cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငရုတ်ပွ စီးပွားဖြစ်စိုက်ပျိုးနည်း

. စိုက်ပျိုးနည်းစနစ်များ
ငရုတ်ပွ စီးပွားဖြစ်စိုက်ပျိုးနည်း
  • article
  • အနီ၊ အဝါရောင်၊ လိမ္မော်၊ အညိုရောင် စတဲ့ အရောင်စုံလင်သည့် ငရုပ်ပွမျိုးများက စိုက်ပျိုးရန် ကုန်ကျစရိတ်များပြီး ရင့်မှည့်ချိန်ရောာ်ရန် အချိန် အတော်ကြာစောင့်ရသည်။


    မြေအမျိုးအစား
    မြေသြဇာကြွယ်ပြီးရေမဝပ်သောမြေမျိုး၊သဲနုန်း၊နုန်းမြေပွမျိုးသည်အကောင်းဆုံးဖြစ်သည်။မြေစေးအသင့်အတင့်ပါသောမြေတွင်လည်းစိုက်ပျိုးနိူင်သည်။ သို့သော် ရေမဝပ်စေရန် ရေထုတ်မြောင်းများ ပြုလုပ်စိုက်ရမည်။ သဲမြေတွင် စိုက်ပါက သဘာဝမြေသြဇာ လုံလောက်စွာ ထည့်ပြီးမှစိုက်ရမည်။ မြေသားပါးပြီး အောက်ခံ သဲကြပ်သော မြေတွင် စိုက်ပျိုးရန်မသင့်။ မြေသားထုနက်ပြီးကျောက်စရစ်ကင်းစင်ရန်အထူးလိုအပ်သည်။ အသင့်တော်ဆုံးpHမှာ(၅.၅ မှ ၇.ဝ)ရှိသောမြေဖြစ်သည်။


    ပျိုးထောင်ခြင်း
    ပျိုးဘောင်ကိုအကျယ်(၃)ပေ၊အမြင့်(၆)လက်မ၊အရှည်(၃၀)ပေဘောင်များပြုလုပ်ကာနွားချေး၊မြေဆွေးတို့ထည့်ကာဘောင်မျက်နှာပြင်ညီအောင်ညှိ၍မျိုးစေ့ကိုပြာ၊သဲတို့ဖြင့်ရောကာညီညာစွာခပ်ပါးပါးကြဲပေးခြင်း၊မျိုးစေ့များခိုင်မာစွာစွဲကပ်စေရန်လက်(သို့)ပျဉ်ပြားဖြင့်ဖိပေးခြင်း၊ကောက်ရိုးပါးပါးအုပ်၍ရေလောင်းခြင်းနည်းကိုသော်လည်းကောင်း၊မျိုးဘောင်ပေါ်တွင်ကန့်လန့်ဖြတ်(၃)လက်မခြားမြောင်းများဖော်၍အစေ့များကိုအတန်းလိုက်ချခြင်းနည်းဖြင့်သော်လည်းကောင်းပျိုးထောင်နိူင်သည်။ တစ်ဧကအတွက်မျိုးစေ့(၅၀-၇၀)ဂရမ်လိုအပ်ပါသည်။ (၇)ရက်မှ(၁၀)အတွင်းအပင်ပေါက်စုံပါက ကောက်ရိုးဖယ်၍ နံနက်တစ်ကြိမ် ၊ညနေတစ်ကြိမ် ရေလောင်းပေးရမည်။ မိုးများသောဒေသ(သို့) မိုးများသော အချိန်ပျိုးထောင်ပါက အရိပ်လုပ်ပေးရမည်။ ပျိုးပင်များ(၂၅-၃၅ )ရက်အတွင်း ရွေ့ပြောင်း စိုက်ပျိုးနိူင်သည်။


    စိုက်ခင်းမြေပြုပြင်ခြင်း
    မြေတစ်ဧကနွားချေးလှည်း(၂၀)စီးခန့်ထည့်သည်။ထယ်ရေး၊ထွန်ရေးကောင်းမွန်ရမည်။
    ပင်ကြား(၁)ပေခွဲ၊ တန်းကြား(၃)ပေထား၍ စိုက်ပျိုးနိုင်သည်။


    ရာသီဥတု
    မိုးရေချိန်(၂၅ မှ ၅၀)လက်မရွာသောဒေသများတွင်စိုက်ပျိုးရန်ကောင်းမွန်သည်။ မိုးသိပ်များကအသီးပုပ်နိူင်သည်။ မိုးများသောဒေသများတွင် မိုးနည်းကာလ စိုက်လေ့ရှိသည်။ အပူပိုင်းနှင့်အပူသမပိုင်းသီနှံဖြစ်သည်။ နှင်းဒဏ်မခံနိူင်ပါ။ အပူချိန် ( ၅ ̊C မှ ၁၅ ̊C ) အတွင်း ကောင်းစွာ မဖြစ်ထွန်းနိုင်ပါ။ ငရုပ်ပွ စိုက်ပျိုးရန် အတွက် အကောင်းဆုံး အပူချိန်ကတော့ ၂၀̊C မှ ၂၅ ̊C အတွင်း ဖြစ်သည်။
    ငရုပ်ပွ ပန်းပွင့်ချိန်မှာ အပူချိန် ၃၃ ̊C ကျော်ခဲ့ရင်တော့ အပွင့်ကန်းပီး အထွက်နှုန်းကို ထိခိုက်နိုင်ပါသည်။


    အပင်ပြုစုစောင့်ရှောက်ခြင်း
    ရွေ့ပြောင်းစိုက်ပျိုးပြီး(၃-၄)ရက်ကြာကအပင်စတင်လန်းလာပါမည်။(၁၀-၁၂)ရက်ကြာကပေါင်းနှိမ်ခြင်း၊ရေသွင်းခြင်းစတင်နိူင်ပါသည်။ ကြားပေါင်းလိုက်ခြင်း၊မြေတောင်မြှောက်ခြင်း၊မြေသြဇာကျွေးခြင်းကို(၂)ပတ်တစ်ကြိမ်ခန့်ပြုလုပ်ပေးနိူင်သည်။


    မြေသြဇာ
    ငရုပ် စိုက်ပျိုးရန် တစ်ဧကနွားချေးလှည်းအစီး (၁၀-၂၀)စီး ထည့်ပေး နိူင်သည်။ဓာတ်မြေသြဇာအဖြစ်ယူရီးယား(ပုလဲ)၁-အိတ်၊တီစူပါ(၁)အိတ၊်ပိုတတ်ရှ်(၁)အိတ်နူန်းကိုမြေပြုပြင်စဉ်တွင်ထည့်၍အပင်ကြီးထွားစဉ်အဆင့်တွင်ယူရီးယား(၂)အိတ်ကိုထပ်မံကျွေးရပါမည်။နှမ်းဖတ်ကိုတစ်ဧကလျှင်(ဝ.၅)တန်နူန်းကိုငရုတ်ပင်ပတ်လည်တွင်ထည့်ပေးနိူင်ပါသည်။ ကယ်ဆီယမ် ချို့တဲ့မှုကို မခံနိုင်ပါ။
    ကယ်ဆီယမ်ချို့တဲ့သော မြေများတွင် ငရုပ်ပွ အသီးထိပ်ပိုင်းတွေမှာ အမည်းရောင် ချိုင့်ကွက် လက္ခဏာတွေကို တွေ့ရတက်သည်။ ထို့အပြင် အခြားသော ဇင့်၊ မန်းဂနိစ်၊ အိုင်းရွန်း၊ ဘိုရွန် စသော အနည်းလို အာဟာရဓါတ်များကို ချို့တဲ့လွယ်တာကြောင့် သီးပွင့်ဝင်ချိန်မှာ ရွက်ဖျန်းအားဆေး ဖျန်းပေးပါ။
    ရိတ်သိမ်းခြင်း နှင့် အထွက်
    ငရုပ်ပွများသည် မျိုးအပေါ် မူတည်၍ ရက် ၉၀ မှ ၁၀၀ အတွင်း ခူးဆွတ်နိုင်သည်။ မိမိ အသုံးပြု သည့် မျိုး၊ သွင်းအားစု အပေါ် မူတည်၍ တစ်ဧကလျှင် အသီးနှုန်း တစ်သောင်း ခန့် ( ၃၀၀ မှ ၄၀၀ ပိသာ) ရနိုင်သည်။


     အင်္ဂလိပ်အမည် - Bell pepper Sweet pepper
    ရုက္ခဗေဒအမည်-Capsicum annum
    မျိုးရင်းအမည် -Solanaceae
    မူရင်းဒေသ
    တောင်အမေရိကတိုက်၊အမေရိကအလယ်ပိုင်းနှင့်အပူပိုင်းဒေသများဟုယူဆရသည်။ဘရာဇီးနှင့်အနီးတဝိုက်ရှိကျွန်းများ၊အနောက်အိန္ဒိယကျွန်းစုတို့အားလည်းမူရင်းဒေသအဖြစ်အချို့ကယူဆသည်။
    တောင် အာဖရိကမှာ အများဆုံး စိုက်ပျိုးထုတ်လုပ်ကြပါတယ်။ 


    Sources-https://harvesttotable.com/Garden Paths


     


likes2comments0
views1