cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဆလပ်ရွက် စိုက်ပျိုးနည်း

. အိမ်တွင်းဥယျာဉ်
နိဒါန်း
ဒေသ မရွေး စိုက်ပျိုး နိုင်သည်။ ဆလပ် အမျိုးအစား လေးမျိုး ရှိ၍ မြန်မာနိုင်ငံ တွင် အထုပ်မျိုး နှင့်ရွက်ပြန့် မျိုးဟူ၍ နှစ်မျိုးအစိုက် များသည်။ ရွက်ပြန့် မျိုးကို ပိုအစိုက် များပြီး အနီရောင်၊ အစိမ်းရောင် နှစ်မျိုးရှိသည်။
  • article
  • မျိုးရွေးချယ်ခြင်း

    ရွက်နီ၊ ရွက်စိမ်း ဒေသမျိုး များကိုသာ အစိုက်များသည်။ အထုပ်မျိုး များတွင် နိုင်ငံခြား မျိုးများကို စိုက်ပျိုး ကြသည်။ တစ်ဧက မျိုးစေ့ ၁၀၀ ဂရမ်လိုအပ်ပါသည်။ မစိုက်ခင် မျိုးပေါက်မပေါက်စစ်ဆေးပြီးမှ စိုက်ပျိုးသင့်သည်။

    ပျိုးထောင်ခြင်း

    ပျိုးဘောင် ပေါ်တွင် လေးလက်မခြား မြောင်းများဆွဲ၍ မျိုးစေ့ကို ကြွက်မြီး တန်းချပါ။ အပေါ်မှသဘာ၀ မြေဆွေး ခပ်ပါးပါးအစေ့မြုပ်ရုံ အုပ်ပေးပါ။ ကောက်ရိုးကို ဘောင်ပေါ်မှ ပါးပါးအုပ်၍မိုးရွာပါက အမိုးအကာ ပြုလုပ်ထားပေးရမည်။ ဆလပ်စေ့များကို မပျိုးမီ နေပူပြပြီးမှစိုက်ပါ။ သို့မှသာ အပင်ပေါက်ကောင်းမွန်သည်။ ဆလပ်ကို တိုက်ရိုက်အစေ့ချ၍လည်းကောင်း၊ ပျိုးထောင်၍လည်းကောင်း စိုက်ပျိုးကြသည်။ ပျိုးထောင်ရာ၊ စိုက်ပျိုးရာတွင် မြေညက်သည်ထိ ထယ်ထိုးထွန်မွှေပေးရမည်။ ပေါင်းမြက်၊ အမှိုက်များကို ကောက်ယူဖယ်ရှား ပေးရပါမည်။ ထို့နောက် သဘာဝမြေဆွေးနှင့် စိုက်ပျိုးမြေဆတူရောစပ်၍ သုံးပေ အကျယ်၊ ခြောက်လက်မ အမြင့် ပျိုးဘောင်ဖော်ပါ။ ပျိုးဘောင်ပေါ်သို့ တီစူပါဓာတ်မြေသြဇာထည့်ပေးရပါမည်။

    မြေပြုပြင်ခြင်း

    ဆလပ်စိုက်ပျိုးသည့် မြေသည် မြေဆီထက်သန်ရပါမည်။ စိုက်ဘောင်ကို သုံးပေအကျယ်၊ ခြောက်လက်မ အမြင့်ဖော်၍တစ်ဘောင်နှင့်တစ်ဘောင်ကြား တစ်ပေ၊ တစ်ပေခွဲခန့်ရှိသင့်သည်။ စိုက်ဘောင်ကို မြေညက်အောင်ဆွ၍ မျက်နှာပြင်ညှိထားပေးရပါမည်။

    စိုက်ပျိုးခြင်းအပင် နှစ်ပတ်သားတွင် (၂၁း၂၁း၂၁)ကဲ့သို့ အချိုးညီ ရွက်ဖျန်းမြေသြဇာဖျန်းပြီး အထုပ်မျိုးများကို သုံးပတ်သားတွင်ရွှေ့ပြောင်း စိုက်ရပါမည်။ ရွှေ့ပြောင်းစိုက်စဉ်၊ နေပူမမိစေရန်နှင့် မိုးမမိစေရန် အရိပ်ပါမိုးထား ပေးပါ။ ရေကိုဝအောင်လောင်းပေးရပါမည်။

    အပင်အကွာအဝေးမှာ အထုပ်မျိုး ပင်ကြား၊ တန်းကြား = ၈x၈ လက်မ

    (၁ ဧက ၄၈,၀၀၀ ပင်)

    ရွက်စားမျိုး ။ = ၄x၄ လက်မ

    တစ်လသားတွင်တန်းကြားတစ်တန်းနုတ်၍ ။ = ၈x၄ လက်မ

    (၁ ဧက ၉၈,၀၀၀ ပင်)

    ရွှေ့စိုက်ပြီး နှစ်ပတ်သားမှစ၍ နိုက်ထရိုဂျင် သုည ဒသမ ၅ ရာခိုင်နှုန်း(ရေ တစ်လီတာတွင် ယူရီးယား လက်ဖက်စားဇွန်းတစ်ဇွန်း) မြေသြဇာရည် အပတ်စဉ်ဖျော်လောင်းပါ။ မြေသြဇာလောင်းပြီးပြီးချင်း၊ ရေနောက်မှ လိုက်လောင်းပေးပါ။

    မြေသြဇာကြွေးခြင်း

    တစ်ဧက အတွက် သဘာဝမြေသြဇာ (၅-၁၀)စီး၊ ယူရီးယား နှစ်အိတ်၊ တီစူပါတစ်အိတ်၊ ပိုတက်ရှ် တစ် အိတ် ထည့်ရန်လိုအပ်ပါသည်။

    အပင်ပြုစုခြင်း

    ပေါင်းကို မြေပြင် စဉ်ကပင် ကောက်ထုတ်သင့်ပါသည်။ ရွှေ့စိုက်ပြီး အပင်ငယ်စဉ်တွင် ပေါင်းနုတ်ပါက အမြစ်လှန်ပျက်စီးတတ်သည်။ အကြိမ်ကြိမ်ထယ်ထိုး ထွန်မွှေခြင်းဖြင့် မြေပြင်ချိန် တစ်လခန့်ယူ၍ စိုက်ပျိုးခြင်းသည် အကောင်းဆုံးဖြစ်သည်။ ရေအဆက်မပြတ်လိုသော သီးနှံဖြစ်သည်။ နေ့စဉ်ရေလောင်းပေးရန် လိုအပ်သည်။ လောင်းရေဖြင့် မလုံလောက်ပါက ဘောင်များကြားမှ ရေသွင်းခြင်းတစ်ပြိုင်နက်ပြုလုပ်ပါ။

    ရွက်စားကျိုင်းငယ်များ၊ ခူကောင်များဖျက်ဆီးမှုများသည်။ သက်တမ်းတိုရွက်စားသီးနှံဖြစ်၍ တမာပိုးသတ် ဆေးကို အဓိကထား၍သုံးသင့်ပါသည်။ မျိုးစေ့ကို ဟိုမိုင်းကဲ့သို့ မျိုးစေ့လူးနယ်ဆေးဖြင့် စီရင်စိုက်ခြင်းဖြင့် ရွက်ခြောက်ရောဂါကို ကာကွယ်ပါ။ အကွက်လိုက်သေပါက ပင်လုံးပြန့်မှိုသတ်ဆေးဖြင့် နှိမ်နင်းကာကွယ်ပါ။

    ခူးဆွတ်ခြင်း

    ရွက်စားဆလပ်ကို တစ်လသားတွင် စတင်နုတ်ယူရောင်းချနိုင်သည်။ ဆလပ်ထုပ်ကို လက်နှင့် နှိပ်ကြည့်၍ ဈေးကွက်ဝင်သော အရွယ်တွင် စတင်နုတ်ယူနိုင်သည်။ အထုပ်ကို မျိုးအလိုက်(၆၀-၇၀)ရက်တွင် နုတ်ယူ နိုင်သည်။ ထိုထက်အသက်ငယ်သော မျိုးများရှိသည်။

    မျိုးစေ့ထုတ်ယူခြင်း

    မျိုးစေ့ထုတ်စိုက်ခင်း၏ဘောင်ကို သီးခြားထားရပါမည်။ ပိုးမွှားရောဂါများကို ကာကွယ်ထားပါ။ တစ်ပင် နှင့်တစ်ပင် တစ်ပေ ခြားထား၍ ပိုတက်ရှ်မြေသြဇာကို စိုက်ခင်းထက် နှစ်အိတ်ခန့် ပိုထည့်ပေးပါ။ ပန်းစပွင့်ချိန် တွင် အစိုဓာတ်မပြတ်အောင်ဂရုစိုက်ပြီး အစေ့တည်ချိန် ရေလိုပါက ရေသွင်းရမည်။ ပန်းဖြိုင်ဖြိုင်ပွင့်ပြီး ၄၅ ရက်ခန့်တွင် အစေ့များ အညိုရောင်ပြောင်းလျှင် အစေ့များရင့်မှည့်ပြီဖြစ်သဖြင့် အပင်လိုက်ခုတ်၍ နေလှန်းပါ။

    ခြောက်သောအခါ ဖျာပေါ်တွင် အဝတ်သန့်သန့်ခင်း၍ အသီးတောင့်များတင်ပြီး လက်၊ခြေနှင့် ဖြေးဖြေးနင်း ပါ။ အဖျင်းအမှော်နှင့် အစေ့သီးခြားဖယ်ထုတ်ပြီး အေး၍ ခြောက်သွေ့သောနေရာတွင် လေလုံအောင်ပိတ်၍ သိုလှောင်ထားရပါမည်။

    ကျမ်းကိုး- ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း လမ်းညွှန် (စားနပ်ရိက္ခာဖူလုံမှုပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)


likes4comments0
views182