cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

သရက်စိုက်ပျိုးနည်း (စ - ဆုံး)

. စိုက်ပျိုးနည်းစနစ်များ
သရက်စိုက်ပျိုးနည်း (စ - ဆုံး)
  • article

  • အိမ်ခြံဝင်းအတွင်း (သို့မဟုတ်) စီးပွားဖြစ်စိုက်ခင်းအဖြစ် သရက်များ စိုက်ပျိုးရာတွင် အသီးအရည်အသွေး ကောင်းရန်နှင့် အသီးထွက် နှုန်းကောင်းရန် စနစ်တကျစိုက်ပျိုးပြုစုရန် လိုအပ်ပါသည်။


    ရာသီဥတု
    ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၄၀၀၀) ကျော်အထိ စိုက်ပျိုးသော်လည်း အသီးအထွက်နှုန်း၊ အသီးသီးနှုန်း နည်းပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ(၂၀၀၀) အောက်တွင် သရက်ကို စိုက်ပျိုးထုတ်လုပ်ရန် အကောင်းဆုံး ဖြစ်ပါသည်။


    သရက်သီးစိုက်ပျိုးထုတ်လုပ်ရန် အသင့်တော်ဆုံး နှစ်စဉ်ပျှမ်းမျှအပူချိန်မှာ (၂၆.၅) ဒီဂရီစင်တီဂရိတ်ဖြစ်ပြီး၊ အပူချိန် (၁) ဒီဂရီစင်တီဂရိတ် အထိ ကျဆင်းပါက စိုက်ပျိုးမှုကောင်းစွာ မဖြစ်ထွန်းပါ။
    နှစ်စဉ်မိုးရေချိန် (၃၀-၁၀၀) လက်မ ရွာသွန်းသောဒေသများတွင် ဖြစ်ထွန်းသည်။ မိုးရေချိန်နည်းသောဒေသများတွင် ရေသွင်း၍ စိုက်ပျိုးကြ သည်။
    မိုးများလွန်းသောဒေသများတွင် သီးထိုးယင်နှင့် ခေါင်ည့န့်ထိုးပိုးများ ဖျက်ဆီးမှုပါသည်။
    အမျိုးအစားမြေသားထုနက်ရှိုင်းပြီး ရေစီးစိမ့်မှုကောင်းသော နုန်းဆန်မြေ နှင့် နုန်းမြေနီသည် သရက်စိုက်ပျိုးရန် အကောင်းဆုံးမြေ အမျိုးအစားဖြစ်ပါသည်။ သင့်တော်သော မြေချဉ်ငံဓာတ် (၆-၇) အတွင်းဖြစ်ပြီး (၅-၇.၅) အတွင်း စိုက်ပျိုးဖြစ်ထွန်းပါသည်။


    ရွေးချယ်စိုက်ပျိုးခြင်း
    ဒေသနှင့် ကိုက်ညီပြီး အရည်အသွေးကောင်းသော မျိုးများကို ရွေးချယ်စိုက်ပျိုးခြင်းဖြင့် အရည်အသွေးကောင်း အသီးများ ရရှိမည်ဖြစ်ပြီး ထုတ်လုပ်မှုစရိတ် သက်သာပါမည်။


    ထင်ရှားသော အရည်အသွေးကောင်းသရက်မျိုးများမှာ-
    စိန်တလုံး၊ ရွှေဟင်္သာ၊ မြကျောက်၊ မချစ်စု၊ ရင်ကွဲမျိုးများ ဖြစ်ပါသည်။ ဒေသအလိုက်စိုက်ပျိုးရန် သင့်တော်သော မျိုးကောင်းများမှ အောက်ပါအတိုင်း ဖြစ်ပါသည်။
    စစ်ကိုင်းတိုင်း - ဖိုးချစ်ထွန်း၊ ကန်တွင်း၊ စိန်တလုံး၊ ရင်သွဲ။
    ပဲခူးတိုင်း - မြကျောက်၊ ပျားရည်ဆမ်း၊ ဒေါ်သာဖြူ၊ မချစ်စု၊ မသီး ၊ ရွှေဟသာၤ၊ စိန်တလုံး၊ ရင်ကွဲ၊ သံကွန်ခြာ။
    မန္တလေးတိုင်း - စိန်တလုံး၊ ရွှေဟင်္သာ၊ အိမ်တော်၊မတ္တရာခေါင်ချိုး၊ နက်တဲ့၊ ပန်းဆွဲ ရင်ကွဲ၊ မချစ်ဆု
    မွန်ပြည်နယ် - မဆွယ်၊ တစုမြိတ်၊ ဘန်ကောက်၊ ဦးဇင်းမိုး၊ ရင်ကွဲ၊ မချစ်ဆု
    ရန်ကုန်တိုင်း - စိန်တလုံး၊ ရွှေဟင်္သာ ၊ သံကွန်ခြာ၊ ရင်ကွဲ ၊ မချစ်ဆု
    ဧရာဝတီတိုင်း - သံကွန်ခြာ၊ သကြား၊ ပသီး၊ ရာဇမတ်၊ နို့ဆီ၊ ထိပ်နီ ၊ မစိုးမင်း၊ ထောပတ်၊ မချစ်ဆု၊ ရင်ကွဲ


    စိုက်ပျိုးစနစ်နှင့် စိုက်ပျိုးခြင်း
    သမရိုးကျစိုက်စနစ်တွင် ပင်ခြား၊ တန်းခြား (၃၀×၃၀) ပေ ထားစိုက်ပါက တစ်ဧကအပင် (၄၈) ပင် ဝင်ဆန့်ပါသည်။ ခေတ်သစ်စိုက်စနစ် တွင် တစ်ပင်နှင့်တစ်ပင် နီးကပ်စွာ စိုက်ပျိုးပါသည်။ ပင်ခြားတန်းခြား (၁၅-၁၅) ပေ ထားစိုက်ခြင်းဖြင့် တစ်ဧကအပင် (၁၉၃) ပင် ဝင်ဆန့်ပါသည်။ ခေတ်သစ်စိုက်စနစ်တွင် တစ်ပင်မှ အသီးအရအတွက် ပိုမိုရရှိစေပါသည်။ တစ်ဧကဝင်ဆန့် အပင်ဦးရေများသဖြင့် တစ်ဧကမှ ရောင်းတန်းဝင် အသီးထွက်နှုန်းမြင့်မားစေပါသည်။
    ကာလတိုအတွင် အကျိုးအမြတ်များစွာ ရစေသဖြင့် ယခုအခါ ခေတ်သစ်စိုက်ပျိုး စနစ်ဖြင့် စီးပွားဖြစ် စိုက်ပျိုးလာကြပါသည်။
    စိုက်ကျင်းအရွယ်အစားကို အနည်းဆုံး (၂×၂×၂) ပေ ထား၍တူးပါ။ တူးပြီးကျင်းများကို (၇) ရက်ခန့် နေလှန်းထားပါ။
    သဘာဝမြေသြဇာ (နွားချေး၊ ကြက်ချေးဆွေး) (၁-၂) တင်း၊ တီစူပါဖော့စဖိတ် (၄၀) ဂရမ်၊ ပိုတက်စီယမ်ကလိုရိုဒ် (၁၁၄) ဂရမ် နှင့် မြေအောင်းပိုးသတ်ဆေး တစ်မျိုးမျိုးကို ကျင်းပတ်လည်ရှိ အပေါ်ယံမြေနှင့် ဆတူသမအောင် ရောမွှေပြီး စိုက်ကျင်းမို့မောက်သည်အထိ ပို့ပေးပါ။
    သရက်စိုက်ခင်းကို အောက်ပါနည်း(၂) နည်းဖြင့် စိုက်ပျိုးနိုင်ပါသည်။


    ၁။ ကိုင်းဆက်ပျိုးပင်ဖြင့် တိုက်ရိုက်စိုက်ပျိုးနည်း
    ကျန်းမာသန်စွမ်းပြီး သက်တမ်း(၁-၂) နှစ်သားရှိသော ကိုင်းဆက်ပျိုးပင်ကို စိုက်ပျိုးပါ။ သို့မှသာ စိုက်ခင်းအတွင်းသို့ ရွေ့ပြောင်းစိုက်ပျိုး ရာတွင် အသေအပျောက်နည်းပါးမည်။ သို့ဖြင့် စရိတ်စက ကုန်ကျမှု သက်သာစေပါမည်။


    ၂။ စိုက်ခင်းတွင် သရက်အစေ့ချစိုက်ပြီးနောက် စိုက်ကိုင်းဆက်ခြင်း
    စိုက်ခင်းအတွင်း စိုက်ပျိုးထားသော သရက်အောက် အကိုင်းဆက်ရာတွင် ဘေးတိုက်ပါးချင်းအပ်အကိုင်းဆက်နည်း၊ ငုတ်ရိုက်အကိုင်း ဆက်နည်း၊ အပင်ခွဲသပ်သွင်း အကိုင်းအဖူးတုံး မြှပ်နည်း၊ တစ်ခုခုကို အသုံးပြုနိုင်ပါသည်။


    ရေပေးသွင်းခြင်း
    အသီးမတင်သေးသော အပင်ငယ်ကို အပင်ကြီးထွားရန် မိုးမရွာပါက ရေပေးသွင်းပါ။
    အသီးခံယူနေသော အပင်ကြီးများကို အသီးတင်စဉ် နှ့် ထွားစဉ် (၁၀- ၁၅) ရက်ခြား ရေပေးသွင်းပါ။


    သဘာဝမြေသြဇာနှင့် ဓါတ်မြေသြဇာထည့်သွင်းပေးခြင်း
    တစ်နှစ်သားအပင်တစ်ပင်အတွက် ယူရီးယား (၈၅) ဂရမ်၊ ဖော့စဖိတ် (၄၀) ဂရမ်၊ ပိုတက်စီယမ်ကလိုရိုဒ် (၁၁၂) ဂရမ် ကို ထည့်သွင်းပေး ပါ။ အပင်သက်တမ်း (၄) နှစ်သားအထိ ပထမနှစ်ကျွေးသည်ကို တစ်ဆစီတိုး၍ တည့်သွင်းပေးပါ။


    အသီးသီးလျက်ရှိသော အပင်တစ်ပင်အတွက် ယူရီးယား၊ တီစူပါဖော့စဖိတ် (၃၇၅) ဂရမ်နှင့် ပိုတက်ဆီယမ်ကလိုရိုဒ် (၁) ဂရမ်ကို ဇွန်၊ ဇူလိုင် (မိုးဦး) တွင် ထည့်သွင်းပေးပါ။
    စက်တင်ဘာ၊ အောက်တိုဘာ(မိုးနှောင်း) တွင် ယူရီးယား ကို ထပ်မံထည့်သွင်းပေးပါ။ ဓါတ်မြေသြဇာ ထည့်သွင်းပေးရာတွင် အစိုဓါတ် လုံလောက်ရမည်။ မြေသြဇာကို အပင်၏ဘေးတွင် အောက်ကျင်းခွက်ပြုလုပ်၍ ကျင်းခွက်အတွင်း ညီညာစွာ မြေကြီးနှင့် ပြန်ဖုံးအုပ်ပေး ပါ။ မြေသြဇာကို နွာချေး (၂) တင်း နှစ်စဉ်မိုးဦးကျတွင် ထည့်သွင်းအေပါ။


    ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း
    သရက်ဖြုတ်ပိုး။ ။ အရည်အသွေးကောင်းသော အသီးများရရှိရန် ကြပ်ခိုးမှိုရောဂါကျရောက်မှုကို ကာကွယ်ရန် ဖီနိုက်တြိုသီယွန် (၁.၅) စီစီကို ရေတစ်လီတာတွင်ဖျော်၍ သရက်ပန်းမပွင့်မီ အပင်ပေါ်ပက်ဖျန်းပါ။ ပန်းခိုင် အဆုံးထိ ထွက်ပြီးချိန် (သို့) ပန်းအလုံးစုံမပွင့်မီ ဒုတိယ အကြိမ် ပိုးသတ်ဆေးဖျန်းပါ။ အသီးပဲလုံးအစေ့အရွယ်တွင် တတိယအကြိမ် Sevin (50WP) (၄) ဂရမ်ကို ရေတစ်လီတာနှုန်းဖျော်၍ ပက်ဖျန်းရန် ဖြစ်ပါသည်။


    ခေါင်ညွန့်ထိုးပိုး။ ။ စီဗင် (ဝ.၂)% (သို့) မိုနိုကလိုဖော့ (ဝ..၅)% ဖျော်၍ ပက်ဖျန်းပါ။
    ပင်စည်ထိုးပိုး။ ။ ပိုးကျအပိုင်းကို ဖြတ်တောက်ဖယ်ရှားပါ။ အတွင်းမှ ပိုးလောက်ကောင်ကို သုတ်သင်ရှင်းလင်းပါ။ ပိုးပေါက်အတွင်းသို့ အင်ဒိုဆာလဖန်ဆေးရည်(၅) စီစီ ထိုးသွင်းပြီး ပိုးပေါက်ကို ရွှံ့ဖြင့်ပိတ်ပါ။


    ပိုးစေးနဲ (Mealy bug) ။ ။ ဒီဗင် (ဝ.၁)% နှင့် မီသိုင်းပါရာသီယွန် (ဝ.၀၇၅)% ပက်ဖျန်းပေးပါ။
    သီးထိုးယင်။ ။သရက်သီးအရွယ် ကြက်ဥလုံးခန့်ရှိပါက ဟော်မုန်းဖြင့် ထောင်ဖမ်းပါ။ စက္ကူအိတ် စွပ်ပေးပါ။ မီသိုင်းယူဂျီနော (၆-၄-၂) ပတ်အလိုတွင် ဒိုင်မီသိုအိတ် (ဝ.၀၃)% ပက်ဖျန်းပါ။ ဘာဗီစတင် (သို့မဟုတ်) (၄း၄း၅၀) အချိုး ဘော်ဒိုဆေးရည်ကို (၄) ပတ်ခြား တစ်ကြိမ် ပက်ဖျန်းပေးပါ။


    အသီးဆွတ်ခူးခြင်း
    ကာလရှာကြည်စွာ ပြုစုထားရှိရခြင်း၊ သွင်းအားစုများစွာ ထည့်သွင်း ရင်းနှီးထားရှိရခြင်းမှရရှိသော သရက်သီးများမှာ အချိန်တိုအတွင်း လွယ်ကူစွာပျက်စီးခြင်းနှင့် ကြုံရလေ့ရှိပါသည်။
    သရက်သီးများ၊ ပျက်ဆီးဆုံးရှုံးမှုလျော့နည်းစေရန် အောက်ပါအတိုင်း ဆောင်ရွက်ပါ။


    ၁။ အသီးများကောင်းစွာ ရင့်မှသာ ဆွတ်ခူးပါ။
    ၂။ အသီးများအနာတရမဖြစ်စေရန်၊ လက်လှမ်းမီသည့် နေရာတွင် လက်၊ ကတ်ကြေး၊ ဖြင့် ဆွတ်ခူးပါ။ လှေကားထောင်၍ အသီးဆွတ်ခူး ပါ။ လက်လှမ်းမမီသော အသီးများကို ခြင်းပါသော တံချုတံဖြင့် ဆွတ်ခူးပါ။
    ၃။ ဆွတ်ခူးပြီး အသီးကို အရိပ်အောက်တွင် ဝါးစင်ပေါ်တွင် အသီးညှာကို အောက်ဖက်ထားပြီး အောက်ဖက်ထားပြီး အစေးထုတ်ပါ။ သရက်စေးများစွန်းထင်ခြင်း မရှိစေရန် ဂရုပြုပါ။
    ၃။ ထုပ်ပိုးခြင်း၊ ထားသိုခြင်းများ ပြုလုပ်ရာတွင် အသီးရင့်မှည့်သည့်အဆင့် နှင့် အရွယ်အစားအလိုက် အတန်းအစားနှင့် အမျိုးအစားခွဲပါ။
    ၅။ အသီးကောင်းစွာမှည့်ရန် အသင့်တော်ဆုံးအနေအထားမှာ အပူချိန် ၂၅ (+/-)၂ ဒီဂရီစင်တီဂရိတ် နှင့် စိုထိုင်းစ ၄၀-၆၀ % ဖြစ်ပါသည်။
    ၆။ အသီးကို ကြာရှည်ထားသိုလိုလျှင် ကောင်းစွာရင့်ပြီး မမှည့်သေးသော သရက်သီးစိမ်းများကို အပူချိန် ၁၅ ဒီဂရီစင်တီဂရိတ် နှင့် စိုထိုင်းစ (၈၀-၉၀) % တွင် သိုလှောင်ထားရှိပါ။
    ၇။ အအေးခန်းတွင် သိုလှောင်ထားသော သရက်သီးများကို အမှည့်ခံရာတွင် အပူချိန် (၂၅) ဒီဂရီစင်တီဂရိတ် အထိ တဖြည်းဖြည်း မြင့်ပေးပါ။ သို့မဟုတ်ပါင သရက်သီးတွင် ရေငွေ့များ စုဖွဲ့ခြင်းဖြစ်ပေါ်ပြီး အသီးပျက်စီးမှု ပိုများနိုင်ပါသည်။ မျိုးအလိုက် (၁၄-၂၀) ရက် အထိ အထားခံပါသည်။ (၂၅) ဒီဂရီစင်တီဂရိတ်တွင် အသီးမှည့်ရန် (၃-၄) ရက်ခန့် ကြာပါသည်။
    အထွက်နှုန်း
    မျိုးပြားနှင့် သက်တမ်းပေါ်မူတည်၍ တစ်ပင်အထွက်နှုန်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
    ၅- ၁၀ နှစ်သား - ၅၀-၅၀၀ လုံး
    ၁၁-၂၀ နှစ်သား - ၅၀၀-၁၅၀၀ လုံး
    ၂၁ နှစ်သား - ၁၅၀၀ လုံး
    Source - စိုက်ပျိုးရေးဦးစီးဌာန


likes9comments0
views722