်
- အလံရွက်ထွက်ချိန် ကျန်တဲ့ယူရီးယားတစ်ပုံ(N)+ ပိုတက်ရှ်(K)တစ်ပုံကိုကျွေးပေးပါ။
- ကြီးထွားမှုအဆင့်အလိုက်နဲ့ သက်တမ်းရက်တွေက ရာသီဥတုနဲ့ ပိုးမွှားကျရောက်မှုပေါ်မူတည်ပြီး အနည်းငယ်ပြောင်းလဲနိုင်ပါတယ်။
ငါး/ပုစွန် ကန်များအတွက် အကြံပြုချက်
ရန်ကုနီတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင် ရွက်ဖို့ အကြံပြုလိုပါတယ် ခင်ဗျာ-
ခုချိန် ငါးကန်တွေမှာ ဘက်တီးရီးယားပိုးပေါက်တဲ့အချိန်ဖြစ်၍ ရေကို စစ်ဆေးပေးရန်၊
မြစ်ချောင်း၊ အင်းအိုင်များတွင်လည်း ရေကျချိန် ဘက်တီးရီးယားပိုးများပေါက်ချိန်ဖြစ်၍ အဆိုပါ ရေအရင်းမြစ်များမှ ရေကို ငါးကန်ထဲသွင်းချိန်တွင် ရေကို သေချာစစ်ဆေးပြီးမှာသာ သွင်းရန်၊
ငါးအကြေးခွံကျွတ်ခြင်း၊ ငါးအနီစက်ကျခြင်းတွေ ကျရောက်ချိန်ဖြစ်၍ ထုံးနဲ့ ဆားထည့်ပေးရန်၊
ငါးဗိုက်ဖောင်းခြင်း၊ ငါးအကြေးခွံကျွတ်ခြင်းတွေခံနိုင်ဖို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ အစာထဲမှာ ပဋိဇီဝ ဆေးများ ထည့်ကျွေးပေးရန်၊
----------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း